သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား

ဗိုက်ခေါက်လေး တွေရှိလာလို့ စိတ်ညစ်နေရပြီလား

လူလည်းသိပ်မဝပါဘဲ ဗိုက်ခေါက်လေး ပဲထွက်နေတာ အလှအပနဲ့ပတ်သက်ပြီး ပျိုမေတို့အကြောက်ဆုံးအရာပါ။ ဗိုက်အဆီမရှိဘဲ ချပ်ရပ်နေတဲ့ကိုယ်အချိုးအစားကို မိန်းကလေးတိုင်းလိုချင်ပါတယ်။ ပိန်တဲ့သူပဲဖြစ်ဖြစ်ပြည့်ပြည့်ဖောင်းဖောင်းလေးတွေဖြစ်ဖြစ် ဗိုက်လေးချပ်အောင်တော့ ကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။ ဗိုက်အဆီဆိုတာ အလှအပအတွက်တင်မက လူ့ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါအမျိုးမျိုးယူဆောင်လာနိုင်လို့ပါ။

ဗိုက်ခေါက်လေး ကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အကောင်းဆုံးအကြံဉာဏ်ကတော့ –

အမျှင်ဓာတ်များများစားပါ

အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်အဆီဆိုတာ အသည်း၊ ပန်ကရိယနဲ့ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေအနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတဲ့အဆီတွေဖြစ်ပါတယ်။

သက်သာမယ့်နည်းလမ်းကိုရှောင်ပါ

တစ်နေရာသွားမယ်ဆို နီးနီးလေးကို ကားလေးစီးမယ်၊ ဆိုက်ကားစီးမယ်နဲ့ သက်သောင့်သက်သာသွားလာရဖို့ စဉ်းစားတာမျိုးရှောင်ပါ။ လမ်းလျှောက်လို့ရရင် လမ်းလျှောက်လိုက်ပါ။လှေကားနဲ့တက်နိုင်ရင် တက်လိုက်ပါ။ ခန္ဓာကိုယ်ကို သနားပြီး သက်သာအောင်နေတာမျိုး မလုပ်တာကောင်းပါတယ်။ ဒါမှ အဆီတွေလောင်ကျွမ်းစေမှာပါ။

အဆီကို သတိထားပါ

အဆီများတဲ့အစားအစာတွေကိုသတိထားချင့်ချိန်ပါ။ ကိုယ်စားမယ့်အစားအသောက်တွေမှာ ကယ်လိုရီနဲ့ အဆီဓာတ်ပမာဏ ဘယ်လောက်ပါလဲတွက်ချက်ပါ။ အစေ့အဆန်၊အသီးအရွက်နဲ့ ငါးတွေကနေရတဲ့ အကျိုးပြုအဆီတွေကို ဦးစားပေးပါ။

ခါးလှည့်ကွင်း ကစားပါ

ခါးလှည့်ကွင်း ကစားတာက ဗိုက်နဲ့ ခါးတစ်ဝိုက်ကအဆီတွေကို ကျစေပြီး ကျောဘေးတစ်လျှောက်ပါ ကျစ်လျစ်စေပါတယ်။

အဆီကျချပ်ရပ်စေမယ့် သောက်စရာ

အဆီကျစေမယ့်သောက်စရာဆိုတာ Detox water တွေလည်းပါတယ်၊ အချိုမပါတဲ့ ဆီးသီးအနှစ်ရည်၊ သံပရာရည် စတာတွေကိုသောက်လို့လည်း အထောက်အကူဖြစ်စေနိုင်တယ်။ အစားဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေတော့ တွဲရမှာပေါ့။

လေ့ကျင့်ခန်းလုပ်ပါ

ဂျင်မ်သွားတာ၊ ယောဂကစားတာတွေ မလုပ်နိုင်ရင်တောင် ဖုန်းထဲမှာ workout ဗီဒီယိုလေးတွေကြည့်ပြီး အိမ်မှာလေ့ကျင့်ခန်းနည်းနည်းလုပ်လို့ရပါတယ်။ ဗိုက်နဲ့ခါးသီးသန့်ကျမယ့်လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။

အဆီ လိမ်းပေးပါ

ဗိုက်အဆီကျစေမယ့် လိမ်းဆေးခရင်မ်တွေ အများကြီးရှိပါတယ်။ သဘာဝအပင်တွေ၊ဆေးဖက်ဝင်တွေကနေရတဲ့ အဆီတွေ ဒါမှမဟုတ် အဆီကျလိမ်းဆေးခရင်မ်လေးလိမ်းပြီးလေ့ကျင့်ခန်းလုပ်တာ ပိုထိရောက်ပါတယ်။

ဒီအချက်တွေအတိုင်းလုပ်မယ်ဆို သေချာတယ် ဗိုက်ခေါက်ဆိုတာ ဘယ်ရှာရမှန်းသိမှာမဟုတ်ပါဘူး။ အလှကြိုက်တဲ့ ပျိုမေတို့ ဗိုက်အဆီကင်းတဲ့ဘော်ဒီရှိတ်လေးတွေပိုင်ဆိုင်နိုင်ကြပါစေနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 24/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။