ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ အကြောင်း ဗဟုသုတ ရရှိစေဖို့ မျှဝေပေးလိုက် ရပါတယ်။ ရေဓာတ် ကို ဘာကြောင့် သင်လိုအပ်သလဲ လူ့ခန္ဓာကိုယ်ရဲ့ (၆၀) ရာခိုင်နှုန်းကို ရေဓာတ် နဲ့ ဖွဲ့စည်းထားပါတယ်။ ရေဟာ သင့်ခန္ဓာကိုယ် အတွက် အလွန့်အလွန်ကို အရေးကြီး ပါတယ်။ တစ်နေ့ကို ဖန်ခွက်(၈) ခွက် ကနေ (၁၀) ခွက်အထိ သင့်ခန္ဓာကိုယ်က လိုအပ်သလို သောက်သုံးပေးသင့်ပါတယ်။ ဘာကြောင့် ဒီလောက် သောက်သင့်သလဲ။ ဒါကတော့ ရှင်းပါတယ်။ ရေဓာတ် မပြည့်ဝတဲ့အခါ မောပန်းလွယ်မယ်။ မလန်းဆန်းတော့ဘူး။  အာခြောက်လာမယ်။ အိပ်ရေးမဝတော့ဘူး စတဲ့ အဖြစ်တွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို သတ်မှတ်ထားတဲ့ ရေပမာဏ အတိုင်း သောက်ဖြစ်ဖို့ မလွယ်ပါဘူး။ အလွန် ပျင်းစရာ ကောင်းသလို အလုပ်ပို တစ်ခုလိုလည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ ..... တိုးတက် လာတဲ့ခေတ်ကြီးထဲမှာ လူငယ်တွေသာမက တော်တော်များများသောလူတွေဟာ Bubble Tea ကို နှစ်ခြိုက်စွာသောက်သုံးလာကြပါတယ်။ Gong Cha တို့ Cha Thai  တို့ကို နာမည်ကြီးဆိုင်တွေ သာမက ရှော့ပင်းမောလ်တွေရဲ့ အအေးဆိုင်တွေမှာ Bubble Teaကို မှာယူ နိုင်ပါတယ်။ Bubble Teaဆိုတာဘာလဲ  Bubble Tea ကို ၁၉၈၀ လောက်မှာ ထိုင်ဝမ်မှာ စတင်ဖျော်စပ်ခဲ့တာပါ။ လက်ဖက်ရည်၊ နို့နဲ့ သကြားကို ရောစပ်ဖျော်ထားတဲ့ဖျော်ရည်ပါ။ အမြင်ဆန်းပြီး သောက်ချင်စရာဖြစ်နေအောင် ပုလဲလုံး အမည်း (ပီလော ပီနံကို ဂျယ်လီသဖွယ် ပြုလုပ်ထားတဲ့) အလုံးလေးတွေက အောက်ခြေမှာ နစ်မြုပ်နေပါတယ်။ ဒါဟာ လူငယ်တွေလက်မှာ မချတမ်းသောက်သုံးနေကြတဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

လူအတော်များများက အသားစိမ်း ငါးစိမ်းတွေကိုင်တွယ်ရင် ရောဂါပိုးတွေကူးစက်မှာကြောက်တဲ့အတွက် သေချာကိုင်တွယ်ကြပေမဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ကျတော့ သန့်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အသီးအရွက်တွေမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ ပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် သစ်သီးနဲ့ ဟင်းရွက်တွေကို ရေသေချာဆေးကြောဖို့ ဘာကြောင့်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော် ဈေးကဝယ်လာတဲ့ သစ်သီးနဲ့ ဟင်းရွက်အမျိုးမျိုးကို သေချာမဆေးဘဲ စားသောက်မိရင် ခံစားရနိုင်တဲ့ အဓိက ပြဿနာ ၂ ခုကတော့ ပိုးသတ်ဆေးအန္တရာယ်နဲ့ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက်သွားနိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။ ပိုးသတ်ဆေး အန္တရာယ် ပိုးကောင်၊ ကျိုင်းကောင်တွေ ရန်က ကာကွယ်ဖို့နဲ့ ပိုထွားကြိုင်းတဲ့ အသီးအနှံတွေရဖို့ ခုခေတ်မှာ ပိုးသတ်ဆေးနဲ့ တခြားဓာတု ပစ္စည်းတွေ ပိုသုံးစွဲလာရပါတယ်။ ဒါ့ကြောင့် အပြင်ဈေးကပဲ ဝယ်ဝယ်၊ ရှော့ပင်းစင်တာကပဲ ဝယ်ဝယ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေး အတွက် နို့ တစ်ခွက်

နို့ ရည်တွေဟာ လူ့ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ အာဟာရအဖြစ် မှတ်ယူထားကြပါတယ်။ ဘာလို့ဆို မွေးတည်းက မိခင်နို့ရည်၊ သို့မဟုတ် နို့မှုန့်တော့ သောက်ခဲ့ရတာပဲ ကြည့်။ နို့ အာဟာရဆို နွားနို့နဲ့ နို့ထွက်ပစ္စည်း တွေက ထိပ်ဆုံးကပါပဲ။  ကလေးနို့မှုန့်ကအစ လူကြီးတွေအတွက် အရိုးပွရောဂါ ကာကွယ်တဲ့ နွားနို့ အထိ ရှိနေပြီး နွားနို့ကို နိုင်ငံတဝှမ်း သောက်သုံးတဲ့လူ လည်း များပါတယ်။ နွားနို့လား၊ အစေ့အဆန်တွေထည့်ထားတဲ့ နို့လား။ အဆီထုတ်နို့လား၊ အဆီပြည့်နို့လား ရွေးချယ်စရာတွေက ပေါမှပေါရယ်။ နွားနို့ တစ်ခွက်ရဲ့ နောက်ကွယ် ဒီလို အသားဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝတဲ့ နွား နို့ ဟာ အသက်အရွယ်မရွေး သောက်သုံးကြတဲ့ အာဟာရတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် နွားနို့သောက်ပြီးရင် လေပွသလို၊ နေရခက်သလို ခံစားရတာကို သောက်သုံးသူတွေက စိုးရိမ်ကြပါတယ်။ နွားနို့ကိုအစာမကြေဖြစ်ရတာက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လုံးဝအစိမ်းမစားသင့်တဲ့ အစားအစာ ၇ မျိုး

အစားအစာအများစုက သေချာချက်ပြုတ်ပြင်ဆင်ပြီးမှ စားရင်ပိုစားလို့ကောင်းပြီး တချို့ကတော့ အစိမ်းအတိုင်းလေးစားရတာ ပိုအရသာရှိပါတယ်။ ဒါပေမဲ့ လျှာကိုအမြဲအလိုလိုက်လို့လည်း မသင့်တော်ဘူးနော်။ အခုပြောပြပေးသွားမဲ့ အစားအစာတွေကတော့ (စားလို့ကောင်းပေမဲ့) အစိမ်းအတိုင်းမစားသောက်သင့်တဲ့ စားစရာတွေပဲဖြစ်ပါတယ်။ ပုဇွန်အစိမ်းသုပ် ပုဇွန်ကိုအလယ်ကထက်ခြမ်းခွဲပြီး သံပုရာ၊ လီမွန်သီးတွေထည့်သုပ်ထားတဲ့ ပုဇွန်အစိမ်းက တကယ်စားလို့ကောင်းတဲ့ ဟင်းအမည်တစ်ခုဆိုတာ ငြင်းမရပေမဲ့ မချက်ပြုတ်ရသေးတဲ့ပုဇွန်မှာ ဘတ်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေပါလာတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ခုခံအားသိပ်မကောင်းတဲ့သူတွေဆို ပုဇွန်အစိမ်းသုပ်ကို ရှောင်သင့်ပါတယ်။ ကမာကောင်အစိမ်း ကမာကိုအစိမ်းစားရတာလည်း အရသာတစ်မျိုးရှိပါတယ်။ ဒါပေမဲ့ ကမာကောင်တွေက ပေါက်ဖွားတဲ့ရေပေါ်လိုက်ပြီး ပိုးမွှားအမျိုးမျိုးပါတတ်တာသိပါသလား။ ကမာကောင်တွေကနေ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ vibriosis လို့ခေါ်တဲ့ ရောဂါပဲဖြစ်ပါတယ်။ ပဲကတ္တီပါ၊ ပဲကြီး ပဲမှာ ပရိုတင်းဓာတ်ကြွယ်ဝတာ လူတိုင်းလိုလိုသိပြီးဖြစ်မှာပါ။ မကြာခဏလည်း စားပေးသင့်ပါတယ်။ ဒါပေမဲ့ ပဲကတ္တီပါနဲ့ ပဲကြီး ကိုတော့ အစိမ်းမစားမိဖို့ အကြံပေးချင်ပါတယ်။ အနီရောင်ပဲကတ္တီပါထဲမှာ lectin (PHA) လို့ခေါ်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင် ကော်ဖီနဲ့ တည့်ရဲ့လား

လူ တစ်ယောက်က သင့်ကို ကော်ဖီနဲ့ တည့်ရဲ့လားလို့ မေးလာရင် ဘယ်လိုဖြေမလဲ? ဒီမေးခွန်းက နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီမှာ အဓိကပါဝင်တဲ့ ကဖိန်းဓာတ်မတည့်မှု (Caffeine Sensitivity) က လူတိုင်းမှာ ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီမှာ မေးစရာရှိတာက လူတိုင်းမှာ ရှိနေရင် ဘာလို့ လူတိုင်း အဆင်ပြေပြေ ကော်ဖီသောက်နေနိုင်တာလဲပေါ့။ ဟုတ်ပါတယ်။ လူအများစုဟာ ကော်ဖီကို နေ့စဉ် အဆင်ပြေပြေ သောက်လို့ရနေပါတယ်။ အကြောင်းကတော့ Caffeine Sensitivity ဟာ ရောဂါလက္ခဏာမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကဖိန်းဓာတ်ပမာဏကို လက်ခံနိုင်စွမ်းနဲ့ သက်ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တာကြောင့်ပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ကော်ဖီထဲက ကဖိန်းဓာတ်ကို လက်ခံနိုင်စွမ်းမတူညီကြပါဘူး။ တစ်ချို့က တစ်နေ့ကို တစ်ခွက် နှစ်ခွက်သာ သောက်သုံးနိုင်ကြပြီး တစ်ချို့က တစ်နေ့ကို ၄၊ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။

ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။ ကုသိုလ်လည်းရ ဝိတ်လည်းကျ ဖြစ်မလားပေါ့နော်။ ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ရောက်ရင် ကုသိုလ်ရအောင်ဆိုပြီး သီလယူ ဥပုသ်စောင့် ကြတယ်နော်။ ဥပုသ်စောင့်တာက မွန်းလွဲညစာ မစားဘဲ ကုသိုလ် ဘာဝနာ ပွားများရတာပါ။ ဒီတော့ သေချာတာက နေ့လယ် ၁၂ နာရီ နောက်ပိုင်း ဘာမှ မစားဖြစ်တော့ဘူး ဆိုတာပါ။ ဝိတ်ချဖို့ဆိုရင် ညနေ ၅ နာရီ နောက်ပိုင်း ဘာမှ မစားနဲ့ဆိုတော့ နေ့လယ်၁၂ နာရီ နောက်ပိုင်း ဘာမှ မစားရတဲ့ ဥပုသ်စောင့်တာက ဝိတ်ကျမလားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ဒီအဖြေလေးကို သေချာ သိစေဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။ ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။ ဥပုသ်စောင့် ဖို့အတွက် ညနေစာ မစားဘဲနေခြင်းက ကိုယ်အလေးချိန် ကျစေဖို့ အထောက်အပံ့ ပေးနိုင်သလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

အချိုမှုန့် နဲ့ ကျန်းမာရေး

နေ့စဉ် စားလိုက်တဲ့ အစားအသောက်တွေတိုင်းမှာ အရသာရှိအောင်ဆိုပြီး အချိုမှုန့်တွေ ထည့်စားမိနေသလား Hello ဆရာဝန်ပရိသတ်ကြီးရေ... ဒါဆိုရင်တော့ အချိုမှုန့်က ကျန်းမာရေး အတွက် ကောင်းသလား...ဆိုးသလားဆိုတာကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့တော့ လိုနေပြီနော်။ ဘာလဲ...... အချိုမှုန့် ဆိုတာ အချိုမှုန့်ကို MSG (monosodium glutamate) လို့ခေါ်ကြတယ်။ ဟင်းလျာတွေထဲမှာ အရသာကောင်းအောင်ဆိုပြီး ထည့်သုံးတတ်ကြပါတယ်။ အချိုမှုန့် (MSG) ကို သဘာဝအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ amino acid glutamate ကနေ ထုတ်လုပ်ထားတာပါ။ ဒီဓာတ်ကို ခန္ဓာကိုယ်က သူ့အလိုလိုထုတ်လုပ်နိုင်ပါတယ်။ အာရှဟင်းလျာ အများစုနဲ့ အသင့်စား၊ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးတွေ့ရပါတယ်။ တစ်နေ့တစ်နေ့ကို စားသုံးမိသမျှ တော်တော်များများက အချိုမှုန့်နဲ့ မကင်းပါဘူး။ အချိုမှုန့်ကို စားမိနေတာက ကိုယ်တွေ မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ပါဘူး။ အာရှဒေသတွင်း နိုင်ငံတွေကသူတွေရော ဥရောပနိုင်ငံသားတွေပါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းတစ်ခြမ်းကိုက်နေတယ်။ ဘာစားရမလဲ............

ခေါင်းကိုက်တာကိုမှ ခေါင်းမထောင်နိုင်အောင် ကိုက်နေတာမဟုတ်ဘဲ၊ ခေါင်းတစ်ခြမ်းတည်းကနေ ကိုက်နေတာက တော်တော်လေးတော့ ခံရခက်တယ်နော်။ ဒီပြဿနာက ဘာမှသာ မဟုတ်တယ် တစ်နေ့တာ လုပ်စရာကိစ္စတွေကို အာရုံစိုက်ဖို့ ခက်ခဲပြီး ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။ ဒီပြဿနာကို အစားအသောက်လေးတွေ စားရင်း အတူတူဖြေရှင်းရအောင်လား.............. ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဒါတွေစားပါ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက်ဆိုရင်တော့ ရေ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်း ကိုက်နိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကို များများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝမှုက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုး ဒီအစားအစာတွေထဲမှာ​ အပင်ကနေရတဲ့ အက်စထရိုဂျင်တွေ ပါဝင်နေပါတယ်။ ဒီလိုပါဝင်နေမှုက အမျိုးသမီးတွေကို ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ပြဿနာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ရုတ်တရက် အက်စထရိုဂျင်ပမာဏကျဆင်းမှုကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြော်င့ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရတဲ့ အခါ […]


အဝလွန်ခြင်း

ဝတာ က လှမှာလား ကြွမှာလား

အရင်တုန်းက တွေ့တာနဲ့ နှုတ်ဆက်လိုက်ရင် "ဝလို့ လှလို့ပါလား" လို့ နှုတ်ဆက်တတ်ကြပါတယ်။ ခုနောက်ပိုင်း တိုးတက်လာပြီး ဗဟုသုတရှိလာကြတဲ့အခါ ဝတာက တကယ်ပဲ လှသလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ တကယ်တော့ ဝတာ ပိန်တာက အဓိက မဟုတ်ပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိတာကသာ အကောင်းဆုံးပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိသလားဆိုတာကို BMI လို့ခေါ်တဲ့ ခန္ဓာကိုယ် ထုထည် ညွှန်းကိန်းနဲ့ ပြောပါတယ်။ (BMI ကို  ဤနေရာတွင် တွက်ပါ။) အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်မထားတဲ့ ဒီကိန်းဂဏန်းဟာ သာမန် ပေါင်ချိန်တာထက် ပိုပြီး တိကျပါတယ်။ တွက်လိုက်လို့ BMI ၂၅နဲ့ ၂၉.၉ ဆိုရင် ဝတယ်လို့ သတ်မှတ်ပါတယ်။ ၃၀ကျော်သွားရင်တော့ အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။ အဝလွန်တာက ကျန်းမာရေးအတွက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း