မြေပဲထောပတ်မှာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ မဂ္ဂနီဆီယမ်၊ ဗီတာမင် E တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
မြေပဲထောပတ်က အမျှင်ဓာတ် နဲ့ ပရိုတင်း ပါဝင်တာကြောင့် အဆာခံစေပြီး စားလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရစေတာကြောင့် ဝိတ်ချချင်သူတွေ စားသုံးပေးလို့ ရပါတယ်။
မြေပဲထောပတ်မှာ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်က ကြွက်သားတွေ အပြင် အရိုးဖြစ်ပေါ်မှု နဲ့ စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြု ပေးပါသေးတယ်။ အရိုး သန်မာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
လေ့လာမှုတစ်ရပ်အရ တစ်နေ့ကို မြေပဲထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ တစ်ပတ်ကို ၅ ရက်ထက်မနည်း စားပေးမယ်ဆိုရင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့ သိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။