backup og meta

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ ကြားရများတဲ့ စကားလုံး တစ်လုံးဖြစ်လို့ လူတိုင်းနဲ့ သိပ်မစိမ်းတော့ပါဘူး။ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဒီလို အသားအရေ ကျန်းမာလှပစေဖို့ သောက်တဲ့အခါ ကော်လာဂျင်ကို မနက် သောက်တာ ကောင်းတယ်။ ည အိပ်ရာ မဝင်ခင် သောက်တာ အထိရောက်ဆုံး ဆိုပြီး အမျိုးမျိုး ပြောဆိုကြတာတွေ ရှိပါတယ်။ ဒီ မက်ဆေ့ချ်တွေကြောင့် ကော်လာဂျင်ကို ဘယ်လို သောက်ရမလဲ ဆိုပြီး ခေါင်းခြောက်နေကြပြီလား။

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးမှာ  ကော်လာဂျင် သောက်တာနဲ့ ပတ်သက်လို့ သိချင်နေမယ့် အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။

ကော်လာဂျင် ဆိုတာ

ကော်လာဂျင် ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရွတ်၊ သွေးကြော နဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ ပတ်သက်ပြီး သိချင်နေမယ့် မေးခွန်း များစွာ ရှိနေနိုင်ပါတယ်။

ကော်လာဂျင်က အလှအပ အတွက်ပဲလား …

တကယ်ကတော့ ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူ။ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။

ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ပြောပြချင်တဲ့ အချက်တစ်ခုကကော်လာဂျင်က အသားအရေလှရုံ၊ ဆံသားတွေသန်စွမ်းရုံ နဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။

ကော်လာဂျင်ကို ဘယ်အချိန်မှာ  သောက်မလဲ …

ကော်လာဂျင်ကို မနက်စာ မစားခင် သောက်တာ ကောင်းတယ်။ ည အိပ်ရာမဝင်ခင် သောက်တာ ကောင်းတယ်လို့ ထင်ကြပါတယ်။ တကယ်ကတော့ ကော်လာဂျင်ကို ဘယ်အချိန်မှာ သောက်သောက် ကော်လာဂျင်ရဲ့ အာနိသင်ကတော့ မပြောင်းလဲပါဘူး။ ဒါကြောင့် ကော်လာဂျင်ကို မနက်ခင်း မနက်စာ မစားခင်မှာ သောက်လို့ ရသလို ညအိပ်ရာ မဝင်ခင်လည်း သောက်လို့ ရပါတယ်။

ကော်လာဂျင် သောက်ပြီးရင် ရေသောက်ရမလား …

ကော်လာဂျင်ကို သောက်ပြီးတဲ့အခါ အာနိသင် ပိုထိရောက်စေဖို့ ရေတစ်ခွက် ထပ်သောက်ပေးကြပါတယ်။ ဒါကြောင့် ကော်လာဂျင် သောက်ပြီးတဲ့အခါ ရေသောက်တာက အသားအရေအတွက် ပိုကောင်းသလို ခန္ဓာကိုယ်ကိုလည်း ပိုကျန်းမာစေပါတယ်။

ကော်လာဂျင်ကို ကော်ဖီနဲ့ သောက်ရမလား …

ကော်လာဂျင်ကို ကော်ဖီနဲ့ တွဲသောက်လို့ ရပါတယ်။ ဒါပေမယ့် ကဖင်း များတာက ဆဲလ်တွေ ကော်လာဂျင် စုပ်ယူနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ကော်လာဂျင်ကို သောက်ရင် အကောင်းဆုံးက ရေအေး ဒါမှမဟုတ် ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီး ဖျော်ရည်တွေနဲ့ သောက်တာက ထိရောက်မှု အားကောင်းပါတယ်။

ကော်လာဂျင်ကို နေ့တိုင်း သောက်ရမလား …

ကော်လာဂျင်ကို နေ့တိုင်း သောက်လို့ ရသလို တစ်ရက်ခြား တစ်ထုပ် ဒါမှမဟုတ် ဖြစ်နေတဲ့ အရေပြား ပြဿနာတွေ အပေါ် မူတည်ပြီး သောက်ရမှာပါ။ ဥပမာ ဝက်ခြံ ထွက်တယ်ဆိုရင် တစ်နေ့ တစ်ထုပ် သောက်ရမယ်။ ဝက်ခြံ အမာရွတ် သက်သာစေချင်တယ်ဆိုရင် တစ်ရက်ခြား တစ်ထုပ် သောက်ရမယ် စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။

ကော်လာဂျင်ကို အရေပြား ပြဿနာတွေ တင်မကဘဲ အစာခြေစနစ် ကျန်းမာစေဖို့ရော အရိုးအဆစ်တွေ ကျန်းမာစေဖို့ပါ အသုံးပြုလို့ ရပါတယ်။ ဒီတော့ အသားအရေ ကျန်းမာစေဖို့ ကော်လာဂျင်ကို သောက်သုံးတဲ့ အမျိုးအစားအလိုက် အညွှန်းအတိုင်း သောက်သုံးသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

When is the Best Time to Take Collagen? https://natures-island.com/when-is-the-best-time-to-take-collagen/ Accessed Date 22 February 2021

The Best Way to Drink Collagen Powder for Glowing Skin https://www.livestrong.com/article/281518-how-to-drink-collagen-for-the-skin/ Accessed Date 22 February 2021

ယခုပုံစံ

14/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်လာဂျင်သောက်ပေးသင့်တဲ့ အကြောင်းအရင်း ၅ ချက်

ကော်လာဂျင်သုံးပြီး ဖြေရှင်းနိုင်မယ့် အရေပြားပြဿနာ ၅ ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement