backup og meta

ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ

ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ

ဆွမ်းမွှေးရွက် ကို မမြင်ဖူးရင်သာ ရှိမယ်၊ မကြားတဲ့သူ ဆိုတာ မြန်မာနိုင်ငံမှာ ခပ်ရှားရှားရယ်။ အနည်းဆုံးတော့ ပေါင်မုန့်မှာ ပါတာ တွေ့ဖူးကြမှာပါ။ ယူတို့ စားနေကျ မုန့်လက်ဆောင်းဖတ် စိမ်းစိမ်းလေးတွေကို သိတယ် ဟုတ်။ သူ့ကို ပြုလုပ်တဲ့ နေရာမှာ ဆွမ်းမွှေးရွက်ပါဝင်တယ်နော်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ ရနံ့လေး မွှေးဖို့ နဲ့ ဆိုးကျိုးကင်းတဲ့ သဘာဝအရောင်ဆိုးဆေး အဖြစ် သုံးဖို့ ဆွမ်းမွှေးရွက်ကို အစားအသောက်တွေမှာ ထည့်သွင်းကြတာပေါ့။ ပူတင်းပေါင်မုန့်၊ ကိတ်မုန့်၊ ပေါင်မုန့် စတာတွေမှာ ထည့်သွင်းပြုလုပ်ကြသလို ထမင်းနဲ့ ဟင်းလျာတွေမှာလည်း ပါဝင်လေ့ ရှိပါတယ်။

ဆွမ်းမွှေးရွက် ရဲ့ အကျိုးကျေးဇူးများ

အစားအသောက်တွေမှာ အနံ့အရသာ ပြည့်စုံစေဖို့ ဆွမ်းမွှေးရွက်ကို ထည့်သွင်းလေ့ ရှိကြပေမယ့် တကယ်တမ်း သူ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိရင် ပိုတောင် သဘောကျပါလိမ့်မယ်နော်။ အလွယ်တကူ ဝယ်လို့ရတဲ့ အရောင်ဆိုးဆေးတွေ သုံးမယ့်အစား ဆွမ်းမွှေးပင်ရဲ့ သဘာဝအရောင်ကို သုံးမယ်ဆိုရင် စိုက်ပျိုးရေး ဖြစ်ထွန်းပြီး ဝယ်ရမရှားတော့ဘူးပေါ့။

ဆွမ်းမွှေးရွက် က –

(၁) သွေးတိုး ကျစေတယ်

သွေးတိုးရောဂါက လူ့ကျန်းမာရေးအတွက် အန္တရာယ် သိပ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဆွမ်းမွှေး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ သွေးတိုးကျစေခြင်းက ရှေ့ဆုံးက ပါဝင်နေပါတယ်။ ဆွမ်းမွှေးရွက်ရေနွေးကြမ်း သောက်ပေးရင် သွေးပေါင်ချိန်ကို ပုံမှန်ထိန်းညှိပေးနိုင်တဲ့ အပြင် နှလုံးကျန်းမာရေး ကိုပါ ကောင်းကျိုးပြုတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

(၂) အိပ်ပျော်စေတယ်

ညဘက် ကောင်းကောင်းအိပ်မပျော်သူတွေ၊ အိပ်ပျော်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့သူတွေ အတွက် ဆွမ်းမွှေးရွက်ရဲ့ အဆီအနှစ်က ဆေးကောင်းတစ်ခွက် ဖြစ်ပါလိမ့်မယ်။ ဆွမ်းမွှေးရွက်မှာ ပါတဲ့ အယ်ကာလွိုက်ဒြပ်ပေါင်းတွေ က စိတ်နဲ့ ခန္ဓာကိုယ် တည်ငြိမ်အားပြည့်စေနိုင်တဲ့ အာနိသင်တွေ ရှိတာကြောင့် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

(၃) နာကျင်ကိုက်ခဲမှု သက်သာစေတယ်

ဆွမ်းမွှေးရွက် မှာ ပါတဲ့ နာကျင်မှု ပြေလျော့စေတဲ့ အာနိသင်ကြောင့် ခေါင်းကိုက်တာ၊ နားကိုက်တာ၊ အဆစ်ရောင်နာ၊ စတဲ့ နာကျင်ကိုက်ခဲမှုအမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ အဆစ်အမြစ် နာကျင်တာတွေအတွက် ဆွမ်းမွှေးရွက်ကို နုတ်နုတ်စဉ်းပြီး အုန်းဆီနဲ့ ရောကျိုပါ၊ သေချာပျော်ဝင်သွားတဲ့ အထိ ဆက်မွှေပါ၊ အအေးခံပြီး နာကျင်ကိုက်ခဲတဲ့ နေရာကို နှိပ်နယ်လူးပေးလို့ ရပါတယ်။

(၄) အာရုံကြော အားကောင်းစေတယ်

ဆွမ်းမွှေးရွက်က အာရုံကြော ကျန်းမာရေးအတွက်လည်း သိပ်ကို အကျိုးပြုပါတယ်နော်။ အာရုံကြောတွေ အားနည်းတဲ့ အခါ တစ်ခါတရံ ကြွက်တက်တာ၊ နာကျင်ကိုက်ခဲတာတွေ ရှိတတ်ပါတယ်။ ဒီဝေဒနာတွေ အတွက် ဆွမ်းမွှေးရွက်က ကုစားပေးနိုင်ပါတယ်။

(၅) ခံတွင်းကောင်းစေတယ်

ခံတွင်းပျက်တဲ့ ပြဿနာက လူတော်တော်များများ စိတ်ညစ်ရတဲ့ ကိစ္စပါ။ စားချင်စိတ် သိပ်မရှိတာ၊ ဘာစားစား စားမကောင်းဘဲ ခံတွင်းပျက်တာက ကြာလာရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေ မရတော့ဘဲ အားနည်းလာမယ်၊ ကိုယ်ခံအား ကျလာမယ်၊ ရောဂါဝင်လွယ်လာမယ်လေ။

ဆွမ်းမွှေးရွက်က အစားစားချင်စိတ်ကို အားပေးလှုံ့ဆော်နိုင်စွမ်း ရှိတယ် ဆိုတော့ ဆွမ်းမွှေးရွက်ကို ကိုယ့်အစားအသောက်ထဲ ထည့်သွင်းသင့်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ သူနဲ့ လုပ်တဲ့ အချိုပွဲ မုန့်လေးတွေ၊ အစားအသောက်တွေ၊ ရေနွေးကြမ်းတွေ စတဲ့ တစ်နည်းနည်းနဲ့ပေါ့။

သတိထားဖို့က –

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တတ်ပေမယ့် ပမာဏများများ သို့မဟုတ် နေ့စဉ်ရက်ဆက် စားသုံးလို့ မဖြစ်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် လွန်ပြီးဘေးမဖြစ်စေဖို့အတွက် နေ့စဉ်စားသုံးနေကျ အသီးအရွက်တွေက လွဲလို့ ဘယ်ဆေးဖက်ဝင်အသီးအရွက်ကို မဆို  ဆင်ခြင်စားသုံးဖို့ သတိချပ်စေချင်ပါတယ်။

အခုချိန်ထိ မုန့်လုပ်တဲ့နေရာမှာ ထည့်သွင်းလေ့ရှိကြပေမယ့် ပမာဏ အနည်းငယ်သာ ထည့်သွင်းရတာ ဖြစ်ပါတယ်။ ရေနွေးကြမ်းထဲ ခတ်သောက်တဲ့ အလေ့ အာရှနိုင်ငံတချို့မှာ ရှိကြပေမယ့် ကိုယ့်မှာ ကျန်းမာရေးပြဿနာအခံ သို့မဟုတ် ရောဂါ တစ်ခုခု ရှိနေတယ်ဆို မသောက်သုံးဖို့ သတိပေးချင်ပါတယ်။ ဒီတော့ မုန့်တွေ စားတာလောက်က ဘေးမရှိပါဘူး၊ ရေနွေးကြမ်းလုပ်သောက်ဖို့တော့ ပမာဏများများ ဝင်နိုင်တာမို့ သတိထားသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Health Benefits Of Pandan Leaves https://www.fashionlady.in/health-benefits-of-pandan-leaves/140560 Accessed Date Apr 7, 2020

23 Benefits of pandan leaves and side effects https://healthbenefitsof.org/23-health-benefits-of-pandan-leaves/ Accessed Date Apr 7, 2020

Pandan Leaves: Health Benefits, Nutritional Values, Therapeutic Uses, Dosage And Side Effects https://www.netmeds.com/health-library/post/pandan-leaves-health-benefits-nutritional-values-therapeutic-uses-dosage-and-side-effects Accessed Date Apr 7, 2020

Pandanus https://www.sciencedirect.com/topics/agricultural-and-biological-sciences/pandanus Accessed Date Apr 7, 2020

Pandan Leaves (Pandanus Amaryllifolius) aromatherapy and relaxation music to reduce dental anxiety of pediatric patients https://www.researchgate.net/publication/326834112_Pandan_Leaves_Pandanus_Amaryllifolius_aromatherapy_and_relaxation_music_to_reduce_dental_anxiety_of_pediatric_patients Accessed Date Apr 7, 2020

 

ယခုပုံစံ

05/05/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးကိုပါ ထိန်းညှိပေးတဲ့ ဖရဲသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

တမာ ဆေးဖက်ဝင်သော်လည်း အရေးကြီးတဲ့ သတိထားစရာတချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement