backup og meta

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဖြစ်စေဖို့ ကြက်ပေါင်းရည် သောက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဖြစ်စေဖို့ ကြက်ပေါင်းရည် သောက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

“နေမကောင်းဘူးလား…ကြက်ပေါင်းရည် သောက်လေ”

“စာမေးပွဲနီးပြီ စာတွေ ကျက်ရတာ ပင်ပန်းနေပြီလား လန်းသွားအောင် ကြက်ပေါင်းရည် သောက်ပါလား” ဆိုတာတွေက တော်တော်လေး နားယဉ်နေမယ့် စကားဖြစ်မယ် ထင်ပါတယ်။

ဒီလို ကြားဖူးနေမှုနဲ့အတူ ကြက်ပေါင်းရည် သောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ ထွေထွေးထူးထူး ပြောပြနေစရာမလိုဘဲ တော်တော်များများသိထားပြီး ဖြစ်မှာပါ။ အာရှတိုက်သားတွေ အထူးသဖြင့် တရုတ်လူမျိုးတွေက ကြက်ပေါင်းရည်ကို အားဖြစ်စေမယ့် ဟင်းလျာတစ်ခု အဖြစ် ရှေးယခင်ကာလတွေကတည်းက စားသုံးလာခဲ့ကြတာပါ။

နာလန်ထ လူနာတွေကို မြန်မြန်အားပြည့်စေဖို့၊ နေမကောင်းသူတွေကို မြန်မြန်နေကောင်းစေဖို့၊ ကလေးတွေကို စာမေးပွဲမှာ အကောင်းဆုံး ဖြေဆိုနိုင်ဖို့၊ နို့တိုက်မေမေတွေကို ကိုယ်ခံအားကောင်းပြီး ဘေဘီလေးကို နို့ဝဝတိုက်နိုင်စေဖို့ဆိုပြီး ပြင်ဆင်ပေးလေ့ရှိတဲ့ ကြက်ပေါင်းရည်က တကယ်ရော ကောင်းရဲ့လား။ ဘာလို့များ ဒီလောက်တောင် ညွှန်းနေကြတာလဲဆိုတာ ဆက်ပြောပြချင်ပါတယ်။

ကြက်ပေါင်းရည် တကယ်ကောင်းသလား။

ကြက်ပေါင်းရည်က ကျန်းမာရေးအတွက် ကောင်းသလားဆိုတာ မပြောခင် နေမကောင်းရင် အားမရှိရင် ကိုယ်တိုင်ရော ဘာလုပ်လေ့ရှိလဲ စဉ်းစားကြည့်ရအောင်။

ကြက်စွပ်ပြုတ် ပူပူလေး သောက်တယ်ဟုတ်။ ကြက်စွပ်ပြုတ်တောင် အားရှိတယ်ဆိုရင် ပေါင်းခံထားတဲ့ ကြက်ပေါင်းရည်က အာဟာရပြည့်ဝမှုရော ကျန်းမာရေးအတွက် အထောက်အကူပြုမှုရော အများကြီး ပိုပေးနိုင်မယ်လို့ အကြမ်းဖျဉ်းစတင် ယူဆလို့ရပါပြီ။

ကျန်းမာစေဖို့ ကြက်ပေါင်းရည် သောက်မယ်ဆိုရင် သတိထားရမှာတစ်ခုတော့ ရှိပါတယ်။ ဒါကတော့ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝလုံလောက်စွာ ပါဝင်ပြီး အဆီပါဝင်မှုနည်းဖို့ပါ။ ဒါမှလည်း ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အာဟာရတစ်ခုဖြစ်မှာပါ။

ကြက်ပေါင်းရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

မိသားစုကျန်းမာရေးအတွက် ကြက်ပေါင်းရည်က ပေးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့..

() စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေတယ်။

တစ်နေ့တာမှာ မိုးလင်းကနေမိုးချုပ် လုပ်ကိုင်ရတဲ့ တာဝန်တွေက မနည်းပါဘူး။ လူတွေကြားမှာ၊ လုပ်ငန်းခွင်အသီးသီးမှာ၊ ကွန်ပျူတာတွေရှေ့မှာ လူ​ကြီးတွေက တစ်နေကုန် အချိန်ကုန်နေရသလို ကလေးတွေက စာကြည့်စားပွဲမှာ အချိန်တော်တော်များများ ကုန်ဆုံးနေကြရပါတယ်။

အလုပ်တွေ၊ သင်ခန်းစာတွေနဲ့ လုံးပန်းနေရတာက အချိန်ကြာမြင့်လာတဲ့အခါ စိတ်ပင်ပန်းတာတွေဖြစ်လာပါတယ်။

စိတ်ပင်ပန်းလာတဲ့အခါ

ကြက်ပေါင်းရည်မှာ peptide နဲ့ ပရိုတင်းတို့ ပါဝင်နေတာကြောင့် စိတ်ကျန်းမာစေပြီး အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။ အလုပ်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်သလို ကလေးတွေကိုလည်း သင်ယူနိုင်စွမ်း ကောင်းစေပါတယ်။ ဖိုးဖိုးဖွားဖွားတွေမှာလည်း သိမှုနဲ့ မှတ်ဉာဏ်စွမ်းရည် ပိုကောင်းစေနိုင်ပါတယ်။

() စိတ်ခံစားမှု ကောင်းစေတယ်။

ကြက်ပေါင်းရည်မှာ ပရိုတင်း၊ peptideနဲ့ အမိုင်နိုအက်ဆစ်တို့ ပါဝင်နေတာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ ကာလတိုမှတ်ဉာဏ်ကောင်းစေသလို မှတ်မိနိုင်စွမ်းကိုလည်း တိုးစေပါတယ်။ ကလေးတွေမှာ တွက်ချက်မှု စွမ်းရည် ကောင်းစေပါတယ်။ တက်ကြွလန်းဆန်းစေပြီး စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။

ဗီတာမင် Bအုပ်စု ပါဝင်နေတာကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေသလို အမြင်အာရုံလည်း ကောင်းစေပါတယ်။ ကလေးတွေ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ အာဟာရတစ်ခုပါ။

() ကိုယ်ခံအား ကောင်းစေတယ်။

ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစား အုပ်စုထဲမှာ ကြက်သားက ပါပြီးသားပါ။ ဒီတော့ ကြက်သားကို အဆီအနှစ်တွေ အကုန်ထွက်အောင် အကြာကြီး ပေါင်းခံထုတ်ထားတဲ့ ကြက်ပေါင်းရည်မှာ ပရိုတင်း ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါလိမ့်မယ်။

အခုလို covid-19 ကပ်ရောဂါကာလမှာ ကိုယ်ခံအား ကောင်းဖို့ အရေးကြီးတာမို့ ကြက်ပေါင်းရည်က မိမိနဲ့ မိသားစု ကျန်းမာရေးအတွက် အထောက်အကူတစ်ခုဖြစ်စေနိုင်ပါတယ်။

() နို့ထွက်များစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ အာဟာရပြည့်ဝပြီး  ဘေဘီလေး အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်ပေါင်းရည်ကို သောက်ပေးလို့ ရပါတယ်။ ဘေဘီလေးကို မွေးဖွားချိန်မှာ နို့မထွက်မှာကိုလည်း မစိုးရိမ်ရတော့ပါဘူး။

နို့တိုက်မေမေ တစ်ယောက်အနေနဲ့ အာဟာရပြည့်ဝတဲ့ နို့ချို လှိုင်လှိုင်ထွက်ဖို့အတွက်လည်း ကြက်ပေါင်းရည်က အတော်လေး အကူအညီဖြစ်စေမှာပါ။

() သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။

အခုနောက်ပိုင်း အစားအသောက်တွေ နဲ့ နေထိုင်မှု ပုံစံတွေ ပြောင်းလဲလာတာတွေကြောင့်  လူတော်တော်များများက ဆီးချို ရောဂါကို ခံစားနေကြရပါတယ်။ ဆီးချိုရောဂါက နာတာရှည်ရောဂါဆိုပေမယ့် အာဟာရကို သင့်တင့်မျှတအောင် စားသုံးမယ်။ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်။သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းမယ်။ သွေးချိုပမာဏကို ပုံမှန် ထိန်းညှိနိုင်မယ်ဆိုရင် သက်တမ်းစေ့နေနိုင်မျာပါ။

လေ့လာမှုတွေအရတော့ ကြက်ပေါင်းရည်သောက်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်လို့ ထူးထူးခြားခြားတွေ့ရပါတယ်။ ကြက်ပေါင်းရည်မှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်တွေက သွေးတွင်းသကြားဓာတ်ညွှန်းကိန်းကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါသတဲ့။

ကြက်ပေါင်းရည်ကို ဘယ်သူတွေ သောက်လို့ရလဲ……

ကြက်ပေါင်းရည်ကို

  • လုပ်ငန်းခွင် ဝင်နေသူတွေ
  • အားကစားသမားတွေ
  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသူတွေ
  • သွေးအားနည်းပြီး ပင်ပန်းနွမ်းနယ်နေသူတွေ
  • သက်ကြီးရွယ်အိုတွေ
  • နာလန်ထလူနာတွေ
  • နာမကျန်းသူတွေ
  • ကိုယ်ဝန်ဆောင်မိခင်တွေ
  • နို့တိုက်မိခင်တွေအထိ အကုန်လုံး သောက်သုံးပေးလို့ရတယ်။ အဆီနဲ့ ဆားဓာတ်နည်းစေဖို့တော့ သတိပြုဖို့ လိုပါတယ်။

အခုဆိုရင်တော့ ကြက်ပေါင်းရည်က ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဘာကြောင့်ပြောရသလဲဆိုတာကို သိလောက်​ပြီ ထင်ပါတယ်။ ဒီလိုမျိုး အရေးကြီးတဲ့ အာဟာရဓာတ်တွေ ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးနိုင်တဲ့အတွက် ကြက်ပေါင်းရည်ဆိုတာ မိသားစုကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်သင့်တဲ့ ဓာတ်စာတစ်ခုအဖြစ် အမြဲရှိနေဦးမှာပဲဖြစ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chicken Essence Improves Exercise Performance and Ameliorates Physical Fatigue https://www.ncbi.nlm.nih.gov/pmc/articles/PMC4113764/ Accessed Date 6 August 2020

Effects of chicken essence on recovery from mental fatigue in healthy males https://www.ncbi.nlm.nih.gov/pmc/articles/PMC3707410/ Accessed Date 6 August 2020

CARNOSINE https://www.webmd.com/vitamins/ai/ingredientmono-1038/carnosine Accessed Date 6 August 2020

ယခုပုံစံ

13/07/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး

ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်စေမယ့် လျှို့ဝှက်ချက်များ



Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement