အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။
- ကိုယ်စားလိုက်တဲ့ အစားအသောက်တွေက ဘယ်လောက်ပဲ ခြောက်ကပ်နေပါစေ တံတွေး နဲ့ သေချာရောပြီး ကြေညက်အောင် စိတ်ရှည်လက်ရှည်ဝါးလိုက်တာကြောင့် အစာရေမျို ပြွန်တစ်လျှောက်ကို ချောချောချူချူ ဆင်းသွားပြီး အစာနင်တာတွေလည်း မဖြစ်နိုင်တော့ပါဘူး။
- ကိုယ်ကြေညက်အောင် ဝါးစားလိုက်လို့ ပျော့ပျောင်းသွားတဲ့ အစားတွေကို အစာအိမ်က အေးအေးဆေးဆေးပဲ ခြေဖျက်နိုင်မှာ ဖြစ်လို့ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေ အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူးနော်။
- မြန်မြန်စားရင် အစားတွေ မြန်မြန်ကုန်ပြီး အစားတွေ ပိုစားမိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုက်ပြည့်ပြီဆိုတဲ့ အချက်ပြစနစ်ရဲ့ ဦးနှောက်နဲ့ အစာအိမ်ကြား အသွားအပြန်ဟာ မိနစ် ၂၀ လောက်ကြာတတ်ပါတယ်။ ဒီလိုနဲ့ အစားတွေ မြန်မြန်စား တော့ များများကုန် အချက်ပြစနစ်ကလည်း ဦးနှောက်ဆီကို သွားတာကြာတော့ အစားတွေ အများကြီးပိုစားမိနေတတ်ရော ။ ဒီလိုအချိန်မှာ အစားကို ၃၂ ခေါက်သာဝါးစားတဲ့သူတွေကျတော့ ဖြည်းဖြည်းချင်းဝါးနေတော့ အစားတွေ သိပ်မစားမိ ဘဲ ဗိုက်ပြည့်တဲ့ အချက်စနစ်လည်းရောက်လာရော နည်းနည်းပဲ စားပြီးသား ဖြစ်နေရော။
- အစာကို ကြေညက်အောင် ဝါးစားထားတာကြောင့် အစာအိမ်ထဲလည် းရောက်ရော အစားမှာပါတဲ့ အာဟာရတွေကို အစာအိမ်က အလွယ်လေး စုပ်ယူလိုက်ရုံပဲ ။
ကောင်းကျိုးတွေ သိပြီးပြီဆိုတော့ အစားကို ၃၂ ခေါက်လောက် ဝါးမစားတဲ့သူတွေ ကြာလာရင် ဆိုးကျိုးအနေနဲ့ ဘာတွေ ဖြစ်တတ်လဲ ။ ။
ဒီလို အစားကိုကြေညက်အောင် ဝါးမစားတဲ့အခါ အစာအိမ်က သူလုပ်နိုင်တာထက်ပိုပြီး လုပ်ရတဲ့အခါကျတော့
- အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့် တွေ အပြင်
- အစာတွေမကြေညက်တော့ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်
- အာဟာရတွေလည်း ကောင်းကောင်း မစုပ်ယူနိုင်တော့ဘဲ အာဟာရ ချို့တဲ့တာတွေဖြစ်တတ်ပါတယ်။
အစာအိမ်ဆိုတာ ကိုယ်စားလိုက်သမျှ အစားအသောက်တွေကို ဒိုင်ခံတာဝန်ယူပေးနေရတဲ့ နေရာဖြစ်တာကြောင့် သူကျန်းမာမှ သင်လည်းကျန်းမာမှာနော် ။ ကြေညက်အောင် ဝါးမစားတဲ့သူတိုင်း ကျန်းမာရေးထိခိုက်မယ်လို့ မဆိုလိုပေမယ့် ကြေညက်အောင် ဝါးစားတာက သင့် အစာအိမ်အတွက် အထောက်အကူပြုတဲ့ အရာဆိုလည်း မမှားဘူးနော် ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။