backup og meta

ရေဓာတ် အကြွယ်ဝဆုံး ဖြည့်တင်းပေးနိုင်မယ့် အစားအစာ ၈ မျိုး

ရေဓာတ် အကြွယ်ဝဆုံး ဖြည့်တင်းပေးနိုင်မယ့် အစားအစာ ၈ မျိုး

လူတစ်ယောက်ဟာ အနည်းဆုံး တစ်ရက်မှာ ရေ ၈ ခွက်လောက် ဖြည့်တင်းပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သင့်အနေနဲ့ ကြားဖူးရင် ကြားဖူးမှာပါ။ ဒီလိုမှမဟုတ်ရင် သင် ရေဓာတ် ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်တဲ့။

ဒါပေမယ့် လူအတော်များများက ဒီအချက်နဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားတတ်ကြပါတယ်။ ခန္ဓာကိုယ်ကြီးဟာ နေ့စဉ်ရေဓာတ်လိုအပ်နေတာမှန်ပေမယ့် ဒီလိုဆိုလာလို့ တစ်နေကုန်တစ်နေခန်း ရေတွေချည်းထိုင်သောက်နေဖို့ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။

ရေဓာတ်ပါဝင်မှုများတဲ့၊ ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေ၊ အစားအစာတွေကိုလည်း စားသောက်ပြီးလည်း တစ်ဖက်တစ်လမ်းကနေ ရေဓာတ်ဖြည့်တင်းလို့ရပါသေးတယ်။ အစားအစာကနေတဆင့် ရေဓာတ်ကို ဖြည့်တင်းတာကလည်း မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဘယ်အစားအစာတွေက ရေဓာတ် အကြွယ်ဝဆုံးလဲ

National Academies of Science, Engineering and Medicine ရဲ့ အကြံပေးချက်အရဆိုရင်တော့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်အတွက် တစ်နေ့ကို ရေ အောင်စဝက်ကနေ တစ်အောင်စအထိ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်တဲ့။ တကယ်လို့သင်က ပေါင် ၁၅၀ လောက်ရှိမယ်ဆိုရင် တစ်နေ့ကို ၁၀ အောင်စနဲ့ ၁၈ အောင်စကြား ဖြည့်တင်းပေးဖို့ လိုအပ်မယ်ဆိုတဲ့ သဘောပါ။

ဒီလောက်များပြားတဲ့ရေပမာဏကို ရေသောက်သုံးတဲ့ နည်းလမ်းတစ်ခုတည်းနဲ့တော့ ဖြည့်ဆည်းဖို့ မလွယ်ကူပါဘူး။ ဒီတော့ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း အစားထိုးမှီဝဲဖို့ လိုအပ်လာတာပေါ့။

ဒါကြောင့် အစားအစာတွေထဲမှာမှ ရေဓာတ်ပါဝင်မှုအများဆုံး အစားအစာ ၈ မျိုးကို ဖော်ပြပေးချင်ပါတယ်။ ဒီအစားအစာ ၈ မျိုးကတော့ ရေဓာတ်ဖြည့်တင်းရာမှာ ဦးစားပေးရွေးချယ်သင့်တဲ့ အစားအစာတွေပေါ့။

၁။ သခွားသီး

သခွားသီးမှာ ရေဓာတ်ပါဝင်မှုက ၉၅% တောင်ရှိပါတယ်။ ရေဓာတ်ပါဝင်မှုအများဆုံး သစ်သီးဝလံလို့တောင် ဆိုရမယ့်ပုံပါ။ ရေဓာတ်ဖြည့်တင်းဖို့အတွက် အရွေးချယ်သင့်ဆုံး အစားအစာတစ်ခုပါပဲ။ နောက်ထပ်ထူးခြားတာကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်းပါဝင်နေတဲ့ သခွားသီးဟာ အသားအရေလှပမှုကိုလည်း အကျိုးပြုနိုင်သေးတာပါပဲ။

၂။ စဲလယ်ရီတရုတ်နံနံနဲ့ မြေပဲထောပတ်အနှစ်

စဲလယ်ရီဟာ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ရေဓာတ်အများစုနဲ့ တည်ဆောက်ထားတဲ့ ဟင်းရွက်တစ်မျိုးပါ။ ရေဓာတ် ဆုံးရှုံးမှုကို ပြန်လည်အဖတ်ဆည်ပေးနိုင်တဲ့ အစားအစာဆိုရင်လည်း မမှားပါဘူး။ မြေပဲထောပတ်နဲ့ တွဲဖက်စားမယ်ဆိုရင်တော့ ပရိုတိန်းနဲ့ ဗီတာမင်တွေကိုပါ ပိုမိုဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။

၃။ ဖရဲသီး

နွေရာသီရောက်တိုင်း ဖရဲသီးစားပြီး ရေဓာတ်ဖြည့်တင်းကြတာက ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ပူလာရင် ချွေးထွက်လာရင် ဖရဲသီးလေးပြေးပြေးစားခဲ့ကြတာက ငယ်ဘဝကတည်းကလေ။ ဖရဲသီးဟာ ရေဓာတ်ပါဝင်မှုများပြားပြီး ကယ်လိုရီလည်း နည်းပါးပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေ အကြိုက်ပေါ့။

၄။ သခွားမွှေး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ သခွားမွှေးဟာ ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဖရဲမျိုးထဲမှာပါဝင်တဲ့ သခွားမွှေးသီးဟာ တစ်ခွက်စာမှာ ပိုတက်ဆီယမ် ၄၂၇ မီလီဂရမ်လောက်ပါဝင်ပြီး တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၉% လောက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

၅။ စတော်ဘယ်ရီ

စတော်ဘယ်ရီသီးဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို ရေဓာတ် ပါဝင်မှုများပါတယ်။ ချိုမြိန်တဲ့အရသာနဲ့အတူ ရေဓာတ်အမြောက်အများ ဖြည့်ဆည်းပေးနိုင်တာမို့ ရေဓာတ်လိုအပ်နေချိန်တွေမှာ စားသုံးပေးသင့်တဲ့ သစ်သီးတစ်မျိုးလို့ ဆိုရမှာပါ။ စတောဘယ်ရီသီးရဲ့ ရေဓာတ်ပါဝင်မှုပမာဏက ၉၁% တောင်ရှိပါတယ်။

၆။ ဂေါ်ဖီမျိုးဝင်များ

ဂေါ်ဖီနွယ်ဝင် ဟင်းရွက်တွေကို ရေခဲတုံးကြီးတွေလို့တောင် တင်စားတတ်ကြပါတယ်။ ရေဓာတ်ပါဝင်မှု ၉၅% အထိရှိတာမို့ အလွန်များပြီး အာဟာရဓာတ်လည်းကြွယ်ဝပါတယ်။ ဘယ်လိုစီမံချက်ပြုတ်စားသည်ဖြစ်စေ သူ့ရဲ့ ရေဓာတ်ဖြည့်တင်းပေးနိုင်စွမ်းက မြင့်မားနေမှာဖြစ်ပါတယ်။

၇။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ အသားအရေလှပစေတယ်လို့ လူသိများပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းက သူ့ရဲ့ အားသာချက်မဟုတ်ပါဘူး။ ရေဓာတ် ၉၅% အထိပါဝင်နေခြင်းနဲ့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝခြင်းတွေကလည်း သူ့ရဲ့ အရေးပါတဲ့ နောက်ထပ် အကျိုးကျေးဇူးတွေပါပဲ။ ဒါကြောင့် ခရမ်းချဉ်သီးကို နေစဉ်ပုံမှန် မှီဝဲပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်မှာဖြစ်သလို အသားအရေလည်း ကြည်လင်လှပစေမှာဖြစ်ပါတယ်။

၈။ ငရုတ်ပွသီး

ငရုတ်သီးဟာ ရေဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ ယုံကြည်ချက်ဟာ ရှေးမာယာလူမျိုးတွေက ခေတ်ကတည်းက လက်ခံထားတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ ဒီအချက်ဟာ မှန်ကန်မှုရှိပြီး အစပ်အရသာသိပ်မကဲတဲ့ ငရုတ်ပွသီးလှလှကြီးတွေဟာ ရေဓာတ် ၉၂% အထိ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း မက္ကဆီကိုတွေဟာ အသုပ်စုံတွေနဲ့ Salsas တွေမှာ ငရုပ်သီးတွေကို အခြေခံကာဖန်တီးမှီဝဲကြတာဖြစ်ပါတယ်။

ဒါပေမယ့် သတိထားဖို့ လိုအပ်တဲ့ အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ သင့်အနေနဲ့ အစားအသောက်တွေကနေ ရေဓာတ်ဖြည့်ဆည်းနိုင်တာမှန်ပေမယ့် ရေကိုလည်း အတိုင်းအတာတစ်ခုအထိ သောက်သုံးပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။

လူတွေ ရေသောက်တာဟာ ရေဓာတ်ဖြည့်ဆည်းမှုတစ်ခုတည်းအတွက် အကျိုးရှိတာမဟုတ်ပါဘူး။ ကျောက်ကပ်ပုံမှန်အလုပ်လုပ်ဖို့အတွက်လည်း လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တင်းနိုင်တဲ့ အစားအစာတွေနဲ့ သောက်သုံးရေနဲ့ကို မှန်ကန်မျှတစွာ မှီဝဲဖြည့်တင်းနိုင်မယ်ဆိုရင် သင်ဟာ ကျန်းမာတဲ့လူသားတစ်ယောက် မလွဲမသွေဖြစ်လာမှာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.everydayhealth.com/dehydration/water-packed-foods-help-you-avoid-dehydration/

https://www.healthline.com/nutrition/19-hydrating-foods

https://www.medicalnewstoday.com/articles/325958

https://www.medicalnewstoday.com/articles/325958

ယခုပုံစံ

04/04/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြန်လည်ကျန်းမာလာချိန်မှာ လိုအပ်မယ့် အာဟာရနဲ့ ရေဓာတ်ပြည့်ဝမှု

ကလေးတွေမှာ တွေ့ရတတ်တဲ့ ရေဓာတ် ဆုံးရှုံးခြင်း ရဲ့ လက္ခဏာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Ye Zon Aung မှ ရေးသားသည်။ · 04/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement