backup og meta

သင် ကော်ဖီနဲ့ တည့်ရဲ့လား


Ye Zon Aung မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် ကော်ဖီနဲ့ တည့်ရဲ့လား

    လူ တစ်ယောက်က သင့်ကို ကော်ဖီနဲ့ တည့်ရဲ့လားလို့ မေးလာရင် ဘယ်လိုဖြေမလဲ? ဒီမေးခွန်းက နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီမှာ အဓိကပါဝင်တဲ့ ကဖိန်းဓာတ်မတည့်မှု (Caffeine Sensitivity) က လူတိုင်းမှာ ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

    အဲဒီမှာ မေးစရာရှိတာက လူတိုင်းမှာ ရှိနေရင် ဘာလို့ လူတိုင်း အဆင်ပြေပြေ ကော်ဖီသောက်နေနိုင်တာလဲပေါ့။ ဟုတ်ပါတယ်။ လူအများစုဟာ ကော်ဖီကို နေ့စဉ် အဆင်ပြေပြေ သောက်လို့ရနေပါတယ်။ အကြောင်းကတော့ Caffeine Sensitivity ဟာ ရောဂါလက္ခဏာမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကဖိန်းဓာတ်ပမာဏကို လက်ခံနိုင်စွမ်းနဲ့ သက်ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တာကြောင့်ပါပဲ။

    လူတစ်ယောက်နဲ့ တစ်ယောက် ကော်ဖီထဲက ကဖိန်းဓာတ်ကို လက်ခံနိုင်စွမ်းမတူညီကြပါဘူး။ တစ်ချို့က တစ်နေ့ကို တစ်ခွက် နှစ်ခွက်သာ သောက်သုံးနိုင်ကြပြီး တစ်ချို့က တစ်နေ့ကို ၄၊ ၅၊ ၆ ခွက်အထိ သောက်နိုင်ကြပါတယ်။ လူအများစုကတော့ ဒါဟာ အလေ့အကျင့်ကြောင့်လို့ ထင်ကြပေမယ့် တကယ်တမ်းက မဟုတ်ပါဘူး။

    တစ်ချို့သော လူတွေဟာ ကော်ဖီသာမကပါဘူး တခြားသော ကဖိန်းဓာတ်ပါတဲ့ အစားအသောက်ကို အနည်းငယ်လောက် မှီဝဲမိရုံနဲ့တင် စိတ်ဖိစီးတာ၊ ဇောချွေးပျံတာ၊ အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ တစ်ချို့လူတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဘယ်လောက်သောက်သောက် အေးအေးဆေးဆေးပဲဆိုတဲ့ လူမျိုးတွေလည်း ရှိသေးတယ်လေ။

    Caffeine Sensitivity ဘယ်လိုဖြစ်သလဲ

    လူတစ်ယောက် Caffeine Sensitivity ဘယ်လိုအခြေအနေရှိနေသလဲဆိုတာကို အခြေခံအားဖြင့် အသက်အရွယ်၊ လိင်၊ မျိုးဗီဇစတာတွေနဲ့ ခွဲခြားတိုင်းတာနိုင်ပါတယ်။

    လူတစ်ယောက် ကဖိန်းဓာတ်ပမာဏ ဘယ်လောက်ကို လက်ခံနိုင်သလဲဆိုတာက အသည်းထဲက CYP1A2 enzyme နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဒီအန်ဇိုင်း အလုပ်ပိုလုပ်လေလေ ကဖိန်းဓာတ်ကို လက်ခံနိုင်စွမ်း နည်းပါးလေဆိုတဲ့ သဘောပါ။

    အခြေခံအားဖြင့် အောက်ပါ အချက် ၅ ချက်ဟာ CYP1A2 enzyme နဲ့ Caffeine Sensitivity အပေါ် သက်ရောက်မှုရှိပါတယ်။

    • အသက် အရွယ် – အသက်ကြီးလေလေ CYP1A2 အလုပ်လုပ်နိုင်စွမ်းကျဆင်းလေလေဖြစ်ပါတယ်။ ဒါကြောင့် Caffeine Sensitivity က အင်အားပိုကြီးလာမှာဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးသတွေမှာ Caffeine Sensitivity ပိုဖြစ်တာကို မြင်နိုင်ပါတယ်။
    • လိင် – မိန်းမတွေရဲ့ CYP1A2 က ယောင်္ကျားတွေထက် Active ပိုဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ Caffeine Sensitivity ဖြစ်ချေနည်းပါ။ ဒါကြောင့် အမျိုးသမီးတွေဟာ အမျိးသားတွေထက် ကော်ဖီပိုသောက်ကြတာဖြစ်နိုင်ပါတယ်။
    • သန္ဒေတာခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်း – အမျိုးသမီးတွေရဲ့ နောက်ထပ် အားသာချက်ကတော့ ကိုယ်ဝန်ဆောင်နေချိန်နဲ့ သန္ဒေတားထားချိန်တွေမှာ Estrogen ပမာဏကြောင့် CYP1A2 ပို Active ဖြစ်ပြီး Caffeine Sensitivity လည်း ထပ်ပြီးကျဆင်းနိုင်ပါသေးတယ်။
    • မျိုးဗီဇ – မျိုးဗီဇ အမျိုးအစားအလိုက် Caffeine Sensitivity တုန့်ပြန်ပုံခြင်း မတူညီကြပါဘူး။ မတူညီတဲ့ မျိုးရိုးအလိုက် တုန့်ပြန်နိုင်စွမ်း ကွာခြားကြပါတယ်။
    • သွေးတိုး – ဟုတ်ပါတယ်။ သွေးတိုးကလည်း Caffeine Sensitivity နဲ့ သက်ဆိုင်ပါတယ်။ သွေးတိုးသမားတွေဟာ ကော်ဖီ အနည်းငယ်လောက် သောက်ရုံနဲ့တင် အိပ်မပျော်တာမျိုး ကတုန်ကရင်ဖြစ်တာမျိုးတွေ ကြုံလာရနိုင်ပါတယ်။
    • ပုံမှန် Caffeine Sensitivity – သာမန်ကျန်းမာတဲ့လူတစ်ယောက်ဟာ တနေ့ကို ပျမ်းမျှ ကော်ဖီ ၄၀၀ မီလီဂရမ်နဲ့အထက် ပမာဏမျိုးကို ဘေးထွက်ဆိုးကျိုးမရှိပဲ အဆင်ပြေပြေ သောက်သုံးနိုင်စွမ်းရှိပါတယ်။
    • Caffeine Sensitivity နိမ့်ကျခြင်း – Caffeine Sensitivity နိမ့်ကျသူတွေဟာ CYP1A2 အလွန်အမင်း Active ဖြစ်လွန်းသူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေအတွက် ကော်ဖီထက် ဆေးလိပ်က ပိုအန္တရာယ်ပေးနိုင်ပါတယ်။

