လူတချို့ဟာ အကြောင်းပြချက်မျိုးစုံအတွက် သက်သတ်လွတ်စားကြပါတယ်။ ကျန်းမာရေးအယူအဆ အရသော်လည်းကောင်း၊ ဘာသာရေးယုံကြည်ချက်ကြောင့်သော်လည်းကောင်း၊ မိမိ အတွေးအမြင်အရ သော်လည်းကောင်း သက်သတ်လွတ်စားကြပါတယ်။ တစ်သက်တာစားသုံးသူတွေရှိကြသလို အချိန်ကာလတခုနဲ့ စားကြသူတွေလည်း ရှိပါတယ်။