အာဟာရများပေမယ့် ကိုလက်စထရောလည်း မနည်းတဲ့ ကြက်ဥ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 15, 2021 . 2 mins read
Share now

အားမရှိဘူးလား ကြက်ဥ ပြုတ်စား လို့ပြောကြမှာပဲ။ ကြက်ဥစားပြီး ဝိတ်ချတဲ့နည်းတွေလည်းအောင်မြင်တယ်။ ပရိုတင်းအတွက်လည်း ကြက်ဥနဲ့တင် အဆင်ပြေတယ်။ ဒါပေမယ့် သူရဲ့ကိုလက်စထရောအတွက် အရင်တည်းက စိုးရိမ်မှုတွေရှိခဲ့တာပါ။

အခုတော့ တန်ဆေးလွန်ဘေးဆိုတဲ့စကားကို မမေ့လျော့စေဖို့ သုတေသနအသစ်က သတိပေးလိုက်ပါတယ်။ လူဦးရေ ၃၀၀၀၀ ကို ၁၉၈၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းလေ့လာခဲ့တဲ့သုတေသနအရ တစ်နေ့ကို ကိုလက်စထရော ၃၀၀ မီလီဂရမ် ပိုစားသုံးတဲ့ သူတွေမှာ နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေ ၁၇ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။

ကြက်ဥကြီးကြီး တစ်လုံးမှာ ကိုလက်စထရော ၁၈၆ မီလီဂရမ်ဝန်းကျင်ပါဝင်ပါတယ်။ တစ်ပတ်ကို ကြက်ဥသုံးလုံးကနေ လေးလုံးအထိစားတဲ့သူတွေဟာ နှလုံးသွေးကြောရောဂါဖြစ်လာနိုင်ခြေ ၆ ရာခိုင်နှုန်းပိုများပြီး တခြားရောဂါအကြောင်းရင်းနဲ့ သေဆုံးရနိုင်ခြေ ၈ ရာခိုင်နှုန်းပိုများတယ်လို့လေ့လာမှုမှာတွေ့ရှိခဲ့တာပါ။

ကိုလက်စထရောရဲ့ စိန်ခေါ်မှု

ကျန်းမာရေးလောကမှ ကိုလက်စထရောနဲ့ပတ်သက်တဲ့အငြင်းပွားမှုတွေက ရှိနေပြီးသားပါ။ ကျန်းမာရေးနဲ့ညီအောင် စားသုံးရင်း ကိုလက်စထရောကို တတ်နိုင်သမျှ နည်းအောင်စားသင့်တယ်လို့ အမေရိကန်ကျန်းမာရေးအာဟာရလမ်းညွှန်ချက် ၂၀၁၅-၂၀၂၀ မှာဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ကိုလက်စထရောဟာ အလွန်အကျွံစားမိမှာကို စိုးရိမ်ရမယ့် အာဟာရတစ်ခုမဟုတ်ဘူးလို့လည်း ပါရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သုတေသီတွေက လူမျိုး၊ စီးပွားရေးအခြေအနေမတူညီတဲ့ သူတွေကို ၃၁ နှစ်ကြာ အကြီးစားလေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဟာရများပေမယ့် ကိုလက်စထရောလည်း မနည်းတဲ့ ကြက်ဥ

ကြက်ဥ အနှစ်က ပြဿနာ

ကြက်ဥအနှစ်မှာ ကိုလက်စထရောပါဝင်မှုမြင့်မားနေသလို အနှစ်ကပဲ ကျန်းမာရေးအတွက် အကျိုးပြုဆုံးဆိုတာက အမှန်တရားဖြစ်နေတာကြောင့် ဒီလေ့လာမှုဖြစ်လာခဲ့တာပါ။

ကြက်ဥမှာ ဗီတာမင်A ၊ B-2 ၊ ဆယ်လီနီယမ်၊ B-12 နဲ့ ဖောလိတ်ဓာတ်တွေကြွယ်ဝပြီး လူတိန်းလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပရိုတင်းဓာတ်တွေ လည်း ကြွယ်ဝပါတယ်။ ဦးနှောက်နဲ့နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ omega-3 fatty acids တွေလည်း အများကြီးပါဝင်တယ်။

လေ့လာမှုမှာကိုက ကြက်ဥတစ်ခုတည်းမဟုတ်ဘဲ ကိုလက်စထရောရဲ့ သက်ရောက်မှုကို ပိုဦးတည်တာတွေ့ရပါတယ်။ ဥပမာ ကြက်ဥ သို့မဟုတ် အစားအစာထဲက ကိုလက်စထရောနဲ့ လူတစ်ဦးရဲ့သွေးထဲက ကိုလက်စထရောပမာဏမှာ သိသာထင်ရှားတဲ့ ဆက်နွှယ်မှုမတွေ့ရဘူးလို့ သုတေသီတွေကပြောပါတယ်။ သတိထားရမှာက စားသမျှ အာဟာရကိုပဲ ဖြစ်ပါတယ်။

AHA and American College of Cardiology ရဲ့ ၂၀၁၉ လမ်းညွှန်ချက်အရ ကိုလက်စထရောနဲ့ ဆိုဒီယမ်လျှော့စားခြင်းက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ဖော်ပြခဲ့ပါတယ်။

အာဟာရများပေမယ့် ကိုလက်စထရောလည်း မနည်းတဲ့ ကြက်ဥ

ဒါပေမယ့် ထိုက်သင့်တဲ့ ပမာဏအတိုင်းအတာနဲ့ စားဖို့ကို အကြံပြုခဲ့ပါတယ်။ ကြက်ဥ တစ်နေ့သုံးလုံးစားတာက ဘေးကင်းတယ်လို့ အကြံပြုချက်တွေရှိခဲ့ပေမယ့် ဒီကြက်ဥရဲ့ကိုလက်စထရောပမာဏရယ်၊ ကိုယ်စားမယ့်တခြားအစားအစာတွေဆီက ကိုလက်စထရောရယ်ပေါင်းရင် သွေးတွင်း ကိုလက်စထရောများနေနိုင်တာကို လေ့လာမှုက ထောက်ပြခဲ့ပါတယ်။

ထပ်ပြောရရင် အချင့်အချိန်နဲ့ စားတာက အဓိကသော့ချက်ပါပဲ။

“ ကျန်းမာရေးနဲ့ ညီတဲ့ စားသောက်နည်းအရ လူတွေဟာ ကိုလက်စထရောကိုလျှော့စားဖို့လိုပါတယ်။ ကိုလက်စထရောလျှော့စားတဲ့သူက နှလုံးရောဂါအန္တရာယ်ပိုနည်းမှာပဲ” လို့ သုတေသီ အယ်လန်ကပြောပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများက ဘာတွေများ ဖြစ်မလဲ။ သေသေချာချာ သိရအောင် ဆောင်းပါးလေးကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင် ဘာတွေကို လိုက်နာလုပ်ဆောင်ရမလဲဆိုတာကို ဆောင်းပါးလေးထဲဖတ်ရအောင်လား..............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့ ဘယ်လိုတွေ ပြင်ဆင်ပေးရမလဲ။ ဒီအကြောင်းအရာလေးကို ဆောင်းပါးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Aye Thi Mon
ရေးသားသူ Aye Thi Mon

ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေ ဖြစ်မလဲ.......... ပီလောပီနံရဲ့ ကျန်းမာရေး အာနိသင်တွေကို ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2021 . 3 mins read
ကြက်ဥ အမျိုးအစားနဲ့ အာဟာရဓာတ်များ

ကြက်ဥ အမျိုးအစားနဲ့ အာဟာရဓာတ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2021 . 2 mins read
ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2021 . 3 mins read
သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 2 mins read