အသင့်စားခေါက်ဆွဲမှာပါတဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့ Propylene Glycol က အသည်းရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေသလို အသည်း ပျက်စီးစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ အနေနဲ့ အသင့်စား ခေါက်ဆွဲတွေကို မစားသင့်ပါဘူး။ အကြောင်းကတော့ အသင့်စားခေါက်ဆွဲတွေမှာပါတဲ့ တာရှည်ခံ ပစ္စည်းတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တာကြောင့်ပါ။
Propylene Glycol ပါဝင်နေမှုက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။
အချိုမှုန့်လို့ သိကြတဲ့ MSG ပါဝင်တာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ MSG ကခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ မကောင်းပါဘူး။
အရသာရှိအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ အသင့်စားခေါက်ဆွဲမှာ အချိုဓာတ် ပါဝင်မှု မြင့်တာကြောင့် ဆီးချို ဖြစ်စေနိုင်ပါတယ်။
အမြဲလိုလို အသင့်စားခေါက်ဆွဲကို စားသုံးမယ်၊ အလွန်အကျွံစားသုံးမယ်ဆိုရင် ဆိုဒီယမ် ပါဝင်မှု များတာကြောင့် အမျိုးသမီးတွေမှာ ဟော်မုန်း ပြဿနာ ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။