အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ခရမ်းသီးကို ကြော်စား နှပ်စား ချဉ်ရည်ဟင်းထဲ ထည့်ချက်စား စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားကြရာမှာ ခရမ်းသီးကို အခွံနွှာပြီး စားကြတာမျိုး ရှိသလို အခွံမနွှာဘဲ အခွံကိုပါ ထည့်ချက်စားကြတာမျိုးလည်း ရှိကြပါတယ်။ ဒီလို စားတဲ့အခါ အခွံကို စားပေးရင် ဘာတွေ ဖြစ်နိုင်မလဲ! ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား! ဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။  ခရမ်းသီးခွံကို စားလို့ရလား! ခရမ်းသီးခွံကို စားလို့ရလား! ဆိုတော့ အားလုံးလည်း သိထားပြီးတဲ့အတိုင်း စားလို့ ရပါတယ်။ ခရမ်းသီးခွံကလည်း အာဟာရ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ခရမ်းသီးခွံမှာ အဆီဓာတ်၊ ကစီဓာတ်နဲ့ ဆိုဒီယမ် ပါဝင်မှု ကင်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် B6၊ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

နာနတ်ပင်ရဲ့ အရွက် ဆေးဖက်ဝင်သလား။

နာနတ်လို့ မြင်လိုက်ရင် အသီးကိုပဲ စားလို့ရတာ၊ အခွံဆိုလည်း သေချာ သင်မှ အသီးအပေါ်က အပင်ဆို ပြန်စိုက်ရုံကလွဲလို့ ဘာမှ အသုံးမဝင်ဘူးလို့ ယူဆကြတာက ခပ်များများပါ။ ဒီအယူအဆက တကယ်ပဲ မှန်ရဲ့လား။ နာနတ်ပင်ရဲ့ အရွက် တွေက ပြန်သုံးလို့ မရဘူးလား။ သုံးလို့ရတယ်ဆိုရင်ရော ဘယ်လိုများ သုံးလို့ရတာလဲ။ ဆေးဖက်ရောဝင်လားဆိုပြီး သိချင်နေပြီလား။ ဒီအဖြေကို တိတိကျကျလေး သိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နာနတ်ပင်ရဲ့ အရွက် ဆိုတာ နာနတ်ပင်ရဲ့ အရွက် ဆိုတာ နာနတ်သီး အပေါ်က အစိမ်းရင့်ရောင် ဆူးချွန်ပုံစံ အရွက်ရှည်ရှည်တွေပါ။ မာကျောကျော ရှိပြီး အခန့်မသင့်ရင် လက်တောင် ရှနိုင်ပါတယ်။ အရွက်လို့ ခေါ်သလို နာနတ်ပင်လို့လည်း ခေါ်ပါတယ်။ နာနတ်ပင်ရဲ့ အရွက်က စားလို့ ရလား။ နာနတ်ပင်ရဲ့ အရွက်က အခြား အရွက်တွေလိုပဲ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မျက်ထောင့်ပင် ကျန်းမာရေးအတွက် ကောင်းသလား။

အရွက် ဝိုင်းဝိုင်းထူထူလေးနဲ့ ရိုးတံ စိမ်းစိမ်းလေးရော နီနီလေးပါရှိတဲ့ မြေလျှောက်ပင်လေးတစ်မျိုးဖြစ်တဲ့ မျက်ထောင့်ပင် က ငရုတ်သီးစပ်စပ်လေးနဲ့ မန်ကျည်းသီးလေး ထည့်ပြီး ချက်စားရင် အတော်လေး စားကောင်းပါတယ်။ ထမင်းပူပူလေးနဲ့ တွဲစားရင် အတော်လေးကို ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါ။ ဒီလို ထမင်းမြိန်စေတဲ့ မျက်ထောင့်ပင်က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ မျက်ထောင့်ပင် ဆိုတာ မျက်ထောင့်ပင် ဆိုတာက ကန်သင်းရိုးတွေ၊ မြေကွက်လပ်တွေမှာ ပေါက်တတ်တဲ့ မြေလျှောက်ပင် တစ်မျိုးပါ။ အရိုးတံက အစိမ်းရောင် ရှိသလို အနီရောင်လည်း ရှိပါတယ်။ အရွက်လေးတွေက ခပ်သေးသေးနဲ့ ထူထူလေးတွေပါ။ အပွင့် ဝါဝါလေးတွေလည်း ပွင့်တတ်ပါတယ်။ အရိုးပွပွလေးပါ။ ကြွပ်ဆတ်ဆတ်လေးပါ။ အရသာက နည်းနည်း ခါးသက်သက် ရှိပါတယ်။ တစ်ပင်လုံး စားလို့ရပြီး ဆေးဖက်ဝင်ပါတယ်။ အစိမ်းမစားပါနဲ့။ ရေနွေးထဲ ထည့်ပြုတ်သောက်တာမျိုး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာ မြူရွက်လေး က ဆေးဖက်ဝင်သလား။

မြူရွက် ဆောင်းရောက်လို့ မြူဆိုင်းဆိုင်းကာလလေးတွေမှာ စားရတဲ့ ရာသီစာလေး တစ်ခုပါ။ မြူရွက်လေး ကို ကြက်သွန်ဖြူလေး ခပ်ဆတ်ဆတ် ထုထားတာလေး၊ ပုစွန်ခြောက်လေး၊ ကြက်သွန်နီလေးကို ဆီနည်းနည်းနဲ့ ဆီသတ်ပြီး ကြော်ချက်လေး ချက်စားရင်လည်း ကောင်းသလို ပြုတ်တို့စားတာလည်း ကောင်းပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ မြူရွက်ကို အစားအများဆုံးနဲ့ စားလို့ အကောင်းဆုံး နည်းလမ်းက သုပ်စားတာပါ။ မြူရွက်လေး ကို ရေနွေးဖျောပြီး ရေစင်အောင်ညှစ်၊ သံပုရာရည်နိုင်နိုင်လေးနဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ပုစွန်ခြောက်ထောင်း၊ မြေပဲထောင်းပြီး ဆီချက်လေး ဒါမှမဟုတ် ဆီစိမ်းလေးနဲ့ သုပ်စားတာက အတော် စားကောင်းတဲ့ ခံတွင်းမြိန် ဆေးဖက်ဝင် ဟင်းတစ်ခွက်ပါ။ ဆောင်းရောက်လာမှ နှင်းရည်သောက်ပြီး ပေါက်ရောက်လာတဲ့ မြူရွက်လေးက စားလို့ကောင်းရုံတင်ပဲလား။ ဆေးဖက်ရော ဝင်လားဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား ..... ဒါဆိုရင်တော့ ဆောင်းပါးလေး […]


အာဟာရဆိုင်ရာ အချက်အလက်များ

မိုးကျလက်ဖက်သုပ်လေး စားကြမယ်

မိုးဦးကျမှာ အလေ့ကျပေါက်လာလေ့ရှိတဲ့ ဒန့်ကျွဲရွက်လေးကို သုပ်စားတာ၊ တို့စားတာက မိုးရာသီရဲ့ ခံတွင်းတွေ့စရာ ရာသီစာလေး တစ်မျိုးပါ။ မိုးကျလက်ဖက်သုပ်လေး ဆိုပြီး မြေပဲလေး၊ ပုစွန်ခြောက်လေးထောင်း၊ ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်းလေးကို ဆီချက်မွှေးမွှေးလေးနဲ့ သံပုရာရည်နိုင်နိုင်လေးထည့်ပြီး သုပ်စားမယ်ဆိုရင် အရမ်းစားကောင်းတဲ့ ရာသီစာလေးပါ။ ၁၉၉၀ ခုနှစ်ပိုင်းတွေတုန်းကဆိုရင် တောင်းလေးတွေ ခေါင်းပေါ်ရွက်ရင်း မိုးကျလက်ဖက်သုပ်လေး စားကြဦးမလားဆိုပြီး ရောင်းတာမျိုးတောင် ရှိခဲ့ဖူးပါတယ်။ မိုးကျလက်ဖက်သုပ် ချဉ်ငန်စပ်လေးကို ရေနွေးပူပူလေးနဲ့ တွဲစားလိုက်ရတဲ့ အရသာက မိုးအေးအေးမှာ အတော်လေး ပြည့်စုံတဲ့အရသာပါ။ ဒီလို စားကောင်းတဲ့ မိုးကျလက်ဖက်သုပ်လေး သုပ်စားတဲ့ ဒန့်ကျွဲရွက်က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဒန့်ကျွဲရွက်ဆိုတာ ဒန့်ကျွဲရွက် ဆိုတာ အလေ့ကျပေါက်လေ့ရှိတဲ့ အပင်ငယ်လေး တစ်မျိုးပါ။ အရွက်လေးတွေက အစုံလိုက် ထွက်တတ်ပြီး ရိုးတံကလည်း အစိမ်းရောင် ခပ်ပျော့ပျော့လေးပါ။ ရိုးတံတစ်ခုမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နေကြာပျားရည် ကျန်းမာရေးအတွက် ကောင်းစေသလား။

နေကြာပျားရည် ဆိုလို့ ထူးဆန်းသွားလား။ မထူးဆန်းပါနဲ့။ သဘာဝစစ်စစ် နေကြာပျားရည် က ပုံမှန် သောက်နေကျ ပျားရည်တွေလိုပဲ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ နေကြာပျားရည်က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို သေသေချာချာလေး သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ နေကြာပျားရည် ဆိုတာ နေကြာပျားရည် ဆိုတာ နေကြာဝတ်မှုန်ကို စားထားတဲ့ ပျားလေးတွေဆီကနေ ရတဲ့ ပျားရည်ပါ။ နေကြာဆီက ကျန်းမာရေးအတွက် ကောင်းစေသလို ပျားရည်ကလည်း ကျန်းမာရေး အကျိုးထူးတွေ ရှိတာကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူပြုမယ်ဆိုတာကတော့ အသေအချာပါ။ အရောင်က အဝါရောင် ရင့်ရင့်လေးကနေ လိမ္မော်ရောင်အထိ ဖြစ်နိုင်ပါတယ်။ အမိုင်နိုအက်ဆစ် အပါအဝင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ နေကြာပျားရည်ကနေ ရနိုင်တဲ့ အာဟာရတွေက ဘာတွေများလဲ။ နေကြာပျားရည်ကနေ အခုလို အာဟာရတွေ ရရှိနိုင်ပါတယ်။ အမိုင်နိုအက်ဆစ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငါးရံ့ပတူရွက် ကျန်းမာရေးအတွက် ကောင်းသလား။

ဒီအရွက်လေးကို လူကြီးတွေကတော့ ရင်းရင်းနှီးနှီး သိနိုင်ပေမယ့် လူငယ်တွေထဲမှာတော့ သိသူက ခပ်ရှားရှား ဖြစ်နိုင်ပါတယ်။ ဒီအရွက်လေးက ဆေးဖက်ဝင်လား။ ဘယ်လို စားသုံးလို့ရလဲ။ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးနိုင်လဲဆိုတာကို သိချင်နေပြီလား ....... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ငါးရံ့ပတူရွက် ဆိုတာ ငါးရံ့ပတူရွက် ဆိုတာ ငါးရံ့ပတူပင်ရဲ့ အရွက်ပါ။ အလေ့ကျပေါက်လေ့ရှိပြီး အပင်ပုမျိုး တစ်မျိုးပါ။ ပင်စည်မှာ အရွက် ရှည်မြောမြောလေးတွေ ကပ်ပြီး ပေါက်တတ်ပါတယ်။ အရွက်ကို စားလို့ရသလို ပင်စည်နဲ့ အမြစ်ကလည်း ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုတွေ စားသုံးလို့ ရလဲ။ ဘယ်လိုတွေ စားသုံးလို့ ရလဲဆိုတော့ အရွက်ကို ရေနွေးဖျောပြီး တို့စားလို့ ရသလို၊ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲ၊ ပုစွန်ခြောက် ထောင်းတွေနဲ့ သုပ်စားလို့လည်း ရပါတယ်။ ချဉ်ရည် ချက်စားလို့လည်း ရပါတယ်။ ဘယ်လို အာဟာရတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်ကာဒေးမီးယားစေ့က ကျန်းမာစေသလား။

ဟုတ်ပါတယ်။ မက်ကာဒေးမီးယားစေ့က ကျန်းမာစေပါတယ်။ အခွံမာမာလေးနဲ့ အတွင်းမှာ အဖြူဆံလေးပါတဲ့ မက်ကာဒေးမီးယားစေ့က စားရတာ ချိုဆိမ့်ဆိမ့်လေးနဲ့ တော်တော်ကို အရသာရှိတာပါ။ ချောကလက်တွေထဲမှာ ပါလေ့ရှိသလို ဒီအတိုင်းစားလို့လည်းရပါတယ်။ နို့ထဲမှာ ရောကြိတ်ပြီး သောက်ပေးလို့ ရသလို နို့နဲ့ ဒီအတိုင်း စိမ်ပြီး သောက်ပေးလို့လည်း ရပါတယ်။ အခွံလေးက လှော်ထားတာကြောင့် ချောကလက်လေးလို အညိုရောင်သန်းသန်းလေးပါ။ မလှော်ခင်မှာတော့ အခွံလေးက စိမ်းစိမ်းလေးပါ။ အတွင်းဆံလေးကတော့ အဖြူရောင်လေးပါပဲ။ မက်ကာဒေးမီးယားကို မီးပြင်းပြင်းနဲ့ လှော်လိုက်တဲ့အခါ အာဟာရဓာတ် လျှော့သွားတတ်တာကြောင့် မီးကို ခပ်အေးအေးနဲ့ လှော်တာ အကောင်းဆုံးပါ။ ဒါမှလည်း အာဟာရကြွယ်ဝလွန်းတဲ့ မက်ကာဒေးမီဒယားစေ့ရဲ့ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။ မက်ကာဒေးမီးယားမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲ။ စားလိုက်ရင် ချိုစိမ့်စိမ့်နဲ့ အရသာရှိလှတဲ့ မက်ကာဒေးမီးယားစေ့လေးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ ပရိုတင်း ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုန်လာဥဖြူရဲ့ အရွက် ဆေးဖက်ဝင်လား ......

မုန်လာဥ ချဉ်ရည်လို့ ဆိုလိုက်ရင် အရွက်တွေကို မထည့်ဘဲ မုန်လာဥဖြူကိုပဲ ချက်ဖြစ်တာ များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူ အရွက်က ချဉ်ဟင်းထဲ ထည့်ချက်လို့ ရပေမယ့် အရွက်က ဝါသွားတာ၊ မလတ်ဆတ်တာတွေကြောင့် ထည့်မချက် ဖြစ်တာလည်း များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူရဲ့ အရွက် က စားလို့ရသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒီတစ်ခေါက်တော့ မုန်လာဥဖြူရဲ့ အရွက်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မုန်လာဥဖြူရဲ့ အရွက် ဆိုတာ မုန်လာရွက်ဆိုတာက မုန်လာဥဖြူရဲ့ အထက်ပိုင်းမှာပါတဲ့ အရွက်ကို ဆိုလိုတာပါ။ နာမည်အတိုင်း မုန်လာဥက ဖြူဖြူလေး ဖြစ်ပြီး အရွက်ကတော့ အစိမ်းရောင်လေးပါ။ ဒီအရွက်ကို ကြက်စွပ်ပြုတ်တွေထဲ ထည့်သောက်တာ၊ အချဉ်စိမ်တာတွေ လုပ်လေ့ရှိသလို ချဉ်ဟင်းထဲလည်း ထည့်ချက်စားလို့ ရပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီး သေးသေးလေး ကြိုက်ကြလား။

ပန်းသီး သေးသေးလေး တွေကို စားဖူးကြလား။ အဝါရောင် ဖျော့ဖျော့လေး အနီရဲရဲလေးနဲ့ အရောင်အသွေးက လှသလို ပုံမှန် ပန်းသီးထက် ဆိုဒ်သေးနေတာလေးက ချစ်စရာ ကောင်းလှပါတယ်။ ဒီလို ချစ်စရာ ကောင်းတဲ့ ပန်းသီး သေးသေးလေးတွေက အမြင်မှာ ချစ်စရာကောင်းသလို အရသာလည်း ကောင်းပါတယ်။ ဒါတင်မကသေးတာက ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တာပါ။ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ပန်းသီး သေးသေးလေးတွေ (Crab Apple) ဆိုတာ ပန်းသီးသေးသေးလေးတွေဆိုတာက ပန်းသီး မျိုးရင်းဝင် တစ်မျိုးပါ။ သဘာဝအတိုင်း ပေါက်ရောက်တတ်တဲ့ ပန်းသီး တစ်မျိုးပါ။ ပန်းသီးနဲ့ ပုံစံတူပေမယ့် အရွယ်အစားကတော့ သေးငယ်ပါတယ်။ အချိုမကဲဘဲ အချဉ်ဘက်ကို နည်းနည်းလုတဲ့ အရသာ ရှိပါတယ်။ အပင်ကြီးပင်ဖြစ်ပြီး အသီးလေးတွေကတော့ အခိုင်လိုက် သီးတတ်ပါတယ်။ အရွယ်က အကြီးဆုံး အနေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရေဘဝဲ စားတာ ကျန်းမာစေသလား .......

ပင်လယ်စာတွေ စားတဲ့အခါ ရေဘဝဲကို အကြိုက်ဆုံးလား။ ရေဘဝဲ စပ်စပ်လေး ချက်ပြီး ထမင်းဖြူ ပူပူလေးနဲ့ တွဲစားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီလို စားရတာတင် မဟုတ်ဘဲ ရေဘဝဲသုပ်၊ ရေဘဝဲကြော်၊ ရေဘဝဲကင်၊ ရေဘဝဲလုံးကြော် အားလုံးကို ကြိုက်တာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။ ရေဘဝဲ စားတာ ကျန်းမာစေသလား ....... ရေဘဝဲ ဆိုတာက ပင်လယ်ထဲက သတ္တဝါ တစ်မျိုးပါ။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ပရိုတင်း ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ဒါတွေတင် မဟုတ်ဘဲ ရေဘဝဲမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ရေဘဝဲက ကျန်းမာစေသလားဆိုရင် ကျန်းမာစေတယ်လို့ပဲ ပြောပါရစေ။ ရေဘဝဲကနေ ရနိုင်မယ့် အာဟာရဓာတ်တွေက ဘာတွေဖြစ်မလဲ ....... ရေဘဝဲကနေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)