    ဒါ့အပြင် Caffeine Sensitivity ဖြစ်တဲ့လူတွေကို အုပ်စု ၃ စု ခွဲပြီး ရှုမြင်လို့ရပါသေးတယ်။ ဒါကတော့ Normal Sensitivity၊ Hyposensitivity နဲ့ Hypersensitivity ဆိုပြီးဖြစ်ပါတယ်။

    • Normal sensitivity – Normal sensitivity သမားတွေဟာ အပေါ်မှာ ပြောခဲ့သလိုပဲ တစ်နေ့ကို ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာနဲ့ ကော်ဖီ ၄၀၀ မီလီဂရမ်နဲ့အထက်အထိ ဘေးထွက်ဆိုးကျိုးမရှိပဲ စားသောက်လို့ရပါတယ်။ ဒီပမာဏဟာ ကော်ဖီ မတ်ခွက်နဲ့ ၂ ခွက်စာပမာဏလောက် ရှိပါတယ်။ တစ်ချို့တွေဟာ တစ်နေ့ကို ၆၀၀ မီလီဂရမ်လောက်အထိ သောက်သုံးနိုင်ကြပါတယ်။
    • Hyposensitivity – Hyposensitivity သမားတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၀% လောက်ရှိပါတယ်။ သူတို့တွေဟာ မျိုးဗီဇကြောင့် Caffeine Sensitivity ဖြစ်နေကြသူတွေများပါတယ်။ သူတို့ဟာ Caffeine Sensitivity ရှိပေမယ့် ပမာဏ များများမှီဝဲရင်တောင်မှ သိသိသာသာ ထိခိုက်တာမျိုး ဖြစ်နိုင်ချေနည်းပါးသူတွေဖြစ်ပါတယ်။
    • Hypersensitivity – Hypersensitivity သမားတွေကတော့ အထိမခံလောက်အောင် အခြေအနေဆိုးသူတွေဖြစ်ပါတယ်။ ကဖိန်းဓာတ် ပမာဏ အနည်းအကျဉ်းလောက်ကတောင် ကိုယ်ခံအားစနစ် ယိုယွင်းတာလိုမျိုး ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံရတတ်ပါတယ်။ သူတို့တွေဟာ ၃၀ မီလီဂရမ်ကနေ ပမာဏမျိုးကိုတောင် လက်ခံနိုင်စွမ်းမရှိကြပါဘူး။

    Caffeine Sensitivity လက္ခဏာများ

    Caffeine Sensitivity ဝေဒနာခံစားရတဲ့အခါမျိုးမှာ အောက်ပါ လက္ခဏာတွေ ခံစားလာရမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ၄ နာရီနဲ့ ၆ နာရီအတွင်း ပြသတတ်ပါတယ်။ အခြေအနေဆိုးလွန်းရင် ၄ နာရီထက် နည်းပါးတဲ့ အချိန်ကာလမျိုးမှာတင် ပြသနိုင်ပါတယ်။ လက္ခဏာတွေကတော့

    ဒီထက်ပိုမိုဆိုးရွားတဲ့ လက္ခဏာတွေ ပြသတဲ့ အခြေအနေမျိုးတွေ ရှိသေးပါတယ်။ ဒါကိုတော့ တစ်ဆင့်တက်ပြီး Caffeine Allergy လို့ ခေါ်ဆိုပါတယ်။ Caffeine Allergy ဖြစ်လာပြီဆိုရင်တော့

    • အရေပြားတွေ ယားယံတာ၊
    • ခန္တာကိုယ်မှာ ရွစိရွစိခံစားရတာ၊
    • ကိုယ်ခံအားစနစ် ထိခိုက်တာ၊
    • လည်ချောင်း ဒါမှမဟုတ် လျှာ ဖူးရောင်လာတာ၊
    • အသက်ရှှုရခက်ခဲလာတာ၊ စတာတွေဖြစ်လာမှာပါ။

    ဒီလို လက္ခဏာမျိုးတွေ ပြသလာပြီဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီး အမြန်ဆုံး ကုစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement