ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓာတ် အကြွယ်ဝဆုံး ဖြည့်တင်းပေးနိုင်မယ့် အစားအစာ ၈ မျိုး

လူတစ်ယောက်ဟာ အနည်းဆုံး တစ်ရက်မှာ ရေ ၈ ခွက်လောက် ဖြည့်တင်းပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သင့်အနေနဲ့ ကြားဖူးရင် ကြားဖူးမှာပါ။ ဒီလိုမှမဟုတ်ရင် သင် ရေဓာတ် ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်တဲ့။ ဒါပေမယ့် လူအတော်များများက ဒီအချက်နဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားတတ်ကြပါတယ်။ ခန္ဓာကိုယ်ကြီးဟာ နေ့စဉ်ရေဓာတ်လိုအပ်နေတာမှန်ပေမယ့် ဒီလိုဆိုလာလို့ တစ်နေကုန်တစ်နေခန်း ရေတွေချည်းထိုင်သောက်နေဖို့ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။ ရေဓာတ်ပါဝင်မှုများတဲ့၊ ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေ၊ အစားအစာတွေကိုလည်း စားသောက်ပြီးလည်း တစ်ဖက်တစ်လမ်းကနေ ရေဓာတ်ဖြည့်တင်းလို့ရပါသေးတယ်။ အစားအစာကနေတဆင့် ရေဓာတ်ကို ဖြည့်တင်းတာကလည်း မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘယ်အစားအစာတွေက ရေဓာတ် အကြွယ်ဝဆုံးလဲ National Academies of Science, Engineering and Medicine ရဲ့ အကြံပေးချက်အရဆိုရင်တော့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်အတွက် တစ်နေ့ကို ရေ အောင်စဝက်ကနေ တစ်အောင်စအထိ ဖြည့်တင်းပေးဖို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက် ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား...........

ချဉ်ဟင်းလေးပဲချက်ချက်၊ မျှစ်လေးနဲ့ ရောပြီး အရည်ပဲချက်ချက်၊ ငရုတ်သီးနိုင်နိုင်လေးနဲ့ မျှစ်တို့ရောပြီး ကြော်ပဲစားစား၊ ငါးနဲ့ပဲ ရောချက်ချက် ဘယ်ချိန် စားစား ထမင်းမြိန်လွန်းလို့ ချဉ်ပေါင်ဟင်းနဲ့ဆို စွဲပြီးသားပဲဆိုတဲ့ Helloဆရာဝန် ပရိသတ်ကြီးတွေများရှိလား။ စားလိုက်တိုင်း ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ရွက် လေးက စားကောင်းတာထက်ပိုတဲ့ ကျန်းမာရေး အာနိသင်တွေရှိနေပါတယ်။ ချဉ်ပေါင်ရွက် ဆိုတာ ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်း မျက်လုံးထဲမြင်မယ် ထင်ပါတယ်။ သုံးမြှောင့်ပုံ အရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံ စိမ်းစိမ်းလေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီ ပေါက်နေတတ်တဲ့ အပင်ငယ်ပါ။ ချဉ်ပေါင်ရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါဝင်ဖွဲ့စည်းထားတာလဲ........ စားလိုက်တိုင်း အရသာရှိတယ်ဆိုတဲ့ ချဉ်ပေါင်ရွက် မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်မှာ ကယ်လ်ဆီယမ် သံဓာတ် ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အာလူး နဲ့ ကျန်းမာရေး

ပြုတ်ပဲ စားစား၊ ကြော်ပဲကြော်ကြော်၊ အသားတို့၊ ဘဲဥတို့နဲပဲ တွဲချက်ချက်၊ ထောင်းပဲစားစား။ အသုပ်ထဲပဲထည့်ထည့်၊ ပူတင်းပဲ လုပ်စားစား အရသာရှိပြီး စိတ်တိုင်းကျစေတဲ့ အာလူးလေးက ဘယ်လိုမျိုး ကျန်းမာရေးကို အထောက်အကူပြုပေးနေသလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ အာလူးလေး ကပေးတဲ့ အာဟာရ အရွယ်တော် အာလူးတစ်လုံးမှာ ကယ်လ်လိုရီ အမျှင်ဓာတ် ကာဗိုဟိုက်ဒရိတ် အဆီ ပရိုတင်း ဗီတာမင် C ဗီတာမင် B6 ပိုတက်ဆီယမ် မဂ္ဂနိ့ မဂ္ဂနီဆီယမ် Phosphorus Niacin Folate တို့ ပါဝင်နေပါတယ်။ အာလူး ကပေးတဲ့ ကျန်းမာရေး သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာက ကျန်းမာရေးအတွက် အကျိုးများသလို နေထိုင်မှု ပုံစံကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ဘယ်လိုစားစား အရသာရှိတဲ့ အာလူးလေးကတော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသင့်စား ခေါက်ဆွဲတွေက အရသာ ကောင်းပေမယ့် ကျန်းမာရေးအတွက် မကောင်းပါ

ကိုရီးယားကားတွေကို ကြည့်လိုက်တိုင်း စားချင်မိတဲ့ ခေါက်ဆွဲပြုတ်၊ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူဆိုပြီး ကလေးက လူကြီးတွေအထိ အလွယ်တကူ စားမိနေတဲ့ အသင့်စားခေါက်ဆွဲပြုတ်တွေက ပြင်ဆင်ရတာ လွယ်ကူသလို စားရတာ ပူပူနွေးနွေးနဲ့အရသာရှိပေမယ့် ကျန်းမာရေးအတွက်တော့ တကယ်ကို မသင့်တော်ပါဘူး။ တာရှည်ခံဆေးတွေ နဲ့ အသွင်အပြင်လှလှပပ အရသာပြည့်ပြည့်ဝဝ ပြင်ဆင်ထားတဲ့ ခေါက်ဆွဲတွေကို အချို့သော သားသားမီးမီးတွေက မပြုတ်ဘဲ ဒီအတိုင်းချိုးခြေ၊ အမှုန့်တွေနဲ့ နယ်ပြီး စာနေကြတာတွေရှိပါတယ်။ ဒါက ကလေးတွေမစားသင့်တဲ့ အစားအစာတစ်မျိုးပါ။ လတ်တလောတော့ ဘာမှ မဖြစ်လို့ သတိမထားမိပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုတွေများ ထိခိုက်စေနိုင်လဲဆိုတာ ပြောပြပေးပါမယ်။ အသင့်စားခေါက်ဆွဲ တကယ်ပဲ ဆိုးသလား......... အသင့်စားခေါက်ဆွဲတွေက အာဟာရမပြည့်ရုံတင် မဟုတ်ပါဘူး။ ခေါက်ဆွဲ အစားများတဲ့သူတွေမှာ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာ ကြီးကြီးမားမားတွေ ခံစားရနိုင်ပါတယ်လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆားအကြောင်း အကောင်းအဆိုး

အိမ်သုံးဆားနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ။ ကောင်းကျိုးဆိုးကျိုးတွေကို သိပါသလား။ ဆားအကြောင်း အကောင်းအဆိုး တွေကို ပြောပြပေးချင်ပါတယ်။ အများစုကတော့ အစားအစာများကို ချက်ပြုတ်ရာမှ မရှိမဖြစ် အသုံးပြုရတဲ့ ပစ္စည်းအနေနဲ့၊ လွန်ကဲစွာ စားသုံးမိရင် သွေးတိုး နဲ့ နှလုံးရောဂါဖြစ်စေမယ့် ပစ္စည်းအနေနဲ့ သိကြပါတယ်။ ဆားအကြောင်း အကောင်းအဆိုး ဆားအကြောင်း အကောင်းအဆိုး လေ့လာလိုက်ရအောင်နော်။ ဆားကို ဓာတုဗေဒအရ ဆိုဒီယမ်ကလိုရိုဒ် (NaCl) လို့ ခေါ်ပါတယ်။ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်း၊ ကလိုရိုဒ် ၆၀ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ တကယ်တော့ ဆားဟာ လူ့ကိုယ်ခန္ဓာရဲ့ မရှိမဖြစ်ဓာတ်ဆား (electrolyte) ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွင်းမှာ အရည်တွေ ဟန်ချက်ညီမျှတဖို့၊ အာရုံကြောများ လျှပ်ကူးခြင်း ကောင်းမွန်စေဖို့၊ ကြွက်သားများ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ ရှေးယခင်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး

သစ်သီးတွေက ကျန်းမာတဲ့ စားသောက်မှုပုံစံအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သစ်သီးတွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝနေပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး၊ ပန်းသီးတွေကို နေ့စဉ် စားဖြစ်ပေမယ့် ချဉ်စော်ခါးသီး လို အသီးမျိုးကျ နေ့စဉ် စားမိဖို့က မလွယ်ပါဘူး။ နေ့စဉ် အလွယ်တကူ မစားမိနိုင်တဲ့ ချဉ်စော်ခါးသီးလို အသီးတွေမှာလည်း ခန္ဓာကိုယ် ကျန်းမာစေဖို့လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီတစ်ခေါက်တော့ လူသိနည်းနေသေးတဲ့ ချဉ်စော်ခါးသီးလေးရဲ့ ကျန်းမာရေးအာနိသင်တွေအကြောင်း ပြောပြပေးသွားပါမယ်။ ချဉ်စော်ခါးသီး အစိမ်းစားတာထက် အခြောက်ခံပြီး ဟင်းထဲထည့်ချက်တာ၊ အသီးကို ယိုထိုးစားတာက ပိုများပါ။ ပန်းသီး၊ သစ်တော်သီးတွေနဲ့ ခပ်ဆင်ဆင်တူပြီး အသားထူထူလေးပါ။ အခွံက အဝါရောင် ခပ်ဖျော့ဖျော့လေးပါ။ ဘယ်လို အာဟာရကြွယ်လဲ ........ ဟင်းလျာတွေကို ချဉ်ချဉ်လေးနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကဖင်းနဲ့ပတ်သက်ပြီး သိထားမိနိုင်တဲ့ လွဲလွဲလေးများ

ကော်ဖီလေး ကြိုက်တယ် ကော်ဖီလေးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီးသောက်တယ်။ အသားလေးလည်း ကြည်တယ်ဆိုပြီး သောက်မိနေသလား။ ဒါဆိုရင် ဒီအချက်လေးတွေကိုရော သိထားပြီးပြီလား...... ကော်ဖီနဲ့ သိထားတာလေးတွေ မှန်လား ........... အယူအဆ (၁) - ကော်ဖီသောက်တာက အရေပြားကင်ဆာ ကာကွယ်တယ် ဒီအယူအဆက မမှန်ပါဘူး။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အမျိုးသား ကင်ဆာဌာနက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးတာဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအယူအဆက အပြည့်အဝမမှန်တော့ဘူးလို့ပဲ ပြောပါရစေ။ နောက်ပိုင်း လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု ရလဒ်တွေ အရကတော့ ကော်ဖီသောက်တာက အရေပြားကင်ဆာကို မကာကွယ်ပေးနိုင်ပဲ ကော်ဖီ စွဲလမ်းမှုကိုသာ ဖြစ်စေနိုင်တယ် ဆိုတာပါ။ အရေပြားကင်ဆာ ဖြစ်ရတာက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့အရာတွေက ဘာတွေများလဲ..........

ဗီတာမင် C က ကိုယ်ခံအား ကောင်းစေသလို အနာကျက်မြန်စေတဲ့ အာနိသင်ကြောင့် ဗီတာမင် C ကို စားသုံးဖို့ လိုမယ် ဆိုတာက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်ပါ။ လူတော်တော်များများက ဗီတာမင် C လို့ ပြောလိုက်ရင် လိမ္မော်သီး စားရမယ်ဆိုတာပါ။ တကယ်က လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ ဟင်းသီးဟင်းရွက်တွေ ရှိနေပါတယ်။ ဘာတွေများ ဖြစ်မလဲ...... လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေက ဘာတွေများလဲ.......... လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွ ဟင်းသီးဟင်းရွက်တွေက မာလကာသီး မာလကာသီးက စားရတာ အရသာရှိပြီး အရည်ရွှမ်းသလို ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ ဒါ့အပြင် မာလကာသီးမှာ ကယ်လ်လိုရီ ၃၇ ဂရမ်၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး

လူတချို့ဟာ အကြောင်းပြချက်မျိုးစုံအတွက် သက်သတ်လွတ်စားကြပါတယ်။ ကျန်းမာရေးအယူအဆ အရသော်လည်းကောင်း၊ ဘာသာရေးယုံကြည်ချက်ကြောင့်သော်လည်းကောင်း၊ မိမိ အတွေးအမြင်အရ သော်လည်းကောင်း သက်သတ်လွတ်စားကြပါတယ်။ တစ်သက်တာစားသုံးသူတွေရှိကြသလို အချိန်ကာလတခုနဲ့ စားကြသူတွေလည်း ရှိပါတယ်။ သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး များအကြောင်း ပြောပြပေးချင်ပါတယ်။ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေရှိနေပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိနေသေးတာကိုတော့ ငြင်းမရပါဘူး။ ယခု ဆက်လက်ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး များကတော့ ၁။ နှလုံးကျန်းမာရေးအတွက် အကျိုးပြုခြင်း သက်သတ်လွတ်စားသုံးသူများဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေမှာ ပုံမှန်လူများထက် သုံးပုံတစ်ပုံလျော့နည်းတယ်လို့ ဆိုပါတယ်။ ရွေးချယ်တဲ့ အစားအသောက်ပေါ်လည်း မူတည်ပါသေးတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ လတ်ဆတ်တဲ့ အသီးအနှံ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ သကြားဓာတ်နည်းတဲ့ အစားအစာများကို ပိုမိရွေးချယ်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း

လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း လေ့လာလိုက်ရအောင်နော်။ လက်တို့စ် ဆိုတာ နို့တိုက်တိရစ္ဆာန်တွေဆီက ထွက်လာတဲ့ နို့ထဲမှာ သဘာဝအလျောက်ပါဝင်တဲ့ သကြားဓာတ် ဖြစ်ပါတယ်။ အဆိုပါ သကြားဓာတ်ကို လက်တေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းကနေ ချေဖျက်ပါတယ်။ အဆိုပါအင်ဇိုင်းချို့တဲ့ရင် လက်တို့စ်ကို မချေဖျက်နိုင်တော့တဲ့အခါ ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ ဒီပြဿနာကြောင့် လူတချို့ဟာ နွားနို့အပါအဝင် နို့များကို ရှောင်ကြဉ်လာရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ လက်တို့စ်မပါဝင်တဲ့နို့တွေ ထုတ်လုပ်လာကြပါတယ်။ ဒါဟာ လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose intolerance) ကြောင့် ကြုံလာရမယ့် ဝေဒနာတွေကို ကာကွယ်လာနိုင်ပါတယ်။ ဒါပေမယ့် လူအများဟာ လက်တို့စ်မပါတဲ့နွားနို့ဆိုတာ ဘယ်လိုမျိုးလဲ၊ ပုံမှန်နွားနို့နဲ့ ဘာကွာသလဲ၊ သုဲးစွဲဖို့ သင့်မသင့် သေချာစွာ မသိကြသေးပါဘူး ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း