backup og meta

ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင်

ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင်

ငါးပိနဲ့ တို့စရာ နှစ်သက်ကြတဲ့ မြန်မာ့ဓလေ့ဟာ ထမင်းဝိုင်းမှာ အာဟာရဓာတ်တွေ ပြည့်စုံစေတာ အမှန်ပါပဲ။ ဟင်းသီးဟင်းရွက် တွေကို အစိမ်း ဒါမှမဟုတ် ပြုတ်ပြီး တို့မြှုပ်စားကြတာဟာ နေ့စဉ်အာဟာရ မှာ ဟင်းလျာတွေမှာ ပါတဲ့ အသား၊ ငါး အပြင် အသီးအရွက်တွေ ရဲ့ အာဟာရဓာတ် မျိုးစုံကို တစ်ခါတည်း ရရှိနိုင်ဖို့ အကောင်းဆုံး နည်းလမ်း ပါပဲ။ ဒီလို စုံစုံလင်လင် စားသုံးကြတဲ့အခါ တို့စရာ အဖြစ် စားလေ့ ရှိတဲ့ ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင် အကြောင်းကိုရော သိပြီးပြီလား!

ဒီတစ်ခါ ဖော်ပြပေးချင်တာက တို့စရာ အဖြစ်နဲ့ စားလေ့ ရှိကြတဲ့ မာလာဖူး လေးတွေရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းလေးပါ။ ရေနွေး ဖျောပြီး၊ ပြုတ်ပြီးတဲ့အခါ အရသာက ရှတတ၊ အနံ့လေးက မွှေးတေးတေး နဲ့ ထမင်းမြိန်စေတဲ့ မာလာဖူးက ဘယ်လိုတွေ ဆေးဖက်ဝင်သလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုကောင်းသလဲ ဆိုတာ မသိချင်ကြဘူးလား။

ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင်

ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင် ကတော့

(၁) အစာခြေစနစ် ကို ကူညီပေးတယ်

မာလာဖူး ရဲ့ ပူရှိန်းရှိန်း၊ ရှတတ အာနိသင်ကြောင့် အစာချေဖျက်မှုကို အားပေးပြီး အစာခြေစနစ် ရဲ့ လုပ်ဆောင်ချက်ကို ကူညီထောက်ပံ့ပေးပါတယ်။ လေနာရောဂါ၊ အစာမကြေတာ၊ ဗိုက်အောင့်တာ၊ ခံတွင်းပျက်တာ၊ သန်ထတာ၊ လေပွတာ၊ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တာ၊ စားချင်စိတ် မရှိတာ စတဲ့ ဝေဒနာတွေ အတွက် ဆေးတစ်ခွက် ပါပဲ။

(၂) ရောင်ရမ်းမှု နဲ့ နာကျင်မှုတွေကို သက်သာစေတယ်

အရောင်ကျစေတာ နဲ့ နာကျင်ကိုက်ခဲမှုတွေ သက်သာစေတာ ကလည်း မာလာဖူးရဲ့ အာနိသင်တွေထဲ ပါဝင်ပါတယ်။ အနာကျက်မြန်စေတယ်၊ ပြန်သက်သာစေနိုင်စွမ်း ကို အားပေးတယ်။

ဆီးရွှင်စေဖို့ကို အားပေးတဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပြီး ပိုလျှံနေတဲ့ အရည်တွေကို စွန့်ထုတ်နိုင်စေပါတယ်။ အဲဒီကနေမှ အဆစ်နာရောဂါ၊ လေးဖက်နာရောဂါ တို့လို ရောင်ရမ်းမှု တွေကို လျော့ကျစေပြီး နာကျင်မှုတွေလျော့ပါးစေနိုင်ပါတယ်။

(၃) ရောဂါပိုးမွှား တွေကို နှိမ်နင်းစေနိုင်တယ်

ဝမ်းလျှောစေတတ်တဲ့ E.coli ပိုး အပါအဝင် ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင် ရှိသလို မှိုပိုးတွေ နဲ့ ဘက်တီးရီးယား တွေကိုလည်း ကူညီနှိမ်နင်းပေးပါတယ်။

(၄) အမျိုးသမီးကျန်းမာရေး အတွက် ကောင်းတယ်

မာလာဖူး က အဖြူဆင်းခြင်း၊ ရာသီလာချိန် နာကျင်ကိုက်ခဲခြင်း၊ စတဲ့ အမျိုးသမီးတွေမှာ ခံစားရလေ့ ရှိတဲ့ ကျန်းမာရေးပြဿနာတွေ အတွက် အကျိုးပြုအာနိသင် လည်း ရှိပါတယ်။

(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေ ကြွယ်ဝတယ်

မာလာဖူး မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်တာမို့ Free radical တွေကြောင့် ဖြစ်လာတဲ့ ထိခိုက်မှုအန္တရာယ်တွေကို ဟန့်တားပေးနိုင်ပါတယ်။ Free radical လို့ ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို ပျက်စီးစေပြီး ကင်ဆာရောဂါ အပါအဝင် ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါတွေ အားလုံးဟာ ဖွယ်ဖွယ်ရာရာ မိသားစုထမင်းဝိုင်း ကနေ အလိုအလျောက် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါနော်။ တစ်နေ့စာအာဟာရ မှာ အသား၊ ငါး နဲ့ အသီးအရွက်တွေ စုံလင်မျှတနေမယ် ဆိုရင် ဗီတာမင် အားဆေး တွေတောင် မလိုတော့ပါဘူး။

တစ်ခုသတိထားရမှာက မာလာဖူးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံစားရင်ကောင်းကျိုးထက် ဆိုးကျိုး ပိုများတာကြောင့် သင့်တင့်တဲ့ ပမာဏပဲ စားဖို့ အကြံပြုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://theepicentre.com/spice/white-turmeric-zedoary/

https://www.everydayhealth.com/diet-nutrition/diet/scientific-health-benefits-turmeric-curcumin/

https://www.healthbenefitstimes.com/white-turmeric/

 

ယခုပုံစံ

22/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement