နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား ဆိုတာ ပြောပြချင်ပါတယ်။
ထွက်မှာ သေချာပြီလား။
နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား ဆိုတာ ပြောပြချင်ပါတယ်။
နေပူထဲ သွားရင် အသားမည်းမယ် ဆိုတာက နောက်၊ ရေဓာတ် ဆုံးရှုံးတာက အရင်ပါ။ ရေဓာတ် ဆုံးရှုံးမှုကို ပြန်ဖြည့်ဖို့ ရေကို သောက်ရတာထက် လန်းဆန်းသွားအောင်ဆိုပြီး energy drink သောက်တာ ရှိသလို ဓာတ်ဆားရည်တွေလိုမျိုး သောက်စရာတွေကို သောက်ကြပါတယ်။
ဒီသောက်စရာတွေထဲမှာ ဘယ်အရာက အသင့်တော်ဆုံး ဖြစ်မယ် ထင်လဲ……… ကိုယ်ထင်ထားတဲ့ အဖြေ မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ရအောင်နော်။
ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ။ ကိုယ်တွင်း အပူချိန်ကို ထိန်းချုပ်တာက စလို့ တစ်ရှူးတွေ၊ အဆစ်တွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
ခန္ဓာကိုယ်က ဆဲလ်တိုင်း၊ တစ်ရှူးတိုင်းနဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ရေကို မဖြစ်မနေိုအပ်ပါတယ်။
ခန္ဓာကိုယ်က လုံလောက်တဲ့ ရေပမာဏကို မရရှိတဲ့အခါ ရေဓာတ်ခမ်းခြောက်မှု ဖြစ်ပြီး
ရေဓာတ် နည်းပါးတာက သောက်သုံးတဲ့ ရေပမာဏပေါ်မှာတင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကနေ ရေဓာတ်တွေ ထွက်သွားစေတဲ့
နေပူထဲ တစ်နေကုန်နေရသူ က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ဖို့ဆိုရင် ရေသောက်ပြီး ဖြည့်လို့ရသလို ဓာတ်ဆားရည်ကိုလည်း သောက်လို့ရပါတယ်။ energy drink တွေကတော့ မသောက်သင့်ပါဘူး။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို တူတူဖတ်ကြည့်ရအောင်နော်။
ဓာတ်ဆားရည်က နေပူထဲ တစ်နေကုန် နေရတာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အထိရောက်ဆုံး ဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်တို့လိုမျိုး Electrolytes တွေကို ဖြည့်ပေးပါတယ်။ ကိုယ်တွင်းက Electrolytes ပမာဏကို ထိန်းညှိပေးပါတယ်။
ဓာတ်ဆားရည်မှာ ပါဝင်တဲ့ နောက်တစ်ခုက ကာဗိုဟိုက်ဒရိတ်ပါ။ ဓာတ်ဆားရည်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က သကြားကနေ ရရှိတာပါ။ ခန္ဓာကိုယ်ကို အင်အားဖြည့်ပေးပြီး ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။
နောက်ဆုံး တစ်မျိုးကတော့ အမိုင်နိုအက်ဆစ်ပါ။ ကိုယ်တွင်းမှာ ပရိုတင်း ပြည့်ဝစေဖို့ လိုအပ်တဲ့အရာပါ။ ဒီလို ပရိုတင်း ပါဝင်မှုက ခန္ဓာကိုယ်ကို အင်အား ပြည့်ဝစေပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ စွမ်းအင်တွေကို အမြန်ဆုံး ပြန်ဖြည့်ပေးနိုင်မှာပါ။
energy drink တွေက လျှာထဲမှာ အရသာ ရှိတာ မှန်ပေမယ့် ခန္ဓာကိုယ်အတွက် မကောင်းတာတော့ အမှန်ပါပဲ။ နောက်တစ်ချက်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ဖို့ ဆိုတာထက် အားဖြည့်အချိုရည်တွေမှာ ကဖင်းပါဝင်နေတာက ရေဓာတ်ကို ပိုဆုံးရှုံးစေနိုင်ပါတယ်။ သောက်လိုက်တဲ့ ခဏတာမှာ လန်းဆန်း သလို ခံစားရပေမယ့် ခန္ဓာကိုယ်ထဲက ရေဓာတ် များစွာ ဆုံးရှုံးသွားတာပါ။
နောက်တစ်ချက်က အားဖြည့်အချိုရည်တွေမှာပါတဲ့ သကြားဓာတ်က သွေးချိုကို မြင့်စေပြီး ခန္ဓာကိုယ်မှာ ထိခိုက်မှု များစွာ ဖြစ်စေနိုင်ပါတယ်။ energy drink တွေကို အမြဲလိုလို သောက်တာက အဝလွန်တာတွေကို ဖြစ်စေနိုင်သလို နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်စေပြီး ပင်ပန်းမှုကို ပိုခံစားရနိုင်ပါတယ်။
ဒါကြောင့် နေပူထဲ တစ်နေကုန်နေရသူ တွေ အနေနဲ့ အကောင်းဆုံးသော သောက်စရာကတော့ energy drink မဟုတ်ပါဘူး။ ဓာတ်ဆားရည်ပါ။ ဓာတ်ဆားရည်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြည့်ဝစေအောင် ဖြည့်ပြီး စိတ်ရောကိုယ်ပါ အမှန်တကယ် လန်းဆန်းစေမှာပါ။
ဒါကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်ချင်တယ်။ တက်ကြွလန်းဆန်းနေချင်တယ်ဆိုရင် energy drink ကို နိုး လို့ ပြောပြီး ဓာတ်ဆားရည်ကိုသာ ရွေးချယ် လိုက်ပါ။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Sports drinks vs. energy drinks vs. plain water: What’s best for thirsty kids? https://www.aappublications.org/content/32/6/32.2 Accessed Date 11 February 2021
What’s Better for Dehydration: Water vs Sports Drinks https://inbodyusa.com/blogs/inbodyblog/whats-better-for-dehydration-water-vs-sports-drinks/ Accessed Date 11 February 2021
အကြံပြုလိုသည့် ဆောင်းပါးများ