အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲကို ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို သဘောကျ နှစ်ခြိုက်စွာ စားလေ့ရှိလား! ဒီလိုဆို မေးစရာ ရှိတာက မတ်ပဲက စားကောင်းရုံပဲလား မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတာပါ။  မတ်ပဲ ဆိုတာ မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပါ။ အစိမ်းရောင်ဖျော့ဖျော့ ပဲလုံး သေးသေးလေးတွေပါ။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိတာကြောင့် ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/fenugreek-leaves-benefits/ မတ်ပဲရဲ့ အာဟာရ တန်ဖိုး မတ်ပဲမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။  ပရိုတင်း အဆီဓာတ် ကစီဓာတ် အမျှင်ဓာတ် […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး

ထင်းရှူးသား၊ ထင်းရှူးဆီတွေကို ကြားဖူးနေပေမယ့် ထင်းရှူးစေ့ဆန် ကတော့ ကြားဖူးသူရှားမယ် ထင်ပါတယ်။ စားဖူးသူလည်း ရှားနိုင်ပါတယ်။ ဒါပေမယ့် ထင်းရှူးစေ့ဆန်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ထင်းရှူးစေ့ဆန် ဆိုတာ ထင်ရှူးစေ့ဆန် ဆိုတာက ထင်းရှူးသီးရဲ့ အဆန်ပါ။ အာဟာရ ပြည့်ဝတဲ့ အဆာပြေ စားဖွယ်တစ်မျိုးပေါ့။ အစိမ်း စားလို့ ရသလို လှော်စားလို့လည်း ရပါတယ်။ အသုပ်တွေထဲမှာ မြေပဲလိုမျိုး ထောင်းထည့်ပြီး စားလို့လည်း ရပါတယ်။ အာရှတိုက် မြောက်ပိုင်း၊ ဥရောပတိုက် မြောက်ဘက်ခြမ်း နဲ့ မြောက်အမေရိက ဒေသတွေမှာ ထင်ရှူးပင်တွေ ပေါက်ရောက်ကြပါတယ်။ နေရပ်ဒေသကို လိုက်ပြီး ထင်းရှူးသီး ပုံစံ မတူကြသလို အာဟာရတန်ဖိုးချင်းလည်း မဆိုစလောက် ကွာခြားမှု ရှိပါတယ်။ မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီး ကြိုက်သူတွေအတွက် သတင်းကောင်း

ပုံစံဆန်းဆန်းလေးကြောင့် ငယ်ငယ်ကလေးဘဝကတည်းက နှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တဲ့ သစ်သီးလေး တစ်မျိုး ရှိပါတယ်။ ဒါကတော့ နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာလေးက ကတုံးဆံပင်ပေါက်လေးလိုလို ချစ်စရာကောင်းတဲ့ ကြက်မောက်သီး ပါ။ အခွံကို နွှာပြီး အထဲက အဖြူရောင်အသီးရဲ့ အသားလွှာချိုချိုလေးကလည်း စားရတာ အတော်လေး အရသာရှိပါတယ်။ သစ်သီးတွေ အများကြီး ရှိတဲ့အထဲကမှ အကြိုက်ဆုံး အသီးလေးက ကြက်မောက်သီးလေးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကြက်မောက်သီးမှာ ပါတဲ့ အာဟာရတွေနဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-eating-rambutan-seeds/ ကြက်မောက်သီး ဆိုတာ ကြက်မောက်သီး ဆိုတာက အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပေ ၈၀ (၂၇ မီတာ ) အမြင့်ရှိပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

မင်းဂွတ်သီး ကျန်းမာစေသလား

အသွင်အပြင်က ချစ်စရာ ကောင်းသလို အရသာလည်း ကောင်းတဲ့ မင်းဂွတ်သီးကို အသီးတွေထဲမှာ အကြိုက်ဆုံးလား ..... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီလိုပြောရတာက ဒီဆောင်းပါးလေးထဲမှာ မင်းဂွတ်သီး စားရင်း ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပြောပြပေးထားလို့ပါ။ မင်းဂွတ်သီး ဆိုတာ မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရတဲ့ အပင်ရဲ့ အသီးပါ။ အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးပေါ့။ အာဟာရပြည့်ဝစွာ ပါဝင်နေပါတယ်။ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးပါ။ အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုးပါ။ သစ်တော်သီးလောက် အချိုမများသလို လိမ္မော်သီးလောက်လည်း အချဉ်မများပါဘူး။ အခွံက ဖန်နိုင်ပေမယ့် အတွင်းက အဖြူဆံလေးတွေကတော့ ချိုချိုလေးပါ။ အသွင်အပြင်ကို ပြောပြရရင် အစိမ်းရောင် အညှာလေးနဲ့ အခွံလေးက အညိုရောင်စိုစိုလေးပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား ......

ဖီးကြမ်း၊ သီးမွှေး၊ ငှက်ပျောချဉ်၊ နံ့သာဖူး၊ ရွှေငှက်ပျောသီး စတဲ့ အမျိုးမျိုးရှိတဲ့အထဲကမှ ရွှေငှက်ပျောသီးကို အကြိုက်ဆုံးပဲ ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ ပြောပါရစေ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ဒီဆောင်းပါးလေးထဲမှာ ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးသလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ရွှေငှက်ပျောသီး ဆိုတာ ရွှေငှက်ပျောသီး ဆိုတာ ငှက်ပျောသီး အမျိုးအစား တစ်မျိုးပါ။ အခွံက အနီရောင်ရှိပြီး အလုံးက ပုပုဝဝလေးပါ။ ဖီးကြမ်းတို့လိုမျိုး ထောင့်ကျမနေဘဲ လုံးဝန်းပါတယ်။ အရသာက ပိုပြီး ကောင်းပါတယ်။ ချိုအီစိမ့်နေအောင် ကောင်းတဲ့ ငှက်ပျောသီး တစ်မျိုးပါ။ အနံ့လည်း တော်တော်လေး မွှေးအီပါတယ်။ အရှေ့တောင်အာရှဒေသ တော်တော်များများမှာ ပေါက်ရောက်ပါတယ်။ အသီးတစ်လုံးက အရှည်အားဖြင့် ၁၆ စင်တီမီတာကနေ ၁၈ စင်တီမီတာလောက် ရှည်ပါတယ်။ အခြားသော […]


အာဟာရဆိုင်ရာ အချက်အလက်များ

လက်ဖက်ရည်ချိုလေး သောက်ရင်း ရမယ့် ကျန်းမာရေး

လက်ဖက်ရည်ချိုလေး ဆိုလို့ ဘာကို ပြောတာလဲလို့များ စဉ်းစားနေပြီလား ....... လက်ဖက်ရည်ချိုလေး ဆိုတာက ပေါ့ဆိမ့်၊ ချိုဆိမ့်၊ ပေါ့ကျ၊ ကျဆိမ့်ဆိုပြီး စိတ်ကြိုက် အရသာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင်း သောက်လေ့ရှိတဲ့ ဝမ်းတီး၊ တူးတီးလေးတွေကို ပြောချင်တာပါနော်။ လက်ဖက်ရည် ကြိုက်သူတွေက Morning Coffee ဆိုတာမျိုးနဲ့ အဆင်မပြေတတ်ဘဲ လက်ဖက်ရည်ချိုလေး တစ်ခွက် သောက်လိုက်မှ တစ်နေကုန် အဆင်ပြေတတ်ကြတာပါ။ ဒီတစ်ခေါက်တော့ မနက်ခင်း ကာကာ မသောက်ဘဲ တီးမှတီးပဲ ဆိုတဲ့ သူတွေအတွက် လက်ဖက်ရည်ချိုလေး သောက်ရင်း ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်ဖက်ရည်ချိုလေး ဆိုတာ လက်ဖက်ရည်ချိုလေးဆိုတာက လက်ဖက်ရည် အကျရည်ကို နို့၊ နို့ဆီ၊ သကြားတို့နဲ့ ရောစပ်ပြီး ဖျော်ထားတာပါ။ အကောင်းဆုံးကတော့ နွားနို့၊ ဆိတ်နို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သဟင်းရွက် စားကောင်းရုံပဲလား

ကြက်သဟင်းရွက် ဆိုတာက ဟင်းချို ချက်စားစား၊ သုပ်စားစား စားလို့ ကောင်းတဲ့ ဟင်းလျာ တစ်မျိုးပါ။ အရသာချိုချိုလေးနဲ့ စားလို့ ကောင်းတဲ့ ကြက်သဟင်းရွက်က စားလို့ကောင်းတဲ့အပြင် ကျန်းမာရေးကို ဘယ်လိုများ ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကြက်သဟင်းရွက် ဆိုတာ ကြက်သဟင်းရွက် ဆိုတာ ကြက်သဟင်းပင်ရဲ့ အရွက်ပါ။ အရွက်လေးတွေက သေးငယ်ပြီး ဘဲဥပုံ ခပ်ရှည်ရှည်လေးပါ။ အရွက်လေးက ပျမ်းမျှအားဖြင့် ၄ စင်တီမီတာကနေ ၆ စင်တီမီတာလောက် ရှည်ပါတယ်။ အရွက်လေးက ပါးပါးလေးနဲ့ ပြောင်ချောချောလေးပါ။ ရိုးတံ မာမာလေးမှာ ကပ်ပြီး ရွက်ချင်းဆိုင်လို့ ပေါက်တတ်ပါတယ်။ တစ်ပင်မှာ ၄ ခက် ကနေ ၅ ခက်လောက်ပဲ ပေါက်ရောက်ပါတယ်။ ကြက်သဟင်းရွက်က နုပြီး ချိုပါတယ်။ အရသာက ကညွတ်အရသာနဲ့ ခပ်ဆင်ဆင် တူပါတယ်။ တစ်နှစ်ပတ်လုံး […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာစေ့ စားပေးတဲ့အခါ

သံပုရာရည် သောက်တိုင်း သံပုရာစေ့ တွေ ထွေးပစ်နေတုန်းလား ........ အသုပ် တစ်ခုခု မှာ သံပုရာရည် ညှစ်ထည့်တိုင်း အစေ့တွေကို ဖယ်ပြီး လွှင့်ပစ်နေတုန်းလား..... သံပုရာစေ့ဆိုတာက အပင် ပြန်စိုက်ဖို့ကလွဲရင် စားလို့ မရဘူး။ ခါးတယ်။ အရသာပျက်တယ်လို့ တွေးနေတုန်းဆိုရင်တော့ ဒီအယူအဆကို အခုပဲ ပြင်ဆင်လိုက်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာ မို့လို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား။ သံပုရာစေ့ ဆိုတာ သံပုရာစေ့ ဆိုတာ သံပုရာသီးရဲ့ အစေ့ပါ။ အသီးရဲ့ အလယ်အူတိုင်မှာ ရှိတဲ့ အစေ့ဖြူဖြူလေးတွေပါ။ ၆ စေ့ကနေ ၁၀ စေ့လောက်အထိ ပါတတ်ပါတယ်။ အပေါ်ခွံမာမာလေးနဲ့ အထဲကတော့ ကြွပ်ကြွပ်လေးပါ။ အရသာကတော့ ခါးသက်သက်ရှိပါတယ်။ သံပုရာစေ့မှာပါတဲ့ အာဟာရ သံပုရာသီးရဲ့ အစေ့မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သနပ်ရွက် နဲ့ ကျန်းမာရေး

သနပ်ရွက်လို့ ပြောလိုက်ရင် မန်ကျည်းရွက် နုနု၊ သနပ်ရွက် နုနုလေးကို ငါးလေးနဲ့ ချက်ထားတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ငပိထောင်းလေးနဲ့ တွဲဖက်စားတာကို ပြေးမြင်မယ် ထင်ပါတယ်။ ဒီလို မိုးဦးကျ လေဦးကျမှာ ထမင်းမြန်စေတဲ့ ဟင်းလျာလေး တစ်ခုဖြစ်တဲ့ သနပ်ရွက်က ကျန်းမာရေးကိုရော ဘယ်လိုမျိုး ထောက်ကူပေးနိုင်လဲဆိုတာကိုရော မသိချင်ဘူးလား။ သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် ဖတ်ကြည့်လိုက်နော်။ သနပ်ရွက် ဆိုတာ သနပ်ရွက် ဆိုတာ သနပ်ပင်ရဲ့ အရွက်ပါ။ အပင်ကြီးမျိုးဖြစ်ပြီး အရိပ်ရပါတယ်။ အရွက်နုလေးတွေကို စားလို့ရပြီး အရွက်ရင့်တွေကို ဆေးပေါ့လိပ်လိပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ အရွက်က နုစဉ်မှာ ညိုတိုတိုလေးဖြစ်ပြီး ရင့်လာတာနဲ့ အမျှ အစိမ်းနုကနေ အစိမ်းရင့်ရင့် အထိ ဖြစ်လာပါတယ်။ ထိပ်ဖျားမှာ အဖူးလေးတွေပါတတ်ပါတယ်။ သနပ်ရွက် မှာပါတဲ့ အာဟာရ သနပ်ရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ရေဓာတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ဖရုံညွန့် ကျန်းမာစေသလား

ကျောက်ဖရုံသီးကိုတော့ လူတိုင်းလိုလို သိထားပြီးဖြစ်သလို ဟင်းခါး ချက်သောက်တာ၊ ချဉ်ရည်ချက်စားတာ၊ ပဲဟင်းထဲထည့်ချက်တာ၊ ယိုထိုးတာနဲ့ အမျိုးမျိုး စားဖြစ် စားဖူးကြပါတယ်။ ကျန်းမာရေးအတွက်လည်း ကျောက်ဖရုံသီးက ကောင်းတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ဒီ ကျောက်ဖရုံသီးလေးတွေ သီးတဲ့ ကျောက်ဖရုံပင်က ကျောက်ဖရုံညွန့် နုနုလေးတွေက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျောက်ဖရုံညွန့်ကို ကြော်ချက် ချက်စားတာ၊ ဟင်းခါးချက်စားတာ၊ ပြုတ်တို့ စားတာမျိုး လုပ်စားလို့ ရပါတယ်။ ဒီလို ဟင်းလျာ တစ်ခွက်အနေနဲ့ စားလို့ရတဲ့ ကျောက်ဖရုံညွန့်ရဲ့ ကျန်းမာရေး အာနိသင်လေးကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကျောက်ဖရုံညွန့် ဆိုတာ ကျောက်ဖရုံညွန့် ဆိုတာ ကျောက်ဖရုံပင်ရဲ့ အညွန့်ပါ။ အရွက်နုလေးတွေပေါ့။ ကျောက်ဖရုံပင်ကလည်း ဘူးသီးလိုပဲ နွယ်တက်တတ်တဲ့ အပင် တစ်မျိုးပါ။ အရွက်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး

ပဲကြီးဟင်းချိုထဲ ထည့်ချက်လေ့ရှိသလို ဘဲဥနဲ့ ခေါက်ကြော်စားလေ့ရှိတဲ့ ဆူးပုတ်ရွက် က ဟင်းလျာတွေကို အရသာတိုးစေရုံပဲလား။ ကျန်းမာရေးအတွက်ရော ဘယ်လို အထောက်အကူပြုလဲဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးနေကျ ဟင်းလျာတွေထဲက တစ်ခုဖြစ်တဲ့ ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆူးပုတ်ရွက် ဆိုတာ ဆူးပုတ်ရွက် ဆိုတာ ဆူးပုတ်ပင်ရဲ့ အရွက်ပါ။ အနုအညွှန့်ကိုပဲ စားကြတာ များပါတယ်။ ရိုးတံမှာ အဆူးလေးတွေ ပါတတ်ပြီး အရွက်လေးတွေက သေးငယ်ပြီး ရွက်ဆိုင်လေးတွေ ပေါက်တတ်ပါတယ်။ ရိုးတံတွေ ဖြာပြီး ထွက်တတ်ပါတယ်။ အစိမ်းရောင် စိုစိုလေးပါ။ အရွက်က အနံ့တော့ နည်းနည်း ပြင်းပါတယ်။ အရွက်က နူးညံ့ပြီး ကြွပ်ကြွပ်လေးပါ။ အရသာကတော့ နည်းနည်း သက်ပါတယ်။ ဆူးပုတ်ရွက်မှာပါတဲ့ အာဟာရဓာတ်တွေ ဆူးပုတ်ရွက်မှာ ဗီတာမင် A ကယ်လ်ဆီယမ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)