လူ့ပတ်ဝန်းကျင်ဆိုတာလည်း အခက်သားဗျ။ ဝတဲ့သူတွေဆို ပိန်လိုက်ရင် လှသွားမှာလို့ ပြောကြတယ်။ ပိန်တဲ့သူတွေ ဆိုရင်လည်း ဝလာရင် ကြည့်ကောင်းမှာ ဆိုပြီး ပြောကြတယ်။ ဒီလိုစကားသံတွေ မကြာခဏ ကြားရတဲ့အခါ လူတွေဟာ ပိန်ခြင်း၊ ဝခြင်း ဆိုတဲ့ ရုပ်လက္ခဏာကို စိတ်ထဲမှာ အမြဲထားလာကြတယ်။ စိတ်ညစ်စရာ၊ ပူပန်စရာ၊ ရှက်ရွံ့စရာ ကိစ္စတစ်ခုလို ဖြစ်လာကြတယ်။