ကျန်းမာရေး အတွက် နို့ တစ်ခွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
Share now

နို့ ရည်တွေဟာ လူ့ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ အာဟာရအဖြစ် မှတ်ယူထားကြပါတယ်။ ဘာလို့ဆို မွေးတည်းက မိခင်နို့ရည်၊ သို့မဟုတ် နို့မှုန့်တော့ သောက်ခဲ့ရတာပဲ ကြည့်။

နို့ အာဟာရဆို နွားနို့နဲ့ နို့ထွက်ပစ္စည်း တွေက ထိပ်ဆုံးကပါပဲ။  ကလေးနို့မှုန့်ကအစ လူကြီးတွေအတွက် အရိုးပွရောဂါ ကာကွယ်တဲ့ နွားနို့ အထိ ရှိနေပြီး နွားနို့ကို နိုင်ငံတဝှမ်း သောက်သုံးတဲ့လူ လည်း များပါတယ်။

နွားနို့လား၊ အစေ့အဆန်တွေထည့်ထားတဲ့ နို့လား။ အဆီထုတ်နို့လား၊ အဆီပြည့်နို့လား ရွေးချယ်စရာတွေက ပေါမှပေါရယ်။

နွားနို့ တစ်ခွက်ရဲ့ နောက်ကွယ်

ဒီလို အသားဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝတဲ့ နွား နို့ ဟာ အသက်အရွယ်မရွေး သောက်သုံးကြတဲ့ အာဟာရတစ်ခုဖြစ်လာပါတယ်။

ဒါပေမယ့် နွားနို့သောက်ပြီးရင် လေပွသလို၊ နေရခက်သလို ခံစားရတာကို သောက်သုံးသူတွေက စိုးရိမ်ကြပါတယ်။ နွားနို့ကိုအစာမကြေဖြစ်ရတာက ခန္ဓာကိုယ်က ထုတ်ပေးတဲ့ lactase ပမာဏနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ lactase ဆိုတာ နွားနို့မှာပါတဲ့ သကြားဓာတ် lactose ကိုဖြိုခွဲပေးတဲ့ အင်ဇိုင်းတစ်မျိုး ပေါ့။

ကလေးငယ်တွေ မှာဆို မိခင်နို့ကို ချေဖျက်နိုင်မယ့် lactase အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ လူကြီးတွေ အတွက်တော့ ဒီအင်ဇိုင်းကို ထုတ်တာနည်းလို့ ဒါမှမဟုတ် ထုတ်လုပ်မှု ရပ်သွားလို့ နွားနို့ကို စုပ်ယူနိုင်ဖို့ ပိုခက်သွားပါတယ်။ အာရှက အရွယ်ရောက်ပြီးသူတွေမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးက နို့သကြားဓာတ် ချေဖျက်မစုပ်ယူနိုင်ခြင်း (lactose tolerance) ပြဿနာရှိကြပါတယ်။

ဒါပေမယ့် ဒါကြောင့်ပဲ နွားနို့ မသောက်ဘဲ နေဖို့တော့မလိုပါဘူး။ အစာမကြေတဲ့ လက္ခဏာတွေက တခြား အကြောင်းရင်းတွေ အများကြီးကြောင့်လည်း ဖြစ်နေနိုင်ပါသေးတယ်။ အများအားဖြင့်တော့ နွားနို့ ၃၅၀ မီလီဂရမ်လောက် နေ့တိုင်းသောက်တာတောင် ဘာပြဿနာမှ မရှိနိုင်ပါဘူး။

ကိုယ့်ဗိုက်အတွက် အဆင်ပြေမယ့် နည်းကိုရွေးပါ

အာဟာရဓာတ်တွေ အများကြီးပါပေမယ့် နွားနို့က ကိုယ်နဲ့မတည့်တဲ့အခါ  သိလိုသမျှ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

  • နွားနို့ က ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ အရင်းအမြစ်ဖြစ်တယ်လို့ လူသိများပါတယ်။ နွားနို့သောက်လို့ မရဘူးဆိုရင် ကယ်လ်စီယမ်ကို ပဲ၊ အစေ့အဆန်နဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေကနေ ရရှိနိုင်ပါတယ်။
  • ဒိန်ချဉ် သို့မဟုတ် ချိစ်တို့မှာ Lactose အရမ်းနည်းတဲ့ ထုတ်ကုန်တွေကိုရွေးပါ။ အချဉ်ဖောက်တဲ့ဖြစ်စဉ်က lactose ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
  • နွားနို့အပြင် ပြုပြင်ထားတဲ့အသား၊ အသင့်သောက်ကော်ဖီ၊ ကွေကာနဲ့ ဆေးဝါးတချို့မှာလည်း lactose ပါဝင်တတ်ပါတယ်။ ဒီထုတ်ကုန်တွေဝယ်မယ်ဆို သေချာရွေးချယ်ပါ။
  • နွားနို့ မှာပါတဲ့ casein ကိုဓာတ်မတည့်တာနဲ့ lactose intolerance ကြောင့်ဖြစ်တဲ့ နေရခက်တဲ့လက္ခဏာတွေကို လေပွတဲ့လက္ခဏာတွေနဲ့ ခွဲခြားသိဖို့တော့လိုပါတယ်။

Casein ဆိုတာ ဓာတ်မတည့်တဲ့အခါ ခေါင်းမူးတာ၊ အသက်ရှူရခက်တာ၊ အသက်အန္တရာယ် ရှိနိုင်တာအထိ ဖြစ်စေနိုင်တဲ့ နို့ ပရိုတင်း တစ်မျိုးပါ။

တခြား နို့ အရင်းအမြစ်များ

နွား နို့ ကို ရွေးချယ်ကြတဲ့ အကြောင်းအရင်းက (အာဟာရ ပြည့်လို့၊ အရသာ ရှိလို့၊ အလွယ်တကူ ရနိုင်လို့) အများကြီး ရှိကြပေမယ့် သူ့ကို မသောက်သင့်တဲ့ အကြောင်းရင်းတွေကလည်း (ဥပမာ -အစာချေဖျက်ခြင်းပြဿနာ) ရှိနေပါတယ်။

ဒီလို အခြေအနေမှာဆို ပဲနို့ ၊ အုတ်ဂျုံနို့( Oat milk)၊ ဗာဒံနို့ (Almond milk) တို့လိုမျိုး lactose မပါတဲ့ အပင်ထွက်နို့တွေက နွားနို့ မသောက်ရတဲ့သူ တွေအတွက် အဓိက ရွေးချယ်စရာ လည်းဖြစ်ပါတယ်။

အာဟာရ တန်ဖိုးချင်း နှိုင်းယှဉ်တဲ့အခါ ပဲနို့ဟာလည်း နွားနို့နဲ့ တူတူပဲ ပရိုတင်းကြွယ်ဝပါတယ်။ ကိုယ့်ရဲ့အာဟာရလိုအပ်ချက်ကိုမူတည်ပြီး ကိုယ်နှစ်သက်ရာ နို့ ထွက်ပစ္စည်းတွေကို (နွားနို့ ကဖြစ်စေ၊ ပဲနို့ ဖြစ်စေ) တလှည့်စီစားသုံး ဒါမှမဟုတ် ရောနှော စားသုံးလို့ ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ အစားအစာလေးတွေ စားပေးလို့ ရတယ်ဆိုတာကို သိပြီးပြီလား...... ကြောက်ရွံ့တာကို သက်သာစေမယ့် အစားအစာတွေက ဘာတွေ ဖြစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားဆိုတာ ဟိုဟာမတည့် ဒီဟာမတည့်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတန်ခက်ခဲတယ်။ ဒီလို သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ကျီးကန်းပါးစပ်ဝေဒနာကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။

ရေးသားသူ Ye Zon Aung
အခြားခံတွင်းရောဂါ ပြဿနာများ ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read