backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး

သစ်သီးတွေက ကျန်းမာတဲ့ စားသောက်မှုပုံစံအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သစ်သီးတွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝနေပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး၊ ပန်းသီးတွေကို နေ့စဉ် စားဖြစ်ပေမယ့် ချဉ်စော်ခါးသီး လို အသီးမျိုးကျ နေ့စဉ် စားမိဖို့က မလွယ်ပါဘူး။

နေ့စဉ် အလွယ်တကူ မစားမိနိုင်တဲ့ ချဉ်စော်ခါးသီးလို အသီးတွေမှာလည်း ခန္ဓာကိုယ် ကျန်းမာစေဖို့လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီတစ်ခေါက်တော့ လူသိနည်းနေသေးတဲ့ ချဉ်စော်ခါးသီးလေးရဲ့ ကျန်းမာရေးအာနိသင်တွေအကြောင်း ပြောပြပေးသွားပါမယ်။

ချဉ်စော်ခါးသီး

အစိမ်းစားတာထက် အခြောက်ခံပြီး ဟင်းထဲထည့်ချက်တာ၊ အသီးကို ယိုထိုးစားတာက ပိုများပါ။ ပန်းသီး၊ သစ်တော်သီးတွေနဲ့ ခပ်ဆင်ဆင်တူပြီး အသားထူထူလေးပါ။ အခွံက အဝါရောင် ခပ်ဖျော့ဖျော့လေးပါ။

ဘယ်လို အာဟာရကြွယ်လဲ ……..

ဟင်းလျာတွေကို ချဉ်ချဉ်လေးနဲ့ ခံတွင်းတွေ့ အရသာတိုးစေတဲ့ ချဉ်စော်ခါးသီးမှာ

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အဆီဓာတ်
  • အမျှင်ဓာတ်
  • ဗီတာမင် C
  • copper
  • ပိုတက်ဆီယမ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • phosphorus
  • ဗီတာမင် A
  • ကယ်လ်ဆီယမ် တို့ပါဝင်ပါတယ်။

ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး

ချဉ်စော်ခါးသီးလေးက

သွေးပေါင် ထိန်းညှိပေးတယ်

ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးတတ်သူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ချဉ်စော်ခါးသီးမှ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဝမ်းချုပ် သက်သာစေတယ်

ချဉ်စော်ခါးသီးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေသလို အစာခြေစနစ် ကျန်းမာစေပါတယ်။ ဝမ်းချုပ်တာကို သက်သာစေသလို ဝမ်းပျက်ဝမ်းလျှောတာကိုလည်း ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

လေ့လာမှုတွေအရ ချဉ်စော်ခါးသီးက ခန္ဓာကိုယ်တွင်း ကိုယ်ပ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်တယ်၊ လို့ သိရပါတယ်။ ခံတွင်းမှာအနာဖြစ်တာကို သက်သာစေသလို အစာအိမ် အတွင်းနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။

ဖျားနာမှုကို ကင်းစေပြီး အရေပြား ပိုးဝင်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

ချဉ်စော်ခါးသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို နှလုံးကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။

အနာကျက် မြန်စေတယ်

ရှေးယခင်ကာလတွေကတည်း ချဉ်စော်ခါးသီးအစေ့ကို အနာကျက်စေဖို့ အသုံးပြုခဲ့ကြပါတယ်။ အနာကျက်မြန်စေသလို တစ်ရှူးတွေ ပြန်လည် ကျန်းမာလာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အနာပေါ်ကို ချဉ်စော်ခါးသီး အစေ့ကနေရတဲ့ အဆီကို လိမ်းပေးမယ်ဆိုရင် အနာကျက်မြန်စေပြီး တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေမှာပါ။ အပူလောင်တာ၊ ပြတ်ရှဒဏ်ရာတွေကို သက်သာစေမယ့် သဘာဝဆေးတစ်မျိုးပါ။

စားချဉ့်ရည်ပြန်ဆန်တက်ခြင်း (GERD) သက်သာစေတယ်

စားချဉ့်ရည်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာက အစာခြေအက်ဆစ်တွေ အစာရေမြိုဆီ ပြန်ဆန်တက်လာတာပါ။ လက္ခဏာအနေနဲ့ကတော့ ရင်ပူတာ၊ မအီမသာဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

လေ့လာမှုတွေအရကတာ့ ချဉ်စော်ခါးသီး ဖျော်ရည်က ဒီကျန်းမာရေးပြဿနာကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ GERD ပြဿနာ သက်သာစေဖို့လည်း အသုံးပြုလို့ရပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ!

ချဉ်စော်ခါးသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရောဂါအခံ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement