နောက်ပြီး အသည်းအဆီဖုံးတတ်ပါတယ်။ ဒါကို မကုဘဲ ထားမယ်ဆိုရင် အသည်းကြွပ်တာ၊ အသည်းပျက်စီးတာ ဖြစ်တတ်ပါတယ်။
အဝလွန်တဲ့သူတွေမှာ နှလုံးက သွေးညှစ်ဖို့အတွက် အားသုံးရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သွေးဖိအားများပြီး သွေးတိုးတာဖြစ်လာပါတယ်။ သွေးတိုးတာက မထိန်းနိုင်ရင် လေဖြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
အဝလွန်တာက ခန္ဓာကိုယ်မှာ အင်ဆူလင်ခံနိုင်ရည်ကို ဖြစ်စေပါတယ်။ အင်ဆူလင်က သွေးထဲက သကြားဓာတ်ကို ဆဲလ်က ယူသုံးစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အင်ဆူလင်ကို ခံနိုင်ရည်ရှိနေရင် ဆဲလ်ထဲမရောက်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ များလာနိုင်ပါတယ်။ ဒီအခါမှာ ဆီးချိုဖြစ်လာပြီး နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်တာ၊ အမြင်ကွယ်တာ၊ ခြေထောက်ဖြတ်ရတာတွေ ဖြစ်နိုင်ပါတယ်။
သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ်များတာ၊ သကြားဓာတ်များတာတွေကြောင့် သွေးကြောတွေ မာပြီး ကျဉ်းလာပါတယ်။ ဒါကြောင့် လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ ဖြစ်နိုင်ပါတယ်။
တိုက်ရိုက်ထိခိုက်တာ မဟုတ်ပေမယ့် ဆီးချို၊ သွေးတိုးကြောင့် ကျောက်ကပ်ထိတတ်ပါတယ်။
အဝလွန်တဲ့သူတွေက ကိုယ်ဝန်ရဖို့ ခဲယဉ်းတတ်ပါတယ်။ ကိုယ်ဝန်ရခဲ့ရင်တောင်မှ ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆိပ်တက်တာ စတာတွေ ဖြစ်တတ်ပါတယ်။နောက်ပြီး ခွဲမွေးရတာ၊ လမစေ့ပဲ မွေးတာ၊ ဦးနှောက်နဲ့ အာရုံကြေထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။
အဝလွန်တဲ့အတွက် ခြေထောက်အရိုးတွေက ဝိတ်ကို မနိုင်မနင်း ထမ်းထားရတဲ့အတွက် ဒူးနာတာ၊ ခါးနာတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျရင် အရိုးပါး၊ အရိုးပွ၊ ဂေါက်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ သွားရလာရလည်း ခက်တဲ့အတွက် အထီးကျန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။