ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဆိတ်နို့ သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

နို့လို့ ပြောလိုက်တယ်ဆိုရင် လူတော်တော်များများ ပြေးမြင်ကြတာက နွားနို့ကိုပါ။ ဒါပေမယ့် သောက်လို့ရတာက နွားနို့တစ်ခုတည်း မဟုတ်ပါဘူး။ ဆိတ်နို့ ၊ ကျွဲနို့နဲ့ မြင်းနို့တို့ကလည်း သောက်လို့ရပါတယ်။ ဆိတ်နို့ဆိုရင် နွားနို့ထက် ပိုမွှေးသလို ပိုလည်းဆိမ့်ပါတယ်။ ဒီတစ်ခေါက်တော့ သောက်ရတာဆိမ့်ပြီး အရသာရှိလှတဲ့ ဆိတ်နို့အကြောင်းလေး နည်းနည်းလောက်ပြောပြပါရစေ။ ဆိတ်နို့ အကြောင်း တစ်စေ့တစောင်း ဆိတ်နို့ က အရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း တော်တော်လေးများပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ စုံလင်စွာ ပါဝင်နေတဲ့အတွက် သောက်သုံးဖို့ သင့်တော်တဲ့ နို့တစ်မျိုးပါ။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သကြားဓာတ်၊ ဆိုဒီယမ်တို့ ပါဝင်နေသလို ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်တို့လိုမျိုး သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်တွေအနေနဲ့ကတော့ ဗီတာမင် A၊ ဗီတာမင် B […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဖာ (Kefir) ဆိုတာ ဘာအတွက်ကောင်းတာလဲ

ကီဖာ (Kafir) ဆိုတာ နွားနို့ ဒါမှမဟုတ် ဆိတ်နို့ကနေ အချဉ်ဖောက်ထားတဲ့သောက်စရာတမျိုးပါ။ နို့ထဲကို ကီဖာစေ့လေးတွေထည့်ပြီးဖောက်ရတာဖြစ်ပါတယ်။ ကီဖာအကြောင်းကို သိတဲ့သူတွေသိကြပါတယ်။ အွန်လိုင်းမှာတောင် ကီဖာအကြောင်းဝေမျှကြ၊ ကီဖာတွေ မျှပေးကြတဲ့ ဂရုတွေရှိပါသေးတယ်။ စိမ်ထားပြီး ၂၄ နာရီအတွင်းမှာ ကီဖာစေ့ထဲက အဏုဇီဝပိုးလေးတွေ ပွားလာပြီး နို့ထဲကသကြားနဲ့ အချဉ်ပေါက်လာတယ်၊ ကီဖာဖြစ်သွားတယ်ပေါ့။ပြီးရင် ကီဖာစေ့ကိုအရည်ထဲကဆယ်ထုတ်ထားပြီးနောက်တစ်ကြိမ်ထပ်သုံးလို့ရပါတယ်။ ကီဖာဆိုတာ ကီဖာစေ့တွေစိမ်ထားတဲ့အရည်သာဖြစ်ပြီး ကီဖာစေ့တွေကိုတော့ ထပ်ထပ်ပွားဖို့ သုံးရတာဖြစ်ပါတယ်။ အရှေ့ဥရောပဘက်ကနေ စတင်အသုံးပြုလာတဲ့ ကီဖာ (Kefir)ဆိုတဲ့အမည်က keyif ဆိုတဲ့တူရကီဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ စားပြီးရင်နေလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ကီဖာစေ့ရဲ့ lactic acid ဘက်တီးရီးယားက နို့ရဲ့lactose ကိုlactic acid အဖြစ်ပြောင်းလဲစေတာကြောင့် သူ့အရသာက ဒိန်ချဉ်လို အရသာလေးဖြစ်ပါတယ်။ ကီဖာက ဘာအတွက်ကောင်းတာလဲ အာဟာရဓါတ်တွေအများကြီးပါဝင်တယ် ကီဖာ ၁၇၅ မီလီတစ်ခွက်စာမှာ - ပရိုတင်း ကယ်လ်စီယမ် ဖော့စ်ဖရပ်စ် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန် လျှော့နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် စိတ်ပိုင်းဆိုင်ရာ လှည့်စားနည်းလမ်းအချို့

ဝိတ်ချမယ် ဆိုတာနဲ့ လူအများသိထားကြတာတော့ အစားလျှော့စားတာပါပဲ။ ဒါပေမယ့် တကယ်တမ်း လျှော့စားဆိုရင် အရှိန်မသက်နိုင်ဘဲ စားစားမိသွားတတ်တာလည်း တော်တော်များများဆီကနေ ပြန်ကြားနေရပါတယ်။ တကယ်တော့ ဒီလို လျှော့စားဖို့ဆိုတာ psychological approach (စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု) တွေ အများကြီးလိုပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့ (၁) မနက်စာ၊ နေ့လယ်စာ၊ ညစာ စားတဲ့ အခါ မှာ အနည်းဆုံး ၁၅-၃၀ မိနစ်ကြာအောင် စားပေးပါ။ ဒါမှ ဦးနှောက်က စားတဲ့ အချိန်ကြာလေ ဗိုက်ပြည့်သွားပြီဆိုတဲ့ ခံစားချက်ဖြစ်လေ ဖြစ်တဲ့အတွက် စားစရာ မကုန်သေးခင်မှာပဲ စားချင်စိတ်အလိုလိုပျောက်သွားတတ်ပါတယ်။ ကုန်သွားခဲ့ရင်တောင် တော်ရုံတန်ရုံ ထပ်မယူဖြစ်တော့ပါဘူး။ (၂) ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့် လုပ်ပါ။ ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား ...... အဆီစားလို့ ဝတာလို့ပြောကြတယ်။ ဒီတစ်ခါ အဆီ ပိုစားပြီးဝိတ်ချတဲ့နည်းရှိတယ်ဆို အံ့သြသွားမှာလား။ ကီတိုစားသောက်နည်း (Keto Diet) ဆိုတာ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ပြီး ပရိုတင်းနဲ့ အဆီဓါတ်တွေကနေ ကယ်လိုရီပိုရယူတာဖြစ်ပါတယ်။ အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား .... မသိသေးဘူးဆိုရင် အတူတူ လေ့လာလိုက်ရအောင်နော်။ တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓါကိုယ်ရဲ့လည်ပတ်မှုတွေအတွက် အမြန်အသုံးပြုနိုင်မယ့်လောင်စာ(သွေးတွင်းသကြားဓါတ်)ကုန်သွားမှာပါ။ ဒီလိုနဲ့ ခန္ဓါကိုယ်က ပရိုတင်းနဲ့အဆီတွေကို လောင်စာခွန်အားအဖြစ်ပြောင်းလဲလိုက်မှာဖြစ်လို့ ဝိတ်ကျစေမှာပါ။ ဒီဖြစ်စဉ်ကိုketosis လို့ခေါ်ပါတယ်။ လူ့ခန္ဓါကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ်အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့်ketosisဖြစ်စဉ်မှာတော့ အဆီတွေကိုလောင်ကျွမ်းပစ်ဖို့ အဓိကပြောင်းလဲဦးတည်လာပါတယ်။ ဘယ်သူတွေအတွက်သုံးတဲ့နည်းလဲ ကီတိုနည်းကို ကိုယ်အလေးချိန်ကျဖို့အသုံးများကြပေမယ့် အတက်ရောဂါ အပါအဝင်ရောဂါတချို့အတွက်ကုသတဲ့နေရာမှာ သုံးကြပါတယ်။ နှလုံးရောဂါ၊ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေအပြင် ဝက်ခြံအတွက်ပါ အကျိုးဖြစ်စေတဲ့နည်းဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေအတွက်တော့ ကီတိုနည်းက […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ။ ။

ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ဝိတ်ကျစေဖို့ လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားအသောက်တွေထိန်းစားရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဝိတ်ကျအောင် လေ့ကျင့်ခန်းတွေလုပ်လုပ်၊ အစားအသောက်တွေထိန်းစားစား ကိုယ့်အလေးချိန်မကျတာမျိုးတွေ အားလုံးကြုံဖူးကြမယ်လို့ထင်ပါတယ်။ ဘာတွေ လိုနေသေးတာလဲ။ အစားသောက်တွေ လေ့ကျင့်ခန်းတွေကြောင့် ဝိတ်ကျစေနိုင်တာမှန်ပေမယ့် ပိုပြီး နည်းလမ်းမှန်မှန်နဲ့ မြန်မြန် ဝိတ်ကျချင်ရင်တော့ မနက်တိုင်း ခုပြောပြမယ့် အလေ့အကျင့်လေးတွေ လုပ်ပေးဖို့လည်း လိုပါသေးတယ်။ ကိုယ့်ရဲ့နေထိုင်မှုပုံစံဆိုတာ ကိုယ်အလေးချိန်အပေါ်ကို အများကြီးသက်ရောက်မှုရှိတဲ့ အရာတစ်ခုပါ။ ကဲ ဝိတ်ကျပြီး ဘယ်တော့မှ ပြန်မတက်ဖို့ မနက်တိုင်း လုပ်ပေးသင့်တဲ့ အရာတွေ ဘာတွေလဲ။ ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ။ ဝိတ်ကျစေဖို့ မနက်တိုင်း ဒါလေးတွေကို ပုံမှန် လုပ်ပေးပါ။ ၁ ။ ပရိုတင်းများများပါတဲ့ မနက်စာကို ရွေးစားပါ။  ဝိတ်တော့ ကျချင်ပါရဲ့။ စားတဲ့မနက်စာက ပလာတာ၊ စမူဆာ၊ နန်းကြီးသုတ်၊ ထမင်းကြော်တွေ ဆိုလို့ကတော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics က ကောင်းလား၊ မကောင်းဘူးလား

အခုရက်ပိုင်း ကြော်ငြာတွေ မှာ probiotics အကြောင်းတွေ ပြောပြီးကြော်ငြာလာကြတော့ လူတော်တော်များများ ကတော့ probiotics က ကောင်းမှန်းတော့ သတိထားလာမိကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ကျန်းမာရေး အတွက် အကျိုးရှိနိုင်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြပေးချင်ပါတယ်။ Probiotics ဆိုတာဘာလဲ တကယ်တော့ probioticsဆိုတာ အသက်ရှိသေးတဲ့ ဘက်တီးရီယားတွေပါပဲ။ ဘက်တီးရီးယားလို့ပြောတော့ ကျွန်တော်တို့ စိတ်ထဲ ဝင်လာတာကတော့ လူကို ဒုက္ခပေးစေတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မမြင်ရတဲ့ ပိုးမွှား သန်းပေါင်း များစွာရှိနေပါတယ်။ အကုန်လုံးက ဒုက္ခမဖြစ်စေပါဘူး။ တချို့ က ဒုက္ခပေးတာ ရှိသလို၊ တချို့ကျပြန်တော့လည်း လူ့ ခန္ဓာကိုယ် ကို ကောင်းကျိုးပေးနိုင်ပါတယ်။ probioticsဆိုတာ ကောင်းကျိုးပေးတဲ့ bacteria နှင့် yeast […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆား နဲ့ ကျန်းမာရေး

ဆားတွေ အများကြီးမစားနဲ့သွေးတိုးလိမ့်မယ်။ ကျန်းမာအောင်အငန်လျှော့စားလေဆိုတဲ့စကားတွေက ပုံမှန်လိုလိုကြားနေရတဲ့ စကားသံပါနော်။ ဒါဆို ဆားက မစားဘဲနေရမှာလား။ ဆားလုံးဝမစားရတော့ဘူးလား။ ဆားက စားတာနဲ့ ကောင်းကျိုးမပေးဘဲ ဆိုးကျိုးတွေပဲဖြစ်နေတာလားဆိုပြီးမေးစရာလေးရှိလာပါပြီ။ ဒီအမေးတွေကို ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။ ဆားက သွားနဲ့ခံတွင်းအတွက်ကောင်းတယ်ဆိုတာကပြောနေစရာမလိုအောင်အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါဆို ဆားက ကျန်းမာရေးအတွက်ကောင်းတယ်ပြောရမှာလား။ တကယ်တော့ ဆားက လုံးဝမစားဘဲနေရမယ့် အရာတော့မဟုတ်ပါဘူး။ ဆားက သွားနဲ့ခံတွင်းရောဂါအတွက်တင်မဟုတ်ပါဘူး။ ဆားက ကူးစက်ရောဂါအတွက်ရော အနာတွေကို သက်သာစေဖို့အတွက်ပါ အသုံးတည့်ပါတယ်။ နေ့စဉ်စားသုံးမှုမှာ ဆားထည့်စားသင့်တဲ့အကြောင်းအရင်း ဆားကို စားနေကျအစားအသောက်တွေထဲမှာ ဆားထည့်စားတာ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ ရေဓါတ်ပြည့်ဝစေတယ် ခန္ဓါကိုယ်မှာ ဆိုဒီယမ် နဲ့ ပိုတက်ဆီယမ် မျှတနေမှကောင်းကောင်းလှုပ်ရှားနိုင်မှာပါ။ ဒါမှလည်း လိုအပ်တဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်တင်းနိုင်မှာပါ။ ခန္ဓါကိုယ်မှာရေဓါတ်မျှတချင်တယ်ဆိုရင် ဆားကို အတန်အသင့်စားသုံးပေးပါ။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ် ဆားက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ပင်လယ်ဆားက စားပွဲတင်ဆားနဲ့မတူပါဘူး။ဆေးဖက်ဝင်ပါတယ်။ ပင်လယ်ဆားမှာ သဘာဝအတိုင်း သတ္တုဓါတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ ကြွက်မတက်အောင်ကာကွယ်ပေးတယ် ပင်လယ်ဆားမှာပါတဲ့ ဓါတ်က […]


ကျန်းမာစွာ စားသောက်ခြင်း

ထမင်းကြမ်း အပါအဝင် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုး

မီးဖိုချောင်မှာ မကုန်သင့်တာ မကုန်အောင်၊ အလဟဿမဖြစ်အောင်၊ အလေအလွင့်နည်းအောင် စီမံနိုင်ရင် အိမ်ထောင်ရှင်မ ပီသတယ်လို့ ချီးကျူးကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စီမံကွပ်ကဲမှုအောက်က အစားအသောက်တွေက ဘေးကင်းဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ကိုယ့်မိသားစုကို အဆိပ်တွေကျွေးနေသလို ဖြစ်နေပါလိမ့်မယ်။ နှမျောသင့်တာ နှမျောပါ။ ဒါပေမယ့် ကျန်းမာရေးအသိတော့ ရှိထားဖို့အရေးကြီးပါတယ်။ ဒီလိုပြောလို့ ကျန်သမျှ အစားအသောက်တွေကို နေ့မကူးစေဘဲ လွှင့်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ အရင်နေ့ကကျန်တဲ့ ဘယ်အစားအစာကိုမဆို မသိုးရင်စားလို့ရတယ်၊ပြန်နွှေးလိုက်ရင် ပိုးသေတာပဲ ဘာမှမဖြစ်ဘူး ဆိုတဲ့အတွေးကို အမြဲမတွေးစေချင်တာပါ။ပြန်နွှေးစားလို့ရတဲ့ အစားအစာ၊ ပြန်မနွှေးသင့်တဲ့အစားအစာဆိုတာရှိပါတယ်။ ဘယ်အစားအစာတွေကို ပြန်နွှေးစားဖို့ မသင့်တာလဲ ကြောင်အိမ်ထဲပဲ သိမ်းထားထား၊ ရေခဲသေတ္တာထဲပဲ ထည့်ထည့် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ (၁) နိုက်ထရိတ်ပါဝင်မှုများတဲ့ အသီးအရွက်တွေ ဟင်းနုနွယ် ဒါမှမဟုတ် အစိမ်းရောင် အသီးအရွက်တွေ၊ မုန်လာဥနီ၊ တရုတ်နံနံ စတာတွေကိုပြန်နွှေးမစားသင့်ပါဘူး။ နိုက်ထရိတ်ကြွယ်ဝတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မနေ့က ရေနွေး ပြန်နွှေးမသောက်သင့်တဲ့အကြောင်းရင်း

ရေကိုကျိုချက်ပြီးသောက်ပါ ဆိုတာ ကျန်းမာရေးအသိပညာဖြန့်ဝေတဲ့အခါတိုင်း ပြောလေ့ရှိကြတဲ့စကား။ ဒါပေမယ့် ကျိုချက်တိုင်းဘေးကင်းတာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျိုချက်ပြီးသားရေနွေးပူကို မပူတော့ရင်ဖြစ်ဖြစ်၊ နောက်တစ်နေ့ကြာသွားရင်ဖြစ်ဖြစ် နှမျောပြီး ပြန်နွှေးသောက်ကြလို့ပါပဲ။ သင်ရော ဓာတ်ဘူးထဲက ရေနွေးအကျန်တွေကို ဘာလုပ်ပစ်လဲ၊ သွန်ပစ်လား၊ပြန်နွှေးသောက်တာလား။ အခုဆို သုံးမိနစ်အမြန်တည် လျှပ်စစ်ရေနွေးအိုးတွေ အသုံးများလာတော့ ပိုဆိုးပါတယ်။ လိုတဲ့အချိန် အမြန်တည်လို့ရတော့ တချို့ကကော်ဖီတစ်ခွက်စာယူသောက်လိုက်၊ ကျန်တာဒီအတိုင်းထားလိုက်၊ လိုရင်ပလပ်ထိုးပြီးပြန်နွှေးလိုက် လုပ်တတ်ပါတယ်။ ဒါပေမယ့် ပြဿနာက ဆူပြီးသားရေကို ပြန်မတည်ဖို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ရေကိုပြန်တည်ရင် သူ့မှာပါတဲ့ပျော်ဝင်ဓာတ်ပစ္စည်းတွေရဲ့ ပမာဏတိုးလာနိုင်ပါတယ်။ ပြန်တည်တဲ့ရေမှာ အန္တရာယ်ဖြစ်လာနိုင်တဲ့ ဓာတ်တွေက - နိုက်ထရိတ် -ရေမှာပျော်ဝင်နေတဲ့ နိုက်ထရိတ်က ပုံမှန်တော့ အန္တရာယ်မရှိပေမယ့် အရမ်းခန်းအောင်တည်ထားတဲ့ရေ သို့မဟုတ် ပြန်တည်ထားတဲ့ရေမှာ နိုက်ထရိတ်က ကင်ဆာ၊ သွေးကင်ဆာ၊ သွေးဖြူဥကင်ဆာတို့လို ရောဂါတွေဖြစ်စေနိုင်တဲ့ အဆိပ်ဓာတ်nitrosamineဖြစ်လာနိုင်ပါတယ်။ အာဆင်းနစ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နုပျိုကျန်းမာလှပလိုသူတိုင်း စားသင့်တဲ့ အစာအာဟာရ

အသက်အရွယ်အိုမင်းခြင်းနဲ့ ဇရာဆိုတာ လူသားတိုင်း ရှောင်လွှဲလို့ မရတဲ့ အရာပါ။ ဒါပေမယ့် တချို့သော အစားအအစာတွေကတော့ ကိုယ့်ရဲ့ မျက်နှာကို တင်းတင်းရင်းရင်းနဲ့ နုပျိုလှပေစပြီး အရေးအကြောင်းတွေ အလွယ်တကူဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆိုရင် အရွယ်တင်နုပျိုလှပလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ပြောပြပေးချင်ပါတယ်။ ၁။ လက်ဖက်စိမ်း ရေနွေးကြမ်း လက်ဖက်စိမ်းမှာ ပါဝင်တဲ့ Antioxidant တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ြခင်းကို တားဆီးပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓါတွင်း ပုံမှန် ဇီဝကမ္မဖြစ်ပျက်ပြောင်းလဲမှုကို အထောက်အကူဖြစ်စေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကို ကြည်လင်စေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါသည်ေတွမှာ တွေ့ရတတ်တဲ့ အင်ဆူလင်မတိုးတော့တဲ့ ပြဿနာကို ဖြေရှင်းပေးပြီး နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ၂။ သဘာဝသံလွင်ဆီ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဆီသန့်တွေထဲမှာ သံလွင်ဆီလည်း တစ်ခု အပါအဝင်ပါပဲ။ တခြားပြည့်ဝဆီတွေနဲ့ မတူပဲ သွေးတိုးကျစေနိုင်တဲ့အပြင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း