ရေသောက်ပြီး ဝိတ်လျှော့ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 4, 2020 . 2 mins read
Share now

ဝိတ်ချနေကြတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတို့ရေ…ဝိတ်ချနေပေမယ့် ဝိတ်မကျဘူးဖြစ်နေလား။ အစားတွေလည်းလျှော့၊ လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် ထင်သလောက်ဝိတ်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ကိုယ်ရဲ့ဝိတ်ချတဲ့နည်းက တစ်ခုခုမှားနေပြီဆိုတာ သေချာနေပြီနော်။ ဝိတ်လျှော့နေတဲ့သူတွေ အများဆုံးမှားလေ့ရှိတဲ့အမှားကတော့ ရေလုံလောက်စွာမသောက်ခြင်းပဲဖြစ်ပါတယ်။ ရေကအမြဲသောက်နေတာပဲ၊ ဘယ်လိုလုပ်အကျိုးကျေးဇူးပေးနိုင်မှာမို့လို့လဲဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့။ ရေဆိုတာက အဆီချဝိတ်လျှော့တဲ့နေရာ၊ အသားအရေလှစေတဲ့နေရာ သဘာဝတရားက လက်ဆောင်ပေးတဲ့ လက်နက်ပုန်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကယ်လ်လိုရီမပါ၊ သကြားမပါ၊ အဆီတက်စေတဲ့ဓာတ်တွေမပါတဲ့ တစ်ခုတည်းသော အရည်ဖြစ်မို့လို့ပါ။ ဒါကြောင့်မို့လို့ ရေသောက်ပြီး ဝိတ်ချဖို့အတွက် တစ်နေ့ကို ရေများများသောက်ဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတဲ့လျှို့ဝှက်ချက်တွေ မျှဝေပေးပါရစေနော်။

ပထမဆုံးအနေနဲ့ ရေသောက်ဖို့အတွက် ကိုယ်ရေဆာတဲ့အချိန်ကို စောင့်စရာမလိုပါဘူး။ သဘာဝအတိုင်းရေဆာဖို့ဆိုတာ နွေရာသီကလွဲရင် ကျန်တဲ့ရာသီဥတုတွေမှာ ရေဆာဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။

ဘယ်သွားသွား ရေဘူးဆောင်ပါ။

ရေသောက်ပြီး ဝိတ်ချမယ်လို့ဆုံးဖြတ်လိုက်ပါပြီရဲ့….ရေဘူးက ကိုယ့်အနားမှာမရှိရင် ဘယ်လိုလုပ်ရေသောက်ဖြစ်မလဲ။ အဲ့တာကြောင့်မို့လို့ ရေဘူးကို ကိုယ့်အနားမှာထားပြီး ရေဘူးကိုမြင်တိုင်း ရေသောက်ဖို့သတိရမှာပေါ့နော်။

ရေအစားထိုး ရေနွေးကြမ်းသောက်ပါ။

ရေကိုသောက်နေကျမဟုတ်ရင် မသောက်ချင်တော့ဘဲနဲ့ မုန်းနေတာမျိုးတွေ၊ ရေသောက်လိုက်တိုင်း ပျို့အန်တာမျိုးတွေကြုံဖူးတဲ့သူတချို့ရှိမှာပေါ့နော်။ ဒါဆိုရင်တော့ ရေအစားထိုး သစ်သီးဖျော်ရည်တွေ၊ လီမွန်တီး (ခေါ်) သံပုရာရေနွေးကြမ်း လိုမျိုးသောက်လို့ရပါတယ်။ ဒီလိုသောက်တဲ့အခါမှာလည်း ကယ်လိုရီမပါတဲ့ သဘာဝဖျော်ရည်မျိုးကို ဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။

ရေဆာတိုင်း ရေသောက်ပါ။

တစ်ခါတစ်လေကျရင် “ ရေဆာလိုက်တာ…ရေဆာပြေ အအေးလေးသောက်လိုက်ဦးမယ်” ဆိုတာမျိုးတွေးဖူး၊ ဖြစ်ဖူးလား။ အဲ့လိုအချိန်မှာ အအေးမသောက်ပါနဲ့နော်။ ရေဆာတဲ့အချိန်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့ သကြားဓာတ်တွေ၊ ကယ်လ်လိုရီတွေဝင်သွားမှာစိုးလို့ပါ။

Alarm ပေးထားပါ။

သင်တို့ကိုယ်တိုင် ရေသောက်ဖို့သတိမရဘူးဆိုရင်တောင် သင့်ဖုန်းက သတိရနေမှာပါနော်။ သင်တို့ရဲ့ဖုန်းကို ၂ နာရီတစ်ခါ alarm ပေးလိုက်မယ်ဆိုရင် သင့်ကို ရေ၈ခွက်ထက်မနည်းသောက်သုံးဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ နောက်ဆိုရင် alarm မြည်အောင်စောင့်စရာမလိုပဲနဲ့ ရေသောက်တတ်တဲ့အကျင့်က စွဲသွားပါလိမ့်မယ်နော်။

အစားအစာနဲ့ ရေဓာတ်ဖြည့်ပါ။

ရေမသောက်ချင်ဘူးဆိုရင် တခြားရွေးချယ်စရာတွေရှိပါသေးတယ်။ အဲ့ဒါကတော့ ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ စားသုံးပေးဖို့ပါပဲ။ ဥပမာ ဖရဲသီးလိုအသီးအနှံမျိုးတွေစားသုံးပေးရင် ရေဓာတ်ပြည့်ဝစေပါတယ်။

ထမင်းမစားခင် ရေသောက်ပါ။

အစားမစားခင် ရေသောက်လိုက်လို့ ဗိုက်ပြည့်တယ်ဆိုတဲ့ အသိစိတ်က သင့်ကို အစားစားချင်စိတ်ကို လျော့နည်းစေတဲ့အပြင် ကယ်လ်လိုရီအများကြီးမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစားမစားခင်အချိန်ရယ်၊ အစားစားနေစဉ်အချိန်၊ အစာစားပြီးအချိန်မှာရေသောက်ပေးတာက အစာခြေစနစ်ကို အထောက်အကူပေးတဲ့အပြင် အစားအစာမှာပါတဲ့အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူပေးပါတယ်။

အားကစားလုပ်နေချိန်၊ ရာသီဥတုပူနေချိန်မှာ ရေပိုသောက်ပါ။

ပြင်းထန်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေတဲ့အချိန်၊ အပြင်သွားလို့ ရာသီဥတုပူနေတဲ့အချိန်မှာ ရေကိုပိုသောက်ပေးသင့်ပါတယ်။ အားကစားပြုလုပ်နေချိန်မှာ ရေသောက်ရတဲ့ အခြေခံစည်းမျဉ်းရှိပါတယ်။ အဲ့တာကတော့ ရေ ၂၅၀ မီလီလီတာကို မိနစ်၂၀ တိုင်း ၁ခါသောက်သုံးပေးရတာမျိုးပါ။ ဒါပေမယ့် အရမ်းမောနေချိန်မှာတော့ ရေကို မသောက်သင့်ပါဘူး။ အမောပြေမှသာ ရေသောက်ဖို့ တိုက်တွန်းချင်ပါတယ်။

Detox water သောက်ပါ။

ယခု ဝိတ်လျှော့တဲ့သူတွေကြားထဲမှာ နာမည်ကြီးလာတာကတော့ Detox water ပဲဖြစ်ပါတယ်။ detox water ဆိုတာကတော့ ရေထဲမှာ ဟင်းသီးဟင်းရွက်တွေကို စိမ်ထားပြီး သောက်ရတာပါ။ ဥပမာအားဖြင့် သခွားသီး၊ သခွားမွှေး၊ စတော်ဘယ်ရီ၊ ပူစီနံနဲ့ တခြားဆေးဖက်ဝင်အရွက်တွေကို ရောစိမ်ပြီး သောက်ပေးခြင်းက ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ကိုယ့်ရဲ့ဆီးအရောင်ကို သတိထားကြည့်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ရဲ့ဆီးအရောင်ကို သတိထားကြည့်ပေးပါ။ ဆီးအဝါရင့်ရောင်ဆိုရင်တော့ ရေသောက်ဖို့လိုနေပါသေးတယ်။ ဆီးအဝါဖျော့ရောင်ဆိုရင်တော့ ရေကို ပြည့်ပြည့်ဝဝသောက်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါဆိုရင်တော့ အပေါ်ကအချက်လေးတွေကိုဖတ်ကြည့်ပြီး ခန္ဓာကိုယ်ပိန်သွယ်ပြီး လှချင်တဲ့ကိုကို မမတွေအတွက် ရေသောက်ပြီး ဘယ်လိုပိန်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုဖတ်ကြည့်ပြီး လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ဝိတ်လျှော့တဲ့အခါမှာလည်း အလွန်အကျွံမလျှော့ကြဖို့နဲ့ အစာအာဟာရလုံလောက်စွာစားသုံးပေးဖို့လည်း သတိပြုစေချင်ပါတယ်နော်။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

နှစ်သစ်ကူးကာလမှာ စိတ်သစ်၊ လူသစ်၊ ရည်မှန်းချက်သစ်နဲ့ “ငါတော့ ဒီနှစ် သေချာပေါက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသားအရေအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ရပ်အနေနဲ့ အားလုံးက နှစ်ခြိုက်သဘောကျစွာ အသုံးပြုခဲ့ကြတအရာတစ်ခုရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ ...

ရေးသားသူ Ye Zon Aung

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ခုရာသီက ထောပတ်သီးတွေကို ပေါပေါသီသီ တွေ့နိုင်တဲ့ ရာသီမျိုးပါ။ ထောပတ်သီးတွေဟာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အစာအိမ်ကင်ဆာ (gastric cancer)

အစာအိမ်ကင်ဆာ (gastric cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေသက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 2 mins read