- ကိုယ်ခံအား ကောင်းစေနိုင်တယ်
မာလကာသီးဖျော်ရည်မှာ ဗီတာမင် C ပါဝင်နေတာက ကိုယ်ခံအားကောင်းစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်တော့ မာလကာသီးဖျော်ရည် သောက်ပေးလို့ရပါတယ်။
- အကိုက်အခဲ ပျောက်စေနိုင်တယ်
မာလကာသီးဖျော်ရည်က ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ နာကျင်မှု သက်သာစေဖို့ဆိုရင် မာလကာသီးဖျော်ရည် သောက်ပေးလို့ ရပါတယ်။
မာလကာသီးက သွေးတိုးကျစေနိုင်သလို မာလကာသီးဖျော်ရည်ကလည်း သွေးတိုးကျစေဖို့ ထောက်ကူပေးပါတယ်။ မာလကာသီးဖျော်ရည်က နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့လည်း ကာကွယ်ပေးပါတယ်။ မာလကာသီးဖျော်ရည်မှာ ဗီတာမင် C၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ် နဲ့ အခြားဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ မာလကာသီးဖျော်ရည်က နှလုံးကျန်းမာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
မာလကာသီးဖျော်ရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အင်ဆူလင်တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးသလို အမျှင်ဓာတ်ပါဝင်နေတာကလည်း အစားအစာတွေ စားပြီးချိန်မှာ ရုတ်တရက် သွေးချိုမြင့်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
- ကိုယ်အလေးချိန် ကျစေနိုင်တယ်
မာလကာသီးဖျော်ရည်က ဗီတာမင်၊ ပရိုတင်း နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေ ပါဝင်နေတာက အဆာခံနိုင်စေပြီး ကိုလက်စထရောပါဝင်မှု မရှိတာကလည်း ကိုယ်အလေးချိန် ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နောက်တစ်ချက်က ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေတာကြောင့် ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။
- သွေးစီးဆင်းမှု ကောင်းစေနိုင်တယ်
ဗီတာမင် B ပါဝင်နေတာက ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကိုယ်တွင်း သွေးစီးဆင်းမှု ကောင်းစေသလို ဦးနှောက်နဲ့ အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကိုလည်း သွေးစီးဆင်းမှု ကောင်းစေပါတယ်။
- အမြင်အာရုံ ကျန်းမာစေနိုင်တယ်
မာလကာသီးဖျော်ရည်မှာ ဗီတာမင် A ပါဝင်နေတာက အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဗီတာမင် A က အမြင်အာရုံကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ အသားအရေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
- ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်
မာလကာသီးရဲ့ နောက်ထပ် အာနိသင်တစ်ခုကတော့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောနေပြီဆိုရင်တော့ မာလကာသီး ဖျော်ရည်သောက်ပေးလို့ ရပါတယ်။
- ကြွက်သားတွေကို ပြေလျော့စေနိုင်တယ်
မာလကာသီးဖျော်ရည်မှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပြေလျော့စေဖို့အတွက် မာလကာသီးဖျော်ရည်ကို သောက်ပေးလို့ ရပါတယ်။
ဘေးထွက်ဆိုးကျိုး ရှိလား
လေ့လာမှုတွေအရကတော့ မာလကာသီးဖျော်ရည်က ဘေးထွက်ဆိုးကျိုးရှိတယ်လို့ အခုထိတော့ မတွေ့ရသေးပါဘူး။ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလဲဆိုတာကိုတော့ နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုဦးမှာပါ။
တကယ်လို့ မာလကာသီးဖျော်ရည်သောက်ပြီး မအီမသာတစ်ခုခု ခံစားရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
မာလကာသီးဖျော်ရည်ကို လူတိုင်း သောက်သုံးလို့ ရပါတယ်။ အများကြီး မစားမိဖို့ပဲ လိုတာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။