သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တဲ့အရာလို့ အများက ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ အားကစားတွေကို ကောင်းကောင်းလုပ်နိုင်မှာ ဆိုပေမယ့် နေ့စဉ်ဘဝမှာလည်း တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် သက်လုံကောင်းဖို့ လိုပါမယ်။

သက်လုံဆိုတာ

သက်လုံဆိုတာ သင့်မှာ ပိုင်ဆိုင်ထားတဲ့ စွမ်းအင် နဲ့ သန်မာမှုတွေပါ။ သက်လုံက သင့်ကို စိတ်ရော ကိုယ်ပါ အကောင်းဆုံး လှုပ်ရှားစွမ်းဆောင်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သက်လုံကောင်းလေလေ အချိန် ကြာ​ကြာ စိတ်လက်ကျန်းမာ သန်စွမ်းလေလေပါ။

ယနေ့ခေတ်လို အပြိုင်အဆိုင် အခက်အခဲတွေ ကြားမှာ အကောင်းဆုံး ဖြစ်အောင် လှုပ်ရှားနေတဲ့အချိန်မှာ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် သက်လုံကောင်းခြင်းက အများကြီး သက်ရောက်မှု ရှိနေပါတယ်။

တစ်နေ့တာကို သက်လုံ ကောင်းကောင်းနဲ့ လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံကောင်းကောင်းနဲ့ အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့ဆိုရင် အစားအသောက်တွေကိုလည်း မှန်မှန်ကန်ကန် စားသုံးမိဖို့ လိုပါမယ်။ ဒါကြောင့် သက်လုံကောင်းစေဖို့ဆိုရင် ဒီ အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။

ငှက်ပျောသီးက သက်လုံကောင်းစေသလို ခန္ဓာကိုယ် အတွက်လည်း အကျိုးများ ပါတယ်။ စွမ်းအင် ပြည့်ဝစေပြီး ဗီတာမင် B6၊ ပိုတက်စီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ပရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဒါကြောင့် သက်လုံ ကောင်းစေဖို့ဆိုရင် တစ်နေ့ကို ငှက်ပျောသီး တစ်လုံး စားပေးပါ။

စားနေကျ ထမင်းဖြူထက် ဆန်လုံးညိုက ပိုပြီး အာဟာရ ပြည့်ဝစေပြီး သက်လုံ ကောင်းစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဆန်လုံးညိုမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က သက်လုံကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဆန်လုံးညိုက အင်အားပြည့်ဝစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဆန်လုံးညိုမှာ မဂ္ဂနီဆီယမ်၊ ပရိုတင်း၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ဖော့စဖရိတ်၊ သံဓာတ်၊ မဂ္ဂနိ့၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။

မနက်ခင်းကို ကော်ဖီ တစ်ခွက်သောက်ပြီးမှ တစ်နေ့တာကို စတင်တတ်သူ တစ်ယောက် ဆိုရင်တော့ သင်ဟာ အလေ့အကျင့်ကောင်း တစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့ သူ တစ်ယောက်ပါ။

ကော်ဖီက ကဖင်း ပါဝင်မှု များတာကြောင့် စွမ်းအင် မြင့်တက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကော်ဖီက ဦးနှောက် ကိုရော ခန္ဓာကိုယ်ကိုပါ လှုံ့ဆော်ပေးပါတယ်။ အာရုံ စူးစိုက်မှုလည်း ကောင်းစေပါတယ်။

ဥအမျိုးမျိုးက စွမ်းအင်ကိုရော သက်လုံကိုပါ အကောင်းဆုံး ဖြည့်ပေးနိုင်မယ့် အစားအစာတွေထဲက တစ်ခုပါ။ ဥအမျိုးမျိုးမှာ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ leucine၊ ဗီတာမင် B တို့ ပါဝင်နေတာကြောင့် သက်လုံ ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ငါးကလည်း သက်လုံကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးတဲ့ အစားအစာ တစ်မျိုးပါ။ ငါးမှာ ဦးနှောက် နဲ့ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်တဲ့ omega-3 fatty acids ပါဝင်နေပါတယ်။ တူနာငါးမှာဆိုရင် fatty acids နှစ်မျိုး ဖြစ်တဲ့ DHA နဲ့ EPA တို့ ပါဝင်နေ ပါတယ်။ နောက်တစ်ချက်က ငါးမှာ ဗီတာမင် B12 နဲ့ ပရိုတင်းတွေ ပါဝင်နေပါတယ်။

ဒီ အစားအစာတွေ ထဲက အားလုံး မဟုတ်ရင်တောင် ၂ မျိုး ဒါမှမဟုတ် ၃ မျိုး လောက်ပုံမှန် စားသုံးမယ်ဆိုရင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို သက်လုံ ကောင်းကောင်းနဲ့ အကောင်းဆုံး လုပ်ဆောင် နိုင်စေမှာပါ။

သက်လုံကောင်းစေဖို့ ဒီ အစားအစာတွေကို စားသုံးတာ နဲ့အတူ အရက်၊ ဆီကြော်စာတွေ၊ အဆီများတဲ့နို့တွေကို ရှောင်ဖို့ လိုပါမယ်။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

How to Increase Stamina Naturally: Diet and Fitness Tips https://www.healthifyme.com/blog/increase-stamina-naturally-foods-exercises-tips/ Accessed Date 15 February 2021

10 Best Foods to Boost Your Stamina Instantly! https://www.fitbase.com/blog/10-best-foods-to-boost-your-stamina-instantly/ Accessed Date 15 February 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 05/04/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။