backup og meta

ရှောက်သီးသုပ် ချဉ်ငန်စပ်လေး ကြိုက်ကြလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရှောက်သီးသုပ် ချဉ်ငန်စပ်လေး ကြိုက်ကြလား။

    နာမည်ကြားရုံနဲ့တင် သွားရည်ယိုစရာကောင်းတဲ့ ရှောက်သီးသုပ် လေးကို ထမင်းဖြူလေး ဟင်းခါးပူပူလေးနဲ့ ရာသီဥတု အေးအေးလေးမှာ စားရတာက အတော်လေးနှစ်ခြိုက်စရာ ကောင်းပါတယ်။ ရှောက်သီးကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငပိမီးကင်လေး၊ ပုစွန်ခြောက်၊ မြေပဲထောင်းလေး၊ ငရုတ်သီး အလှော်မှုန့်လေးထည့်ပြီး ဆီချက်နိုင်နိုင်လေးနဲ့ သုပ်စားတာက အတော်လေး ထမင်းမြိန်စေနိုင်ပါတယ်။

    ရှောက်သီးကို သုပ်စားကြသလို၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲစတဲ့ စားစရာတွေထဲလည်း ထည့်စားကြပါတယ်။ ရှောက်သီးကို ငပိချက် ချက်စားလို့လည်း ရပါတယ်။ ဒီလို စားလို့ ကောင်းတဲ့ ရှောက်သီးလေးက ကျန်းမာရေးကို အထောက်အကူပြုလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ရှောက်သီးကပေးတဲ့ အာဟာရဓာတ်တွေ

    အချဉ်အရသာရှိတဲ့ ရှောက်သီးလေးမှာ

    ဒါတွေအပြင် ထည့်တတ်တဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ မြေပဲ စတာတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေလည်း ရဦးမှာဖြစ်ပါတယ်။

    ရှောက်သီးသုပ် ချဉ်ငန်စပ်လေး ကြိုက်ကြလား။

    ရှောက်သီးသုပ် ချဉ်ငန်စပ်လေး ကြိုက်ကြလား။

    စားလိုက်ရင် အရသာရှိသလို ရနံ့လေးကလည်း စိတ်ကြည်လင်စေတဲ့ ရှောက်သီးလေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

    ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များပြားတာက ဆဲလ်တွေကို ပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

    ရှောက်သီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုတင် ကာကွယ်ပေးတာမဟုတ်ဘဲ နာတာရှည်ရောဂါတွေ မဖြစ်အောင်ပါ ကာကွယ်ပေးမှာပါ။

    ကိုယ်ခံအား ကောင်းစေနိုင်တယ်

    ရှောက်သီးမှာ ဗီတာမင် C ကြွယ်ဝတာ​ကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က သွေးဖြူဥဆဲလ် ထွက်ရှိမှုကို တိုးစေဖို့ ကူညီပေးပြီး ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

    ဗီတာမင် C က အနာကျက်မြန်စေသလို ရောင်ရမ်းမှုကို သက်သာစေပြီး ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်စေသလို ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

    အရေပြား ကျန်းမာစေနိုင်တယ်

    ရှောက်သီးက အသားအရေကို ကျန်းမာလှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါတယ်။ ဗီတာမင် C ပါဝင်မှုက ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ အရေးအကြောင်းဖြစ်တာကို လျော့ပါးစေပြီး အသားအရေခြောက်သွေ့မှုကင်းပြီး အရေပြားပြဿနာ ကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

    နှလုံးရောဂါ ကာကွယ်ပေးတယ်

    နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုအမြင့်ဆုံးရောဂါတစ်ခုပါ။ ဒီပြဿနာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ ရှောက်သီးကို စားပေးလို့ရပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ ရှောက်သီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတယ်

    ရှောက်သီးက ကျောက်ကပ် ​ကျောက်ကပ်မတည်အောင် ကာကွယ်ပေးပါတယ်။ ရှောက်သီးမှာပါတဲ့ citric acid က ကျောက်ကပ် ကျောက်မတည်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

    သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးတယ်

    သံဓာတ်က သွေးနီဥဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးသလို ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့တာကို အားဖြည့်ပေးပါတယ်။ ကိုယ်တွင်းမှာ သံဓာတ်နည်းမယ်ဆိုရင် ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်သလို ဆံသား နဲ့ အသားအရေတွေ ခြောက်သွေ့ပါတယ်။

    ဗီတာမင် C ကတော့ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှုကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကင်ဆာအချို့ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

    ကင်ဆာရောဂါကို ကာကွယ်ချင်တယ်ဆိုရင် ရှောက်သီး လိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ လေ့လာမှုတွေအရ ရှောက်သီးက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို၊ ကင်ဆာဆဲလ်တွေ ကြီးထွားမလာအောင် ဟန့်တားပေးနိုင်ပါတယ်။

    လေ့လာမှုအရ ရှောက်သီးက အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ ရင်သားကင်ဆာ တို့ကို ကာကွယ်ပေးနိုင်တယ်၊ လို့တွေ့ရှိ ခဲ့ရပါတယ်။

    ဘယ်လိုလူတွေ မစားသင့်ဘူးလဲ။

    ရှောက်သီးက ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတာ မှန်ပေမယ့်

    • ကိုယ်ဝန်ဆောင်
    • နို့တိုက်မိခင်
    • ဆေးဝါးတချို့ စွဲသောက်နေသူတွေ
    • ရောဂါ အခံရှိသူတွေ
    • သွေးပေါင်ကျတတ်သူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    သာမန်လူတွေကလည်း အလွန်အကျွံစားတာမျိုးကို ရှောင်သင့်ပါတယ်။ ‌ဆီများများနဲ့ သုပ်စားတာ၊ အငန်၊ အစပ်တွေ အများကြီး ထည့်စားတာကိုလည်း ဆင်ခြင်သင့်ပါတယ်။

    ကဲ …… ခံတွင်းမြိန်တဲ့ ရှောက်သီးသုပ် ချဉ်ငန်စပ်လေး စားပြီး အခုလိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement