ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေ
ဆီးချိုသမားတွေအတွက် သင့်တော်တယ် – ထန်းသီးမှာ ဗီတာမင် B၊ ဗီတာမင် C၊ သံဓါတ်၊ ဇင့်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ဖော့စဖရိတ်၊ သီရာမင်း နဲ့ ရိုင်ဗိုဖလာဗင်တို့အပြင် ခန္ဓါကိုယ်အတွက်အထောက်အကူပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။
အရေပြားအတွက်ကောင်းတယ် -နွေရာသီမှာပေါက်တတ်တဲ့ မိတ်တွေ သက်သာစေဖို့လည်း ထန်းသီးကို အသုံးပြုလို့ရပါတယ်။ စားပေးလို့ရသလို မိတ်တွေပေါ်မှာ ထန်းသီးရဲ့ ဂျယ်လီသားကို ကပ်ပေးမယ်ဆိုရင်လည်း မိတ်တွေသက်သာစေမှာ အမှန်ပါ။ မိတ်ကြောင့်ဖြစ်တဲ့ အရေပြားယားယံမှုကို သက်သာစေမှာ အမှန်ပါ။ ရေကျောက်ပေါက်နေသူတွေအနေနဲ့လည်း ထန်းသီးစားပေးမယ်ဆိုရင်ရေကျောက်ေကြာင့်ဖြစ်တဲ့ အရေပြားယားယံမှုကိုသက်သာစေမှာပါ။ ထန်းသီးရဲ့ အရေပြားအတွက်ပေးတဲ့အကျိုးကျေးဇူးနောက်တစ်ခုကတော့ အနာကျက်မြန်စေတာပါ။ ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ စားပေးသင့်ပါတယ်နော်။
အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ် – ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်သလို
အစာခြေစနစ်ပြဿနာတွေကိုကင်းဝေးစေနိုင်ပါတယ်။ အစာအိမ်အတွင်းနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်ဝေဒနာရှိတယ်ဆိုရင်တောင် ထန်းသီးနုနုလေးစားပေးပါနော်။
ရေဓါတ်ြဖည့်ပေးတယ် –
နွေအပူဒဏ်ေကြာင့် ခန္ဓါကိုယ်ကရေဓါတ်ကုန်ဆုံးသွားတာတွေကိုပြည်လည်ဖြည့်တင်းပေးဖို့လည်း ထန်းသီးကို စားသုံးပေးလို့ရပါတယ်။ ဆီးသွားရင်နာကျင်တာ၊
ခြေကုန်လက်ပမ်းကျတာေတွသက်သာစေဖို့အတွက်လည်း ထန်းသီးကိုစားပေးလို့ရပါသေးတယ်နော်။ ထန်းသီးမှာ
ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေနဲ့အာဟာရဓါတ်တွေပါဝင်နေပါတယ်။
အာဟာရပြည့်စေတယ် – ထန်းသီးက လူကြီးရော ကလေးပါစားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ အာဟာရမပြည့်တာကို သက်သာစေနိုင်ပါတယ်။ အာဟာရချိုကတဲ့မှုမဖြစ်အောင်ကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။
နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ် – ထန်းသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ မအီမသာဖြစ်တာ၊အော့အန်နေတာတွေကို သက်သာစေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ သန်ကျစေနိုင်သလို အသည်းကအဆိပ်အတောက်တွေကိုပါဖယ်ရှားပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။