သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

    သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

    လူအတော်များများက အသားစိမ်း ငါးစိမ်းတွေကိုင်တွယ်ရင် ရောဂါပိုးတွေကူးစက်မှာကြောက်တဲ့အတွက် သေချာကိုင်တွယ်ကြပေမဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မှာလည်း အန္တရာယ်ရှိတဲ့ပိုးမွှားတွေပါဝင်ပါတယ်။ ဒါ့ကြောင့် သစ်သီးနဲ့ဟင်းရွက်တွေကို ရေသေချာဆေးကြောဖို့ ဘာကြောင့်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။

    သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

    ဈေးကဝယ်လာတဲ့ သစ်သီးနဲ့ ဟင်းရွက်အမျိုးမျိုးကို သေချာမဆေးဘဲ စားသောက်မိရင် ခံစားရနိုင်တဲ့ အဓိက ပြဿနာ ၂ ခုကတော့ ပိုးသတ်ဆေးအန္တရာယ်နဲ့ ရောဂါပိုးတွေကိုယ်ထဲဝင်ရောက်သွားနိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။

    ပိုးကောင်၊ကျိုင်းကောင်တွေရန်က ကာကွယ်ဖို့နဲ့ ပိုထွားကြိုင်းတဲ့အသီးအနှံတွေရဖို့ ပိုးသတ်ဆေးနဲ့ တခြားဓာတု ပစ္စည်းတွေပိုသုံးစွဲလာရပါတယ်။ ဒါ့ကြောင့် အပြင်ဈေးကပဲဝယ်ဝယ်၊ ရှော့ပင်းစင်တာကပဲဝယ်ဝယ် သစ်သီးဝလံတွေကို မစားခင်ရေနဲ့ သေချာအချိန်ပေးပြီး ဆေးကြောရပါမယ်။ ကြက်သွန်၊ ဂရိတ်ဖရုသီး၊ ကိုက်လန်၊ ကညွှတ်၊ သခွားသီး၊ ပဲနဲ့ ကန်စွန်းဥ တွေမှာ ပိုးသတ်ဆေးပါဝင်လေ့ရှိတာတွေ့ရပါတယ်။ တကယ်လို့ ပိုးသတ်ဆေးသုံးစွဲထားတဲ့ အသီးအနှံတွေကို မစားသုံးချင်ရင် သြဂဲနစ် (organic) ထုတ်ကုန်တွေကို ရွေးချယ် သုံးစွဲပါ။

    သစ်သီးဝလံတွေကို စိုက်ပျိုးတဲ့အဆင့်တိုင်းမှာ ပြင်ပရောဂါပိုးတွေ ပါဝင်သွားတတ်တာကိုလည်းသိထားသင့်ပါ တယ်။ စိုက်ပျိုးထွန်ရက်တဲ့နေရာမှာသုံးတဲ့ ကျွဲ၊နွားတိရစ္ဆာန်တွေဆီကနေဖြစ်ဖြစ်၊ အပင်ထဲထည့်သွင်းပေးတဲ့ ဓာတ်မြေသြဇာက မသန့်ရှင်းရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး သစ်သီးဝလံကို ရိတ်သိမ်းတဲ့အခါ ကိုင်တွယ်တဲ့ အလုပ်သမားရဲ့လက်ကနေပဲဖြစ်ဖြစ် ရောဂါပိုးမွှားတွေကပ်တွယ်ပါလာနိုင်ပါတယ်။ ဒီလိုအသီးအနှံတွေကို သေချာ မဆေးကြောဘဲ စားသုံးလိုက်မိရင် ကိုယ့်ခန္ဓာကိုယ်ထဲကိုပါ ပိုးမွှားတွေဝင်ရောက်သွားနိုင်တယ် မဟုတ်လား။ ဒါ့ကြောင့် ဘယ်အသီးအနှံပဲဖြစ်ဖြစ် မစားခင် ရေနဲ့သေချာဆေးကြောရမယ်နော်။

    သစ်သီးဝလံထဲမှာ အတွေ့ရဆုံး ပိုးမွှားတွေကတော့ E.coli၊ Salmonella နဲ့ Listeria ဆိုတဲ့ ၃ ကောင်ပါ။ ဒီ ၃ ကောင် ကိုယ်ထဲဝင်သွားရင် နေထိုင်မကောင်းဖြစ်စေနိုင်ပြီး ၅ နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ၆၅ နှစ်အထက်လူကြီးတွေနဲ့ နာတာရှည်ရောဂါတစ်ခုခုရှိသူတွေမှာ ပိုစိုးရိမ်ရပါတယ်။ ရောဂါလက္ခဏာတွေကတော့

    – ဗိုက်အောင့်ခြင်း

    ဝမ်းလျှောခြင်း

    – အော့အန်ခြင်း

    – ဖျားနာခြင်း

    ခေါင်းကိုက်ခြင်း

    – ကိုက်လက်နာကျင်ကိုက်ခဲခြင်း စတာတွေခံစားရမှာပါ။ ရောဂါပိုးကူးစက်တာပိုပြင်းထန်ရင်တော့ လည်ပင်း/ဇက် တောင့်သွားခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်မေ့မျောခြင်းတွေ ခံစားရတတ်ပါတယ်။

    ဖြစ်လာနိုင်တွေသိပြီဆိုတော့ ဖြစ်မလာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြောပြပါ့မယ်။ ရောဂါပိုးတွေပါ တယ်ဆိုပြီး အသီးအနှံတွေမစားဘဲလည်း နေလို့မရဘူးလေ၊ အာဟာရဓာတ်မျိုးစုံနဲ့အမျှင်ဓာတ် တွေအများကြီး ပါပြီး ကယ်လိုရီလည်းနည်းနည်းပဲပါဝင်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်သီးဝလံတွေကို စိတ်ချလက်ချ စားသုံးနိုင်အောင် မစားခင်ပြုလုပ်ရမယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်

    – သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေမကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်မှာ လက်ကိုသေချာဆေးကြောပါ

    – ပုပ်နေ၊ ရိနေတဲ့အစိတ်အပိုင်းတွေကို လှီးထုတ်ပစ်ပါ။ လုံးဝမစားပါနဲ့၊ မချက်ပြုတ်ပါနဲ့

    – အခွံခွာပြီးစားရမဲ့အသီးတွေ ဥပမာ ပန်းသီး လိုအသီးမျိုးကို အခွံမခွာခင်သေသေချာချာဆေးကြောပေးပါ

    – အပြင်ခွံလွှာမာတဲ့အသီးတွေဆိုရင် (ဥပမာ ဖရဲသီး၊ သခွားသီး) အသီးအရွက်ဆေးကြောတဲ့ brush သပ်သပ်သုံးပြီးဆေးကြောပါ

    – ဆေးကြောပြီးရင် အဝတ်သန့်သန့် ဒါမှမဟုတ် paper towel လေးသုံးပြီး ခြောက်အောင်သုတ်လိုက်ပါ

    ဆလတ်ရွက်နဲ့ ဂေါ်ဖီလို ဟင်းရွက်တွေမှာ ဖြစ်နိုင်ရင် အပြင်လွှာကိုမစားပါနဲ့၊ ဖယ်ထုတ်လိုက်ပါ

    – ရေကိုသုံးပြီးပဲ ဆေးကြောပါ၊ ဆပ်ပြာတွေ၊ တခြားဆေးရည်တွေသုံးစွဲဖို့ လုံးဝမသင့်တော်ပါဘူး

    ဆေးကြောပြီးတဲ့သစ်သီးဝလံတွေ၊ ဟင်းရွက်တွေကို အပူချိန် 4’C ရှိတဲ့ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားပါ။ နောက်ဆုံးမှာချင်တာက ဝယ်ယူလိုက်တဲ့သစ်သီးဝလံတွေမှာ prewashed (ဆေးကြောပြီး) လို့ခေါင်းစဉ်တပ် ထားရင်ထပ်ပြီး ဆေးကြောဖို့မလိုတော့ဘဲ စားသုံးနိုင်ပါကြောင်း ပြောကြားလိုက်ရပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 23/03/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: