backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ

ကဆစ်သီး ဆိုတာက အညာစာလေး တစ်မျိုးပါ။ မျက်စိထဲ မြင်သာအောင် ပြောပြရရင် ဖရဲသီး သေးသေးလေးတွေနဲ့ တူပါတယ်။ ကြော်စားလို့ ရသလို သုပ်စားတာ၊ ဖျော်သောက်တာ၊ တို့စားတာလိုမျိုး အမျိုးမျိုးလုပ်စားလို့ ရတဲ့  ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ က ဘာတွေများ ဖြစ်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကဆစ်သီး ဆိုတာ

ကဆစ်သီး ဆိုတာက အသီး တစ်မျိုးပါ။ အနီးစပ်ဆုံး ပြောပြရမယ်ဆိုရင် ကင်းပုံသီးလေးနဲ့ တူပါတယ်။ ကင်းပုံပင်၊ ဖရဲပင်၊ သခွားပင်တို့လိုမျိုး နွယ်ပင်ရဲ့ အသီးမျိုးပါ။ အခွံပါးပါးလေးနဲ့ အရည်ရွှမ်းပါတယ်။ အရသာကတော့ ချဉ်တင်တင်လေးပါ။ 

ကဆစ်သီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ!

ကဆစ်သီးမှာ 

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
  • အမျှင်ဓာတ်
  • ဗီတာမင် C
  • ဗီတာမင် E
  • ဗီတာမင် K
  • ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှုက တော်တော်လေး နည်းပါတယ်။ 

ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ

ကဆစ်သီး ကျန်းမာရေးကောင်းကျိုးများ ကတော့

  • Lycopene ကြွယ်ဝတယ်
  • Lycopene ဆိုတာက အပင်တွေမှာပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါ။ အရောင်ကျစေနိုင်သလို ဦးနှောက် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အယ်လ်ဇိုင်းမားကြောင့် ထိခိုက်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ 

    ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို နှလုံးကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 

    • Beta-Carotene ပြည့်ဝတယ်

    Beta-carotene ဆိုတာက ကာရိုတီးနွိုက် တစ်မျိုးပါ။ အင်အားပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါ။ ခန္ဓာကိုယ်က ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းကို ဗီတာမင် A အဖြစ် ပြောင်းလဲပေးပါတယ်။ အာရုံကြောကို ကျန်းမာစေသလို အမြင်အာရုံ ကျန်းမာစေသလို အရေပြား ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ 

    ခန္ဓာကိုယ်ကို ဓာတ်တိုးမှုကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    • အမျှင်ဓာတ် ကြွယ်ဝတယ်

    ကဆစ်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို အာဟာရ တန်ဖိုးလည်း မြင့်ပါတယ်။ အဆာခံ နိုင်စေသလို အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးတိုးကျစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ 

    နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့အတွက်လည်း ထောက်ကူပေးပါတယ်။ 

  • ပိုတက်ဆီယမ် ကြွယ်ဝတယ်
  • ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ခန္ဓာကိုယ်က အင်္ဂါ အစိတ်အပိုင်းတွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဦးနှောက်ကို ကျန်းမာစေသလို နှလုံးနဲ့ ကျောက်ကပ်တို့ကိုလည်း ကျန်းမာစေပါတယ်။ 

    ရေဓာတ် ပြည့်ဝမှုကလည်း ခန္ဓာကိုယ်အတွက် ရေဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ 

    • ကိုယ်ခံအား ကောင်းစေနိုင်တယ်

    ကဆစ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာက အရောင်ကျစေနိုင်သလို ကိုယ်ခံအားလည်း ကောင်းစေပါတယ်။ ဖျားနာမှု ကင်းချင်တယ်ဆိုရင် ကဆစ်သီးကို စားပေးလို့ ရပါတယ်။

    • အသားအရေ ကျန်းမာစေတယ်

    ဗီတာမင် C ပါဝင်နေတဲ့ ကဆစ်သီးက အသားအရေကို ကျန်းမာစေဖို့ ဝင်းပ ကြည်လင်စေဖို့ ထောက်ကူပေးနိုင် ပါတယ်။ အမာရွတ်တွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ အနာကျက်စေဖို့လည်း ထောက်ကူပေးပါတယ်။ 

    • အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

    ကဆစ်သီးက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေသလို အသက်ရှူလမ်းကြောင်း ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ 

    ဘာတွေ သတိထားရမလဲ!

    ကဆစ်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးများတယ် ဆိုပေမယ့် ရောဂါအခံ ရှိသူတွေ အနေနဲ့ ဆေးနဲ့ တွဲသောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားပေးပါ။ သာမန်လူတွေအနေနဲ့လည်း အလွန်အကျွံမစားဖို့ လိုပါတယ်။ 

    ကဆစ်သီး စားပေးပါ

    အမည်ဆန်းသလို အသွင်သဏ္ဍာန် ချစ်စရာကောင်းတဲ့ ကဆစ်သီးလေးက
    • ဦးနှောက် ကျန်းမာစေတယ်
    • နှလုံးကျန်းမာစေတယ်
    • အယ်လ်ဇိုင်းမား ကာကွယ်ပေးတယ်
    • ကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချပေးတယ်
    • ကိုယ်ခံအား ကောင်းစေတယ်
    • သွေးတိုးကျစေတယ်
    • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
    • ဝိတ်ကျစေတယ်
    • အသားလှစေတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 26/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement