ကတွတ်ယို စားပေးတာက ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ် ပြည့်ဝစေပြီး အရိုးသိပ်သည်းဆ လျော့ကျတာကို သက်သာစေနိုင်သလို အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။
အရိုးတွေကို သန်မာစေပြီး အရိုးကျိုးလွယ်တာကို ကာကွယ်ပေးပါတယ်။ အရိုးအက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံစေနိုင်ပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
အဆီကျစေပြီး ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ် ကြွက်သားတက်အောင် လေ့ကျင့်နေသူတွေလည်း စားပေးလို့ ရပါတယ်။
ဆံသား၊ အရေပြား နဲ့ လက်သည်ခြေသည်းလေးတွေ ကျန်းမာသန်စွမ်းစေဖို့လည်း ကတွတ်ယို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုနဲ့ ဗီတာမင် C ပါဝင်မှုက အသားအရေကို ကျန်းမာစေပြီး ဆံသားကို သန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ ကော်လာဂျင် ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး ခြေသည်းလက်သည်းတွေ ကျိုးပဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ကတွတ်ယိုရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် မှတ်ဉာဏ်တိုးတက်စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် မှတ်မိနိုင်စွမ်းကျတာကို ကာကွယ်ပေးပါတယ်။ အာရုံကြောတွေကို ကျန်းမာစေပြီး အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို အသက်အရွယ်ကြောင့် မှတ်မိနိုင်စွမ်း ကျလာတာကို သက်သာစေနိုင်ပါတယ်။
ကတွတ်ယို အထူးသဖြင့် အချိုလျှော့နိုင်သမျှ လျှော့ပြီး ထိုးထားတဲ့ ကတွတ်ယိုလေး စားသုံးပေးတာက ဆီးချို ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ကတွတ်ယိုမှာ ဗီတာမင် E၊ sterols၊ coumarins၊ tannins နဲ့ အခြားသော bioactive compoundsတွေ ပါဝင်နေတာကြောင့် ဆီးချို ကာကွယ်ပေးနိုင်ပါတယ်။
အမျှင်ဓာတ် ပါဝင်နေမှုက အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကဲ ….. ငယ်ငယ်က နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တဲ့ ကတွတ်ယိုလေး က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။