backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သစ်တိုသီးစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သစ်တိုသီးစေ့ရဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ

သစ်တော်သီးကို လူတိုင်း သိကြပေမယ့် သစ်တိုသီးကိုတော့ သိသူ ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။ သစ်တိုသီးကို ငါးနဲ့ ချဉ်ရည် ချက်စားတာမျိုး ရှိသလို အသီးကို ထောင်းပြီး ငပိ၊ ငံပြာရည်တွေနဲ့ ကြော်စားတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာက သစ်တိုသီးရဲ့ ကျန်းမာရေးကို မဟုတ်ပါဘူး။ အသီးရဲ့ အလယ်ထဲမှာပါတဲ့ သစ်တိုသီးစေ့ရဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်းပါ။

သစ်တိုသီးစေ့ ဆိုတာ

သစ်တိုသီးစေ့ ဆိုတာက သစ်တိုသီးရဲ့ အလယ်က အစေ့ပါ။ အစေ့က အမွှာလိုက် ရှိပြီး မင်းဂွတ်သီးနဲ့ တူပါတယ်။ ခွာခွာစမှာ  အဖြူရောင် ရှိပြီး ကြာရင်တော့ ညိုတိုတိုလေး ဖြစ်သွားပါတယ်။ အရသာက ချိုတာမျိုး ရှိသလို ချဉ်ပြုံးပြုံးလေးလည်း ရှိပါတယ်။ အသားကတော့ ကနစိုးသီးလိုလို မင်းဂွတ်သီးလိုလိုပါ။

ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ!

သစ်တိုသီးစေ့မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  •         အမျှင်ဓာတ်
  •         ကယ်လ်ဆီယမ်
  •         သံဓာတ်
  •         ဗီတာမင် B
  •         ဗီတာမင် C တို့ ပါဝင်နေပါတယ်။

သစ်တိုသီးစေ့ရဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ

ချဉ်ချဉ်ချိုချို အရသာနဲ့ စားလို့ ကောင်းတဲ့ သစ်တိုသီးစေ့က အခုလို အကျိုးကျေးဇူးတွေ ပေးပါတယ်။ လေ့လာချက်တွေအရ သစ်တိုသီးက 

  •         ဓာတ်မတည့်မှုကို သက်သာစေတယ်

သစ်တိုသီးစေ့မှာ sandorinic acid နဲ့ bronotic acid တွေ ပါဝင်နေတာကြောင့် အရေပြားမှာ ဓာတ်မတည့်မှု ဖြစ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဓာတ်မတည့်မှု ဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

  •         ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးတယ်

သစ်တိုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆဲလ်တွေကို ကျန်းမာစွာ ကြီးထွားစေဖို့ ထောက်ကူပေးပြီး ကင်ဆာဆဲလ်တွေ ကြီးထွားမှု မဖြစ်အောင်လည်း အတိုင်းအတာ တစ်ခုအထိ တားဆီး ပေးနိုင်ပါတယ်။

  •         ကိုယ်ခံအား ကောင်းစေတယ်

သစ်တိုသီးမှာ ဗီတာမင် C နဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကလည်း ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  •         အသားအရေ ကျန်းမာစေတယ်

ဗီတာမင် C ပါဝင်နေတာရယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာတွေက အသားအရေကို တင်းရင်း လှပစေပြီး အစက်အပြောက်တွေ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် အရေပြား ပြဿနာတွေကို သက်သာစေဖို့ ဆိုရင်တော့ သစ်တိုသီးစေ့လေးတွေ စားပေးလို့ ရပါတယ်။

  •         ခံတွင်း ကျန်းမာစေတယ်

သွားနဲ့ ခံတွင်း ကျန်းမာစေဖို့အတွက်လည်း သစ်တိုသီးစေ့ကို စားပေးလို့ ရပါတယ်။ သစ်တိုသီးစေ့ကို စားပေးတာက တံထွေးထွက်စေဖို့ ထောက်ကူပေးပြီး တံထွေးထွက်တာကြောင့် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

  •         ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

သစ်တိုသီးစေ့မှာ အမျှင်ဓာတ် ပါဝင်နေတာက ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေဖို့ ထိထိရောက်ရောက် ထောက်ကူ ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိဖို့ဆိုရင်တော့ သစ်တိုသီးစေ့ စားပေးလို့ ရပါတယ်။

  •         သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
  • သစ်တိုသီးစေ့မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ စားပေးလို့ ရပါတယ်။

    •         သွေးတွင်းအဆီ ကျဆင်းစေနိုင်တယ်

    သစ်တိုသီးစေ့ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ သွေးတွင်းအဆီတွေကို ကျဆင်းစေနိုင်တာပါ။ သွေးတွင်းအဆီများတဲ့ သူတွေ စားပေးလို့ ရပါတယ်။

    ဘာတွေ သတိထားရမလဲ!

    သစ်တိုသီးစေ့က ကျန်းမာရေးအတွက် ကောင်းကျိုးများတယ် ဆိုပေမယ့် ဆီးချိုရောဂါ ရှိသူတွေ အနေနဲ့ ဆေးနဲ့ တွဲသောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားပေးပါ။ သစ်တိုသီးစေ့က ဆေးဖက်ဝင်တယ်ဆိုပေမဲ့ ပမာဏအလွန်အကျွံစားမယ်ဆိုရင် ဘေးဖြစ်တတ်တာကိုလည်း သတိထားစေလိုပါတယ်။ 

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement