home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နွေအပူဒဏ် ကြား အိမ်ကလူကြီးတွေကို ဂရုစိုက်ပေးသင့်တဲ့ ရေဓာတ်ခမ်းခြောက်မှု အန္တရာယ်

နွေအပူဒဏ် ကြား အိမ်ကလူကြီးတွေကို ဂရုစိုက်ပေးသင့်တဲ့ ရေဓာတ်ခမ်းခြောက်မှု အန္တရာယ်

ရာသီဥတု ပူလာတာနဲ့ သက်ကြီးပိုင်းလူကြီးတွေ ရှိတဲ့ မိသားစုတွေ ပိုဂရုစိုက်ရမယ့် ကိစ္စ ရှိပါတယ်။ ရေဓာတ်ခမ်းခြောက်/ ရေဓာတ်ဆုံးရှုံးတဲ့ ပြဿနာပါ။

ရေဓာတ်ဆုံးရှုံးခြင်းဆိုတာ ကိုယ်သောက်သုံးလိုက်တဲ့ အရည်ဓာတ်ပမာဏထက် ခန္ဓာကိုယ်က ပိုသုံးစွဲမိတာ ဒါမှမဟုတ် ပိုဆုံးရှုံးနေတဲ့အခါ ဖြစ်လာတတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ခန္ဓာကိုယ်မှာ ရေနဲ့အရည်ဓာတ် အလုံအလောက်မရှိရင် ပုံမှန်လုပ်ဆောင်ချက်တွေ မှာ ချို့ယွင်းလာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် လူကြီးတွေ အထူးသဖြင့် ဆီးချိုသွေးချိုလို ရောဂါအခံရှိသူတွေမှာ အန္တရာယ်များလာနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်မှု လက္ခဏာများ

ရေဓာတ်ခမ်းခြောက်တဲ့အခါ ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အဖြစ်များတဲ့ ရေဓာတ်ခမ်းခြောက်မှု လက္ခဏာတချို့ ကတော့ –

  • ရေအရမ်းငတ်ခြင်း
  • ခေါင်းမူးခြင်း
  • ရင်တလှပ်လှပ်တုန်ခြင်း (နှလုံးက တဒုန်းဒုန်းခုန်သလို ခံစားနေရခြင်း)
  • ဆီးသွားနည်းခြင်း
  • အာခေါင်ခြောက်ခြင်း
  • ဆီးအရောင် ရင့်ခြင်း
  • ကြွက်သားအားနည်းခြင်း
  • အသားအရေခြောက်ခြင်း

ရေဓာတ်ခမ်းခြောက်မှု ရဲ့ လက္ခဏာများ

လူကြီးမိဘတွေမှာ –

စစချင်းလက္ခဏာတွေအနေနဲ့

  • ခေါင်းကိုက်ခြင်း၊
  • ဝမ်းချုပ်ခြင်း၊
  • ကြွက်တက်ခြင်း၊
  • လျှာနဲ့အာခေါင်ခြောက်ခြင်း၊
  • အိပ်ငိုက်ခြင်း၊
  • လေးလံထိုင်းမှိုင်းခြင်း တို့ ခံစားရတတ်ပြီး ဆီးအရောင်ကလည်း ပြောင်းနေတတ်ပါတယ်။ ထိုက်သင့်သလောက် ရေဓာတ်ပြည့်ဝနေသူတစ်ယောက်ရဲ့ ဆီးအရောင်ဟာ အဝါဖျော့ဖျော့နဲ့ ကြည်နေရပါမယ်။

ရေဓာတ်ဆုံးရှုံးလွန်းနေချိန်မှာ သေချာမထိန်းသိမ်းနိုင်ရင် ဓာတ်ဆားဓာတ် မမျှတခြင်း၊ ခန္ဓာကိုယ်ထဲမှာ သွေးထုထည်နည်းခြင်း(hypovolemic shock)၊ ကျောက်ကပ်ပျက်စီးခြင်း၊ အပူဒဏ်သင့်ခြင်း တို့ကြောင့် တက်ခြင်း၊ သတိလစ်ခြင်း အပြင် ကိုမာရခြင်း၊ သေဆုံးခြင်းတို့အထိ ဖြစ်စေနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်မှု ရဲ့ အန္တရာယ်လက္ခဏာများ

ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင် အမြန်ဆုံးဆရာဝန်နဲ့ပြသပြီးဆွေးနွေးအကြံပြုချက် ရယူသင့်ပါတယ်။

  • ဆီးမသွားတော့ခြင်း
  • ဆီးအရောင်မည်းခြင်း
  • ဆွဲဆိတ်ကြည့်ပြီးနောက် တွန့်ခေါက်သွားတဲ့ အရေပြားက ပြန်မပြန့်တော့လောက်အောင် ခြောက်သွေ့နေခြင်း
  • စိတ်ဆတ်ခြင်း၊ ခေါင်းမူးခြင်း၊ အာရုံရှုပ်ထွေးခြင်း
  • သွေးပေါင်ကျခြင်း
  • ခြေလက်များအေးစက်ခြင်း
  • သွေးခုန်နှုန်း စမ်းမရခြင်း
  • အသက်ရှူမြန်ခြင်း

ဘယ်လို ဂရုစိုက် ကာကွယ်ရမလဲ

နွေရာသီ အပူဒဏ်အောက်မှာ ရေဓာတ်ခမ်းခြောက်မှု ကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒီအချက်တွေက အထောက်အကူဖြစ်စေမှာပါ –

  • လှုပ်လှုပ်ရှားရှားမလုပ်ခင်နဲ့ လုပ်ပြီးနောက်ပိုင်း ရေများများသောက်ပါ။ ချွေးတအားထွက်ထားရင် ဓာတ်ဆားရည်သောက်နိုင်ပါတယ်။
  • ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီး နောက်ပိုင်း ရေများများသောက်ပါ။
  • အသက်ကြီးသူတွေဟာ အပူချိန်ပြင်းနေချိန်ဆို နားနားနေနေ နေတာ အကောင်းဆုံးပါ။
  • လှုပ်လှုပ်ရှားရှား အလုပ်လုပ်နေရတာ တစ်နာရီထက် ပိုကြာမယ် ဆိုရင် ၁၅ မိနစ်၊ မိနစ် ၂၀ တစ်ကြိမ်လောက်ကြာတိုင်း ရေ သို့မဟုတ် ရေဓာတ်ဖြည့် အချိုရည်တွေ နည်းနည်းချင်းသောက်ပါ။
  • ပရိုတင်းဓာတ်များလွန်းတဲ့ အစားအစာတွေ ရှောင်ပါ။ ပရိုတင်းပါဝင်မှု များတဲ့အခါ တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်ကနေ ၁၂ ခွက်အထိ သောက်ရပါလိမ့်မယ်။
  • အရက်၊ ဘီယာ၊ ဝိုင်တို့ကိုရှောင်ပါ။ သူတို့က ရေဓာတ်ဆုံးရှုံးမှုကို ပိုဆိုးစေပြီး ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း ကို အားနည်းစေပါတယ်။
  • ရေဓာတ်ပါဝင်မှု များတဲ့ အစာအာဟာရတွေကျွေးပါ။ စွပ်ပြုတ်ရည်၊ ဒိန်ချဉ်၊ အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်။ ဒီအစားအစာတွေက သက်ကြီးပိုင်းတွေ အတွက် နေ့စဉ်လိုအပ်တဲ့ရေဓာတ်ပမာဏကို ဖြည့်တင်းပေးနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 26/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။