သင်္ဘောသီး
နောက်ထပ် ဗီတာမင် C ကြွယ်ဝတဲ့ အသီးက သင်္ဘောသီးပါ။ သင်္ဘောသီးမှာ ဗီတာမင် C ၈၈ မီလီဂရမ် ပါဝင်နေပါတယ်။ ဒါကြောင့် ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် သင်္ဘောသီး စားပေးလို့ရပါတယ်။
သရက်သီး
သရက်သီးကလည်း ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတစ်ခုပေါ့။ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ အသီးတစ်ခုဆိုလည်း မမှားပါဘူး။ သရက်သီး အစိမ်းက သရက်သီးအမှည့်ထက် ဗီတာမင် C ပိုမို ကြွယ်ဝပါတယ်။
စတော်ဘယ်ရီသီး
စတော်ဘယ်ရီမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ စတော်ဘယ်ရီကလည်း ဗီတာမင် C ပါဝင်မှုက လိမ္မော်သီးထက် ပိုများပါတယ်။
ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းက အချဉ် အရသာမရှိပေမယ့် ဗီတာမင် C ကြွယ်ဝပါတယ်။ ပန်းဂေါ်ဖီစိမ်းက ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ပေးသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။
ကိုက်လန်
ကိုက်လန်က ကျန်းမာရေး အာနိသင်များတဲ့ အရွက်တစ်မျိုးပါ။ ဗီတာမင် C ရော ဗီတာမင် K ပါ ကြွယ်ဝပါတယ်။ အရသာရှိသလို ပုံမှန် စားသုံပေးမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာစေမှာပါ။
ငရုတ်ပွ
အနီရောင် နဲ့ အဝါရောင် ငရုတ်ပွတွေက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ခန္ဓာကိုယ်ကို အားပြည့်စေပြီး မျက်လုံးနဲ့ နှလုံး ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုက ကော်လာဂျင်ပမာဏကို မြှင့်တင်ပေးပါတယ်။ အဆုတ်ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။