မာလာရှမ်းကော စားတဲ့အခါ ခပ်ထုံထုံ အရသာကိုပေးတဲ့ အရာလေးဖြစ်သလို ဟင်းကို အနံ့အရသာ တိုးစေတဲ့ မက်ခါသီးလေးက ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ပေါများစွာထွက်တဲ့ ဒေသထွက် ဟင်းခတ် အမွှေးအကြိုင်လေးပါ။ ငရုတ်ကောင်းလိုပဲ ဟင်းလျာတွေထဲမှာ အနံ့အရသာတိုးစေဖို့ ထည့်တတ်ကြပါတယ်။ ဒီလို အထုံအရသာပေးစွမ်းတဲ့ မက်ခါသီးလေးက စားကောင်းရုံတင်ပဲလား။ ကျန်းမာရေး အကျိုးကျေးဇူးရော ရှိလား သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။