Jalapeñosက သဘာဝ အကိုက်အခဲ ပျောက်ဆေး တစ်မျိုးပါ။ ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။
သွေးပေါင်ချိန် မြင့်တာ၊ သွေးတွင်းကိုလက်စထရောများတာ၊ ဆီးချိုရောဂါတွေက နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းပါ။ Jalapeñosမှာ ဖလေဗာနွိုက်၊ ဗီတာမင် C၊ ဗီတာမင် A နဲ့ capsaicin တို့ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်သလို အခြား ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။
Jalapeños က လည်ချောင်းနာတာ၊ သွားပိုးစားတာတွေကို သက်သာစေနိုင်သလို ကာကွယ်မှုလည်း ပေးနိုင်ပါတယ်။ အကြောင်းကတော့ Jalapeños မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိနေလို့ပါ။ အရောင်ကျစေနိုင်တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်ပါတယ်။
ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ဖျားနာတာတွေ နာမကျန်း ဖြစ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Jalapeñosမှာ အမြင်အာရုံအတွက် အကောင်းဆုံး ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ အမြင်အာရုံ ကောင်းစေပြီး ကြက်မျက်သင့်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ မခံစားရစေဖို့ ကာကွယ်ပေးပါတယ်။
ကဲ ….. အကြိုက်ဆုံး ငရုတ်သီး အမျိုးအစားက Jalapeñosဆိုရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်မှာပါ။
ဘယ်သူတွေ မစားသင့်ဘူးလဲ။
Jalapeñosက ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့်
- အရမ်းငယ်လွန်းတဲ့ ကလေးတွေ
- ဘိုးဘိုးဘွားဘွားတွေ
- ရောဂါအခံ ရှိသူတွေ
- ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။