backup og meta

ကဖင်းနဲ့ပတ်သက်ပြီး သိထားမိနိုင်တဲ့ လွဲလွဲလေးများ


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကဖင်းနဲ့ပတ်သက်ပြီး သိထားမိနိုင်တဲ့ လွဲလွဲလေးများ

    ကော်ဖီလေး ကြိုက်တယ် ကော်ဖီလေးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီးသောက်တယ်။ အသားလေးလည်း ကြည်တယ်ဆိုပြီး သောက်မိနေသလား။ ဒါဆိုရင် ဒီအချက်လေးတွေကိုရော သိထားပြီးပြီလား……

    ကော်ဖီနဲ့ သိထားတာလေးတွေ မှန်လား ………..

    အယူအဆ (၁) – ကော်ဖီသောက်တာက အရေပြားကင်ဆာ ကာကွယ်တယ်

    ဒီအယူအဆက မမှန်ပါဘူး။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အမျိုးသား ကင်ဆာဌာနက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးတာဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအယူအဆက အပြည့်အဝမမှန်တော့ဘူးလို့ပဲ ပြောပါရစေ။

    နောက်ပိုင်း လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု ရလဒ်တွေ အရကတော့ ကော်ဖီသောက်တာက အရေပြားကင်ဆာကို မကာကွယ်ပေးနိုင်ပဲ ကော်ဖီ စွဲလမ်းမှုကိုသာ ဖြစ်စေနိုင်တယ် ဆိုတာပါ။ အရေပြားကင်ဆာ ဖြစ်ရတာက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ အရေပြားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးကတော့ နေရောင်ပြင်းတဲ့ အချိန်တွေမှာ အပြင်မထွက်မိစေဖို့ပါ။

    အယူအဆ (၂) –  ကဖင်းက အကြောပြတ်ရာတွေကို သက်သာစေတယ်

    အလှအပ ကျွမ်းကျင်သူတွေက ကော်ဖီမှုန့်က အကြောပြတ်ရာတွေကို သက်သာစေတယ်၊ လို့ ပြောဆိုထားတာတွေ ရှိပါတယ်။ ကဖင်းက အရေပြားကို ကျန်းမာစေနိုင်တယ်လို့ အလှအပ ကျွမ်းကျင်သူတွေက ယုံကြည်ကြပေမယ့် ဒါက မမှန်ဘူးလို့ပဲ ပြောပါရစေ။

    ကဖင်းက အသားအရေကို မထိခိုက်စေဘူးဆိုပေမယ့် အရေပြားပေါ်က အကြောပြတ်ရာတွေကို သက်သာစေနိုင်တယ်ဆိုတဲ့ အထောက်အထား တစ်စုံတစ်ရာတော့ မရှိပါဘူး။

    အယူအဆ (၃) အရေးအကြောင်းတွေကို သက်သာစေနိုင်တယ်

    တစ်နေ့တစ်နေ့ အရေးအကြောင်းသက်သာအောာင်ဆိုပြီး ကော်ဖီတွေ လက်ဖက်ရည်တွေ သောက်မိနေသလား.. ဒါဆိုရင်တော့ ဆက်မသောက်ပါနဲ့တော့။ ဒီလိုပြောရတာက ကော်ဖီ သောက်တာ၊ လက်ဖက်ရည် သောက်တာတွေက အရေပြားကို ကျန်းမာစေတယ်၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာတွေကို ကင်းစေတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။

    အရေးအကြောင်းတွေကို ကာကွယ်ချင်တယ်ဆိုရင် နေရောင်ထဲ ထွက်တဲ့အခါတိုင်း နေလောင်ကာခရင်မ် လိမ်းပေးပါ။

    အယူအဆ (၄) ကိုယ်အလေးချိန် လျှော့ချနိုင်တယ်။ ကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားပေးတယ်

    ကဖင်းက ဆီးရွှင်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဆီးခဏခဏ သွားစေနိုင်တာမှန်ပေမယ့် ကိုယ်တွင်းက အဆိပ်တောက်တွေကိုတော့ မဖယ်ရှားပေးနိုင်ပါဘူး။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို အကောင်းဆုံး ဖယ်ရှားချင်ရင်တော့ ရေသောက်တာ၊ လေ့ကျင့်ခန်း လုပ်တာက အကောင်းဆုံးနည်းလမ်းပါ။

    ဆီးသွားတာက ရေဝိတ်ကို ကျစေနိုင်ပေမယ့် ကော်ဖီသောက်ပြီး ဝိတ်ချတာက နည်းလမ်းကောင်းတော့ မဟုတ်ပါဘူး။ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် ချချင်တယ်ဆိုရင်တော့ ရေသောက်ပါ။ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

    အယူအဆ (၅) မျက်အိတ်တွဲတာ။ မျက်ကွင်းညိုတာတွေကို သက်သာစေနိုင်တယ်

    ကဖင်းပါတဲ့ eye cream တွေက မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာတွေကို သက်သာစေဖို့ ထိုက်သင့်သလောက် အထောက်အပံ့ ပေးတယ်ဆိုပေမယ့် ကော်ဖီသောက်တာကြောင့်တော့ ဒီပြဿနာတွေ ကင်းမသွားပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement