backup og meta

သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ ဘာတွေ စားပေးသင့်လဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ ဘာတွေ စားပေးသင့်လဲ ။  ။

    သိုင်းရွိုက်ဟော်မုန်းများခြင်း ဆိုတာကို အားလုံးသိကြမှာပါ။ လည်ပင်းကြီး ရောဂါလို့လည်း လူသိများကြပါတယ်။ ဒီလို လည်ပင်းကြီးပြီး သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက်ဟာ ဆေးကုသမှုခံယူရင် အကြာကြီးခံယူရပြီး ဆေးကို အကြာကြီးစွဲသောက်ရလေ့ရှိပါတယ်။ ဆေးသောက်ရုံနဲ့တင်မပြီးသေးပါဘူး။ ကိုယ်စားတဲ့ အစားအသောက်တွေကလည်း သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်ဆိုတာကို သင်သိပါသလား။ ဒါဆို သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက် စားပေးသင့်တဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။

    သိုင်းရွိုက်ဟော်မုန်းများရင် ဘယ်လို လက္ခဏာတွေရှိမလဲ ။ ။

    သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက်ဟာ

    • ရင်တုန်မယ်
    • ဝမ်းလျှောမယ်
    • ကိုယ်အလေးချိန် ကျနေမယ်
    • စိတ်တိုလွယ်ပြီး စိတ်မရှည်ဘူး
    • အပူဒဏ်ကို မခံနိုင်ဘူး စတဲ့ လက္ခဏာတွေရှိတတ်ပါတယ် ။

    ဒီလို လက္ခဏာတွေက ဖတ်လိုက်ရင် သိပ်မဆိုးဘူးလို့ ထင်ရပေမယ့် တကယ်ခံစားနေရတဲ့သူတွေ အတွက်တော့ တော်တော်ကြီးကိုခံရခက်တဲ့ ဝေဒနာတွေပါ။ ဒီလို ဝေဒနာတွေကို ဆေးနဲ့ထိန်းတာအပြင် အစားအအသောက်တွေနဲ့ပါထိန်းပေးရင် ခံစားနေရတာတွေရဲ့ တစ်ဝက်ကျော်ကျော်လောက် သက်သာသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ဘာတွေ စားပေးရမလဲ ။ ။

    သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ ဘာတွေ စားပေးသင့်လဲ ။ ။

    သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ ဘာတွေ စားပေးသင့်လဲ ဆိုတော့

    ဘယ်ရီသီးများ – စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ ကြိုက်တဲ့ ဘယ်ရီသီးစားလို့ရပါတယ်။ သိုင်းရွိုက်ဟော်မုန်းများနေလို့ ကမောက်ကမ ဖြစ်နေတဲ့ သင့်ခုခံအားစနစ် ပြန်လည်ကောင်းမွန်စေဖို့ အတွက် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဘယ်ရီသီးမှာ အပြည့်ပါတာကြောင့် သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ ဘယ်ရီသီးကို ရွေးချယ်ပြီး စားသင့်ပါတယ်။

    ပန်းဂေါ်ဖီစိမ်– ပန်းဂေါ်ဖီစိမ်း မှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုတာ သင်သိမှာပါ။ ဒီပန်းဂေါ်ဖီစိမ်းဟာ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်း တွေ အများကြီးမထွက်အောင် လျှော့ချပေးနိုင်တယ်ဆိုတာ သင်သိပါသလား ။ ဒါကြောင့် သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ အနေနဲ့ ကိုယ်စားတဲ့ ဟင်းပွဲလေးထဲမှာ နေ့တိုင်း မဟုတ်တောင် တစ်ပါတ်ကို ၂ ခါလောက်တော့ ပန်းဂေါ်ဖီစိမ်း စားပေးသင့်ပါတယ်။

    ဗီတာမင် D နဲ့ omega 3 တို့ဟာ သိုင်းရွိုက်ဟော်မုန်း ကျန်းမာရေးအတွက် လိုအပ်တဲ့ အရာတွေပါ –အားလုံး သိကြမှာပါ ။ ဗီတာမင် D ကို မနက်ပိုင်း နေရောင်ခြည်ကို ခံပေးရင် ရတယ်ဆိုတာ။ ဒီလို နေရောင်ထဲကို ထွက်ရတာ မကြိုက်တဲ့သူတွေ အတွက်တော့ ဗီတာမင် D ရချင်ရင် ဆယ်လ်မွန်ငါးတွေ စားပေးလို့ရပါတယ်။ omega 3 ကိုတော့ သစ်ကြားသီး၊ သံလွင်ဆီတို့ ကနေ ရနိုင်ပါတယ်။

    ကြက်ဆင်– ကျေးဇူးတော်နေ့ မှ ကြက်ဆင်သားစားရမယ်လို့ ဘယ်သူကပြောထားပါလဲ။ ဒီလို ပရိုတင်းဓါတ် တွေ ကြွယ်ဝတဲ့ ကြက်ဆင်သားကြောင့် ကိုယ်အလေးချိန်ကျနေတဲ့ သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ အတွက် အဆင်ပြေတဲ့ အသားတစ်ခုပါ။

    ဒိန်ချဉ် – သိုင်းရွိုက်ဟော်မုန်းများတာကို သေချာ ဆေးကုသမှု မခံယူထားရင် သင့်အရိုးတွေအားနည်းသွားစေပြီး အရိုးပွ ရောဂါ ဖြစ်နိုင်ချေပိုများစေပါတယ်။ ဒီလို ပြဿာနာတွေကနေ ကာကွယ်ဖို့အတွက်ဆို အရိုးကြံ့ခိုင်ဖို့အတွက် အဓိက လိုအပ်တဲ့ ကယ်လ်ဆီယမ်များများစားပေးဖို့လိုပါတယ်။ ဒီတော့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဖြစ်တဲ့ ဒိန်ချဉ်တွေ များများစားပေးပါ။

    ခုပြောထားတဲ့ အစားအစာတွေက သိုင်းရွိုက်ဟော်မုန်းများတဲ့ ပြဿာနာကို အပြီးသတ်ဖြေရှင်းပေးနိုင်မှာ မဟုတ်ပေမယ့် သိုင်းရွိုက်ဟော်မုန်းများတာကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေမှာ ဖြစ်တာကြောင့် စားပေးသင့်တယ်နော် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement