backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဂွေးချိုသီး စားကြရာဝယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဂွေးချိုသီး စားကြရာဝယ်

ဆားလေး ငရုတ်သီးမှုန့်လေးနဲ့ နယ်စားစား၊ ငံပြာရည် ငရုတ်သီးမှုန့်လေးနဲ့ သုပ်စားစား၊ ငပိထောင်းလေးနဲ့ ကော်စားစား စားကောင်းသလို ငပိချက်ချက်စားရင်လည်း စားလို့ ကောင်းတဲ့ ဂွေးချိုသီး ကြိုက်ကြလား ……

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဘယ်လိုစားစား ခံတွင်းတွေ့တဲ့ ဂွေးချိုသီးလေးကို စားပေးတာက ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဂွေးချိုသီး ဆိုတာ

ဂွေးချိုသီး ဆိုတာက အပြင်ခွံ အစိမ်းရောင် နုနုကနေ အစိမ်းရောင် ရင့်ရင့်အထိ ရှိပြီး အတွင်းသားက ဖြူဖြူ ကြွပ်ကြွပ်လေးပါ။ ချိုချိုချဉ်ချဉ် အရသာလေးရှိပြီး အနံ့လေးက မွှေးပါတယ်။ အတွင်းမှာ ဆူးလိုမျိုး အစေ့လေးတွေ ပါဝင်နေပါတယ်။

ဂွေးချိုသီးမှာပါတဲ့ အာဟာရဓာတ်တွေ

စားရတာ အရသာရှိတဲ့ ဂွေးချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

ဂွေးချိုသီး စားကြရာဝယ်

ဂွေးချိုသီး စားကြရာဝယ်

စားရတာ အရသာရှိတဲ့ ဂွေးချိုသီးက အခုလိုမျိုး ကျန်းမာရေးကို ထောက်ကူပေးပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်။

ဂွေးချိုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးတာ၊ သွေးပေါင်ကျတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးတွင်းအဆီဓာတ်တွေကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးရဲက လုပ်ဆောင်မှုတွေကို ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်။

ဗီတာမင် C ကြွယ်ဝသလို သံဓာတ် ပါဝင်နေမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေသလို သွေးဖြူဥတွေ ထုတ်လုပ်မှုကို ကောင်းစေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

ဗီတာမင် C က သံဓာတ်စုပ်ယူမှု ကောင်းစေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်မှုက အစာခြေစနစ်ကို ကျန်းမာစေပြီး လေထိုးတာ၊ လေပွတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေ အက်ဆစ် ထွက်ရှိမှု ကောင်းစေဖို့ ဂွေးချိုသီးက လှုံ့ဆော်ပေးနိုင်ပါတယ်။

အမြင်အာရုံ ကောင်းစေတယ်။

ဗီတာမင် A ပါဝင်နေတာကြောင့် ပုံမှန်လေး စားသုံးပေးတာက အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကလေးတွေရော လူကြီးတွေကိုပါ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှပါ။

အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုးကိုလည်း ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။

အရေပြား ကျန်းမာစေတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့် အရေပြားကို ကာကွယ်ပေးနိုင်သလို အသားခြောက်တာ၊ ဆိုရီရေးစစ်၊ အနာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်ပြီး အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးပါတယ်။

ချောင်းဆိုး သက်သာစေတယ်။

ဂွေးချိုသီးက ချောင်းဆိုး သက်သာစေနိုင်ပါတယ်။ အရွက်ကို လည်း ချောင်းဆိုးပျောက်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ပျားရည်နဲ့ အရွက်ပြုတ်ရည်ကို သောက်ပေးလို့ ရပါတယ်။

သက်လုံကောင်းစေတယ်။

သဘာဝ အချိုဓာတ် ပါဝင်နေတာကြောင့် အမောခံနိုင်စေပြီး သက်လုံကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement