ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးအတွက် လုံးဝကို အကျိုးပြုတဲ့ ကော်ဖီတစ်ခုကို ဘယ်လိုဖန်တီးမလဲ ။ ။

ကော်ဖီဆိုတာ လူတိုင်း နှစ်သက်စွာ သောက်နေကျတဲ့ ရေပန်းအစားဆုံး သောက်စရာတစ်ခုပါ။ ဒီလိုကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောတဲ့သူတွေလည်းရှိသလို ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ ပြောနေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဘယ်အရာမှ ကောင်းတာချည်းပဲ မရှိတဲ့အတွက် ကော်ဖီဟာ ကျန်းမာရေးအတွက်ကောင်းသလို ဆိုးကျိုးကိုလည်း ပေးနိုင်ပါတယ်။ ကိုယ်ကြိုက်နေတဲ့ အရာက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတာမျိုးတော့ ဘယ်သူမှ မဖြစ်ချင်တဲ့အတွက် ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို သောက်ရမလဲဆိုတာလေးပြောပြချင်ပါတယ်။ ။ ကျန်းမာရေးအတွက် အကျိုးပြုအောင် ကော်ဖီကို ဘယ်လိုသောက်ရမလဲ ။ ။ နေ့ခင်း ၂ နာရီနောက်ပိုင်း ကော်ဖီ မသောက်ပါနဲ့တော့ - ကော်ဖီဆိုတာ မနက်ပိုင်းအသောက်သင့်ဆုံးပါ။ သူ့မှာပါဝင်တဲ့ ကဖင်းဓါတ် ကြောင့် သင်တစ်နေ့တာလုံး လန်းဆန်း နေဖို့ကို ကော်ဖီက တာဝန်ယူပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းသီးနုနုလေး စားပေးသင့်တဲ့အကြောင်းအရင်း

ထန်းသီးနုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါပဲ။ ဆိုးဆေးတွေ၊ပြုပင်ထားတဲ့ အချိုဓါတ်တွေကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီလေးပေါ့။နွေရာသီမှာ ထန်းသီးနုနုချိုချိုလေးကို ပင်ပွားလေးနဲ့ရောလို့ နို့စိမ်းလေး၊ရေခဲလေးနဲ့ရာစပ်လိုက်ရင် ထန်းသီးဖော်ရည်ချိုအေးမွှေးလေးက ရင်အေးစေသလို စိတ်ကျေနပ်မငလည်းရစေတာအမှန်ပါ။ ထန်းသီး မနုမရင့်လေးတွေကိုလည်းကျောက်ကျောထိုးစားလို့ရပါသေးတယ်နော်။ ဒီလိုအမျိုးမျိုးအဖုံဖုံစားလို့ရတဲ့ ထန်းသီးနုနုလေးက စားကောင်းရုံတင်လား။ နိုးပါ။ ကျန်းမာရေးအတွက်လည်းကောင်းစေပါသေးတယ်နော်။ ကဲ .... ထန်းသီးနုနုလေး စားပေးသင့်တဲ့အကြောင်းအရင်း ကို အတူတူ ကြည့်လိုက်ရအောင်နော်။ ထန်းသီးအကြောင်း သိပြီးပြီလား အညာဒေသတွေရဲ့ အမှတ်အသားလို့တောင်ပြောလို့ရတဲ့ ထန်းပင်လေးက သားသမီးတစ်ယောက်ထက်တောင်ပိုပြီး အသုံးကျသေးတယ်၊လို့ပြောတာကိုကြားဖူးကြလား။ ထန်းပင်ရဲ့ အရွက်က အမိုးမိုးလို့ရတယ်။ ထန်းသီးအဆံကစားလို့ရတယ်။ ထန်းသီးမှည့်သွားရင်လည်း အနှစ်တိုက်ပြီး ထန်းသီးမုန့်လုပ်စားလို့ရတယ်။ အမြစ်ကလည်း စားလို့ရပါတယ်။ ထန်းပင်ကအိုသွားလို့ ခုတ်လှဲရပြီဆိုရင်လည်း ပင်စည်ကို ကြမ်းခင်းအဖြစ်သုံးလို့ရပါသေးတယ်။ ထန်းရည်နဲ့ ထန်းလျက်ကလည်း ထန်းပင်ကနေရတဲ့ အရာတွေပါပဲ။ ကဲ ဘယ်လောက်တောင်အသုံးဝင်လိုက်သလဲနော်။ ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံလေးပါ။ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးတွေပေါ့။ ထန်းသီးတစ်လုံးမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။

အစာတစ်လုတ်ကို အခါ ၃၀ လောက် ဝါးစားသင့်တယ် ဆိုတဲ့အကြောင်းကို ငယ်ငယ်တုန်းက ကြားဖူးကောင် း ကြားခဲ့ဖူးပါလိမ့်မယ်။ ခက်တာက ကြားဖူးပြီး လိုက်မလုပ်ကြတဲ့သူ ၁၀၀ မှာ ၉၇ ယောက်လောက်ရှိနေပါတယ်။ အစားတွေ အများကြီးစားချင်တဲ့ စိတ်နဲ့ အစားကို မြန်မြန်စားတာမျိုး၊ ကျောင်းသွား အလုပ်တစ်ဖက်နဲ့မို့ အစားကို မြန်မြန်စားဖြစ်နေကြတဲ့သူတွေ တစ်ပုံကြီးပါ။ တစ်ချို့ကလည်း အစားစားမြန်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ကြတဲ့သူတွေရှိပါတယ်။ အဲလို အစားကိုသေချာ ကြေညက်အောင် ဝါးမစားရင်တဖြည်ဖြည်းချင်းနဲ သင့်အစာအိမ်ကျန်းမာရေး ပြဿနာတက်တတ်တယ်ဆိုတာ သင်သိပါသလား ။ အစားကို ဘယ်နှစ်ခေါက်လောက်ဝါးစားသင့်လဲ ။ ။ အစားကို ဝါးစားတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ ဘယ်အစားအသောက်ကိုမဆို ပျော့ပျောင်းသွားအောင် သွားတွေကို ကြိတ်ချေလိုက်တာဖြစ်ပါတယ်။ အစားကို ဝါးစားခြင်းဟာ အစာခြေစနစ်ရဲ့ ပထမဆုံး အလုပ် ဆိုလည်း မမှားပါဘူး။ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကျအားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ

ခုနေခါ ဝိတ်ချတော့မယ်လို့ အာရုံပြုလိုက်တာနဲ့ခေါင်းထဲတန်းပေါ်တာက ဂျင်မ်သွားကစားမယ်၊ ဂျင်မ်ဝတ်စုံတွေပြေးဝယ်မယ်ဆိုတာပါပဲ။ အဆီကျလှပအောင် ကစားမယ်၊ ဓါတ်ဖမ်းမယ်၊ စိတ်အားတက်ကြွမှုတွေနဲ့ပေါ့။ အစားလည်းလျှော့ကြပါရဲ့။ ဒါပေမယ့် သတိမထားမိကြတာက ဂျင်မ်သွားနေလျက်နဲ့ အဆီချခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်မှားတွေလုပ်မိနေတာပါပဲ။ တချို့က ဂျင်မ်သွားနေတာပဲ ပြန်လောင်ကျွမ်းမှာပါဆိုပြီး အစားတွေစားတယ်။ တချို့ကျတော့ အစားရှောင်ပါတယ်၊ ဒါပေမယ့် ရွေးစားလိုက်တာတွေလည်း မှားယွင်းနေတာ မသိကြပါဘူး။ ဒါဆို ဂျင်မ်မသွားခင် ၊ အားကစားမလုပ်ခင်မှာ ဘာတွေမစားသင့်ဘူးလဲ ကြည့်ရအောင်။ အားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ အမျှင်ဓါတ်များတဲ့ အသီးအရွက်တွေ ခန္ဓါကိုယ်မှာ အမျှင်ဓါတ်ကိုလိုအပ်တာမှန်ပေမယ့် အားကစားမလုပ်ခင်တော့ မစားသင့်ပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီပန်းတို့လို အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက အစာကြေဖို့မလွယ်သလိုလေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်မပြေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာကြေလွယ်တာကို စားပါ။ အဆီများတဲ့ စားစရာတွေ အဆီတွေအားလုံးက မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုအကျိုးပြုတဲ့အဆီတွေရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်ခါနီးဆိုရင်တော့ ဘယ်အဆီဖြစ်ဖြစ် မသင့်တော်ပါဘူး။ အဆီကိုခွန်အားလောင်စာအဖြစ် ပြောင်းလဲလောင်ကျွမ်းဖို့ ခန္ဓါကိုယ်က […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အိမ်ရှင်မတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာချက်ပြုတ်ဖို့

ကျန်းမာရေးဆိုတာ လူသားတိုင်းရဲ့ နေ့စဉ် ဘဝအတွက် အလွန်အရေးကြီးပါတယ်။ တစ်အိမ်သားလုံးရဲ့ စားသောက်နေထိုင်မှုကို တာဝန်ယူထားရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်ဆိုရင် ပိုပြီးတောင် ခေါင်းစားရပါတယ်။ နေ့တိုင်း ဟင်းတွေ မရိုးရလေအောင် ဘာတွေချက်ပြုတ်ရမလဲ။ ဈေးသွားတဲ့အခါ ဘာတွေ ဝယ်သင့်လဲ။ ကိုယ်ချက်လိုက်တဲ့ အစားအစာက ကိုယ့်မိသားစုအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား။ အာဟာရရှိတဲ့ အစားအစာ ချက်ပြုတ်ဖို့ ဘယ်လိုရွေးချယ်ပြင်ဆင်ကြမလဲ။ ဒီမေးခွန်းတွေဟာ အိမ်မှုကိစ္စအ၀၀ကို တာဝန်ယူနေရတဲ့ အိမ်ထောင်ရှင် မမတွေနဲ့ မေမေတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အစားအစာကို ပြင်ဆင်ချက်ပြုတ်တာဟာ ပေါ့သေးသေး အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ့ခန္ဓါကိုယ်က နေ့စဉ် လိုအပ်တဲ့ အာဟာရဓါတ်တွေ၊ အလုပ်လုပ်နိုင်စေဖို့ ခွန်အားဖြစ်စေတဲ့ အရာတွေ၊ ကျန်းမာအသက်ရှည်စေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို နေ့စဉ် စားသုံးနေတဲ့ အစားအစာကနေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ

လူ့ပတ်ဝန်းကျင်ဆိုတာလည်း အခက်သားဗျ။ ဝတဲ့သူတွေဆို ပိန်လိုက်ရင် လှသွားမှာလို့ ပြောကြတယ်။ ပိန်တဲ့သူတွေ ဆိုရင်လည်း ဝလာရင် ကြည့်ကောင်းမှာ ဆိုပြီး ပြောကြတယ်။ ဒီလိုစကားသံတွေ မကြာခဏ ကြားရတဲ့အခါ လူတွေဟာ ပိန်ခြင်း၊ ဝခြင်း ဆိုတဲ့ ရုပ်လက္ခဏာကို စိတ်ထဲမှာ အမြဲထားလာကြတယ်။ စိတ်ညစ်စရာ၊ ပူပန်စရာ၊ ရှက်ရွံ့စရာ ကိစ္စတစ်ခုလို ဖြစ်လာကြတယ်။ ကျန်းမာရေးအရ အဝလွန်ခြင်း၊ ပိန်လွန်းခြင်းတွေဟာ မကောင်းတဲ့ အရာတော့ မှန်ပေမယ့် အလှအပအတွက်ဆိုရင် ကိုယ့်ရဲ့ အသက်ပေါ် မူတည်ပြီး ရှိသင့်၊ ရှိထိုက်တဲ့ ကိုယ်ခန္ဓာအချိုးအစား၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ထိန်းထားဖို့တော့ လိုအပ်ပါတယ်။ ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ ကြီးထွားဖွံ့ဖြိုးနေတဲ့ အရွယ်တွေဖြစ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက် လူပျို၊ အပျိုတွေဆိုရင်လည်း နေ့စဉ် အာဟာရဓါတ် စုံလင်စွာ မရရှိတဲ့အခါ ကိုယ်အလေးချိန်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ ဘာတွေ စားပေးသင့်လဲ ။ ။

သိုင်းရွိုက်ဟော်မုန်းများခြင်း ဆိုတာကို အားလုံးသိကြမှာပါ။ လည်ပင်းကြီး ရောဂါလို့လည်း လူသိများကြပါတယ်။ ဒီလို လည်ပင်းကြီးပြီး သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက်ဟာ ဆေးကုသမှုခံယူရင် အကြာကြီးခံယူရပြီး ဆေးကို အကြာကြီးစွဲသောက်ရလေ့ရှိပါတယ်။ ဆေးသောက်ရုံနဲ့တင်မပြီးသေးပါဘူး။ ကိုယ်စားတဲ့ အစားအသောက်တွေကလည်း သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်ဆိုတာကို သင်သိပါသလား။ ဒါဆို သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက် စားပေးသင့်တဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။ သိုင်းရွိုက်ဟော်မုန်းများရင် ဘယ်လို လက္ခဏာတွေရှိမလဲ ။ ။ သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက်ဟာ ရင်တုန်မယ် ဝမ်းလျှောမယ် ကိုယ်အလေးချိန် ကျနေမယ် စိတ်တိုလွယ်ပြီး စိတ်မရှည်ဘူး အပူဒဏ်ကို မခံနိုင်ဘူး စတဲ့ လက္ခဏာတွေရှိတတ်ပါတယ် ။ ဒီလို လက္ခဏာတွေက ဖတ်လိုက်ရင် သိပ်မဆိုးဘူးလို့ ထင်ရပေမယ့် တကယ်ခံစားနေရတဲ့သူတွေ အတွက်တော့ တော်တော်ကြီးကိုခံရခက်တဲ့ ဝေဒနာတွေပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အော်လ်မွန်စေ့ကို နေ့စဉ်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ

အစေ့အဆန်တွေမှာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေတဲ့ အဆီအနှစ်၊ အာဟာရတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို လိုက်စားသူတွေရဲ့ နေ့စဉ်အစာအာဟာရမှာ အစေ့အဆန်ဟာ မဖြစ်မနေ ပါဝင်သင့်တဲ့ အစားအစာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အစေ့အဆန်တွေထဲမှာမှ အရသာလည်း ရှိပြီး အာဟာရဓါတ်များစွာ ပေးစွမ်းနိုင်တဲ့ အော်လ်မွန်စေ့ကို ပုံမှန်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ အော်လ်မွန်စေ့မှာ လူ့ခန္ဓါကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ အမျှင်ဓါတ်၊ အသားဓါတ်၊ ဗီတာမင် B ၊ ဗီတာမင် E ၊ သံဓါတ်၊ ဇင့်ဓါတ်၊ ကယ်လ်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဖော့စရပ်စ်၊ ကစီဓါတ်အနည်းငယ်အပြင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီသန့်၊ ကယ်လိုရီဓါတ်တွေ […]


အဝလွန်ခြင်း

ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။

ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။ ရေခဲမုန့်တို့ အိုက်စ်ကရင်း တို့ဆိုတာ လူတိုင်း သည်းခြေကြိုက်ကြတဲ့ အစားအသောက်တစ်ခုပါ။ မကြိုက်တဲ့သူ အင်မတန်မှ ရှားလောက်အောင် နာမည်ကြီးလူကြိုက်များကြတဲ့ အချိုပွဲတစ်ခုပါ။ ဒီလူတိုင်း ကြိုက်ကြတဲ့ အိုက်စ်ကရင်းကို သင့်ကိုယ်ခန္ဓာက မကြိုက်ဘူးဆိုရင်တော့။ ဘာလို့လဲ ၊ ရေခဲမုန့်က သင့်ကိုယ်ခန္ဓာကို ဘယ်လိုတွေ ဒုက္ခပေးလို့လဲ။ ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။ ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါဘူးလို့ ပြောရတာက ဒီအချက်လေးတွေကြောင့်ပါ။ ရေခဲမုန့်ကြောင့် သင် အဝလွန်ခြင်း ဖြစ်နိုင်ပါတယ်။  ရေခဲမုန့်တစ်ခွက်ဖြစ်လာဖို့ သကြားတွေ၊ နို့တွေအများကြီးနဲ့ ဖန်တီးထားရတာကြောင့် ရေခဲမုန့်တစ်ခွက်မှာ ကယ်လိုရီများစွာ ပါဝင်ပါတယ်။ ဒီလို ခွက်သေးသေးလေးတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကယ်လိုရီက များလွန်းတာကြောင့် ရေခဲမုန့်များများစားလေ ကယ်လိုရီတွေ ကိုယ်ခန္ဓာထဲများများဝင်လေ ပိုဝလာလေလေပါပဲ။ သကြားဓာတ်ပါဝင်မှု မြင့်ပါတယ်။  ရေခဲမုန့်ရဲ့ အရသာကိုတည်းက ချိုချိုလေးဖြစ်တာကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေလေး ဝါဝါဝင်းချင်လို့ကတော့ ရွှေဖရုံသီးသာ စားပေတော့ဗျို့။ ။

ဝါဝါဝင်းဝင်းလေးနဲ့ စိမ့်ပြီး စားလို့ကောင်းလှတဲ့ ရွေဖရုံသီးဟာ ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ကိုယ်တွေနဲ့ မစိမ်းတဲ့ ဟင်းပွဲတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးလေးတွေ ရှိလဲဆိုတာ သိထားတော့ ပိုကောင်းတာပေါ့နော်။ ရွှေဖရုံသီးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုမှုများ ။ ။ အာဟာရဓါတ်များစွာနဲ့ ဗီတာမင် A တွေ ကြွယ်ဝစွာပါပါတယ်။ ။ ဗီတာမင် A အများကြီးပါတဲ့ ဒီ ရွှေဖရုံသီးမှာ အခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ များစွာပါတဲ့အပြင် ကယ်လိုရီ ၄၉ လောက်ပဲပါတာကြောင့် ဝိတ်ချနေတဲ့သူတွေ ထိပ်ဆုံးက စားသင့်တဲ့အစားအသောက်တစ်ခုပါ။ ဒါ့အပြင် မျက်စိကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ beta-carotene တွေလည်း အများဆုံးပါတဲ့ အစားအသောက်တစ်ခုဖြစ်တာကြောင့် အမြင်အာရုံ မကြည်မလင် ဖြစ်နေသူတွေ စားပေးသင့်တဲ့ ရွှေဖရုံသီးပါ။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါပါတယ်။ ။ အသီးအနှံတိုင်းကတော့ ဓါတ်တိုးဆန့်ကျင်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း