အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ရောဂါကာကွယ်ခုခံရာမှာ ပရိုတင်း၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေရဲ့ အခန်းကဏ္ဍ

နေကောင်းအောင် နေပါ၊ အားရှိတာ စားပါ၊ အားပြည့်အောင် နေပါ ဆိုတဲ့ စကားတွေက လူကို အပေါ်ယံသန်မာကြံ့ခိုင်နေဖို့ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရောဂါဘယတွေ ခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်အောင်၊ ဝင်လာခဲ့ရင်တောင် ခန္ဓာကိုယ်က ပြန်ပြီး တိုက်ထုတ်နိုင်အောင် အဓိကကျတဲ့ ကိုယ်ခံအားစနစ်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား ကောင်းဖို့ ဘာလုပ်ရမလဲ ခန္ဓာကိုယ်ကျန်းမာဖို့ ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ ဆေးလိပ်နဲ့အရက် ရှောင်ဖို့ တို့လို တခြားအချက်တွေ ရှိနေပေမယ့်လည်း တကယ်တမ်းက ကိုယ်စားတဲ့ အစားအသောက်နဲ့ ရရှိမယ့် အာဟာရက ထိပ်ဆုံးကအရေးပါနေတာ မမေ့လိုက်ပါနဲ့နော်။ အဲဒီအစားအသောက်တွေကနေ တိုက်ရိုက်ရရှိမယ့် အာဟာရဓာတ်တွေကမှ သက်စောင့်ဓာတ်တွေလို ရောဂါကာကွယ်ခုခံနိုင်မယ့် စွမ်းအားတွေ ပေးနိုင်မှာလေ။ ဒီဓာတ်တွေက ကိုယ်ခံအားစနစ်အတွက် ဘယ်လို အခန်းကဏ္ဍကနေ အရေးပါနေလဲဆိုတာ ဥပမာ ပေးပြီး ရှင်းပြပါဦးမယ် - ပရိုတင်း ပရိုတင်းဓာတ်က ခန္ဓာကိုယ်ထဲက တစ်ရှူးတွေ ဖွဲ့စည်းတည်ဆောက်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝ တဲ့အခါ

တစ်နေ့တာမှာ ကျန်းမာနေစေဖို့ မဖြစ်မနေလုပ်ရမှာက ရေလုံလောက်အောင် သောက်ဖို့ပါ။ ရေအစား အရည်တွေဖြစ်တဲ့ အချိုရည်တွေ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ နဲ့ ဘီယာလိုမျိုး အရည်တွေကတော့ ရေအစားထိုးသောက်ဖို့ မသင့်တော်ပါဘူး။ ရေငတ်ပြေစေနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကိုတော့ မဖြည့်ပေးနိုင်လို့ ရေဓာတ်မပြည့်ဝ တာမျိုး ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဒီသောက်စရာတွေမှာ သကြား၊ ဆားဓာတ်၊ ကဖင်း၊ အယ်လ်ကိုဟော စတာတွေ ပါဝင်နေလို့ပါပဲ။ ဒါတွေက ရေဓာတ်မပြည့်ဝစေတဲ့အပြင် ခန္ဓာကိုယ်ထဲက ရေဓာတ်ကိုတောင် ဆုံးရှုံးစေနိုင်ပါသေးတယ်။ ရေငတ်မှ ရေဆာမှ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်မှုဖြစ်စဉ် စတာမဟုတ်ပါဘူး။ ရေဓာတ်မပြည့်ဝတာ၊ ရေဓာတ်ခမ်းခြောက်တာတွေက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် နေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် အကောင်းဆုံးက ရေဓာတ်ပြည့်ဝအောင် သောက်သုံးတာပါ။ ရေဓာတ်မပြည့်ဝ တဲ့အခါ ခန္ဓာကိုယ်မှာ […]


အခြေခံကျန်းမာရေး

အတွေ့ရများသော အာဟာရဓာတ်ချို့တဲ့ခြင်းများ

အစားအစာများကနေ ရရှိတဲ့ အာဟာရဓာတ်များဟာ ကျန်းမာရေးကောင်းဖို့အတွက် အထူးအရေးပါပါတယ်။ စားသောက်ပုံမမှန်လို့ အာဟာရဓာတ်ချို့တဲ့လာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တွေ့ရများတဲ့ အာဟာရဓာတ်ချို့တဲ့ခြင်း အကြောင်းတွေပါပဲ။ ၁။ သံဓာတ် ချို့တဲ့ခြင်း သံဓာတ်ဟာ မရှိမဖြစ်အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သွေးနီဥဆဲလ်ရဲ့ အစိတ်အပိုင်းအတော်များများမှာ ပါဝင်ပြီး အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ heme နဲ့ non-heme ဆိုပြီး သံဓာတ်နှစ်မျိုး ရှိပါတယ်။ သံဓာတ်ချို့တဲ့ခြင်းဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၅%မှာ တွေ့နေရကြောင်း သိရပါတယ်။ ကလေးများမှာ တွေ့ရများပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးများနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာလည်း တွေ့ရပါတယ်။ သက်သတ်လွတ်သမားတွေမှာလည်း တွေ့ရတတ်ပါတယ်။ သံဓာတ်ချို့တဲ့ခဲ့ရင် မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ဦးနှောက်လုပ်ငန်း ကျဆင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ သံဓာတ်ချို့တဲ့ရင် အမဲသား၊ ကလီစာ၊ အခွံမာရေသတ္တဝါများ၊၊ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး၊ အစိမ်းရင့်ရောင် […]


အခြေခံကျန်းမာရေး

သိပ္ပံနည်းကျတွေ့ရှိထားသော ဗီတာမင် B12 ၏ အကျိုးကျေးဇူးများ

ဗီတာမင် B12 ဟာ ကိုယ်ခန္ဓာကနေ မရှိမဖြစ် လိုအပ်တဲ့ဗီတာမင်ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်ဘဲ တိရစ္ဆာန်အသားများ စားသုံးရာကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ အာရုံကြောဆဲလ်တွေ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ဖို့၊ ဒီအန်အေဖွဲ့စည်းနိုင်ဖို့ အထောက်အကူပြုပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့တာလိုအပ်ချက်ကတော့ ၂.၄ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဗီတာမင် B12 ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ သွေးနီဥဆဲလ်များ ဖွဲ့စည်းနိုင်ရန် ကူညီခြင်း ဗီတာမင် B12 အားနည်းရင် သွေးနီဥဆဲလ်တွေ ကောင်းစွာ ဖွဲ့စည်းနိုင်ခြင်း မရှိပါဘူး။ ပုံမှန်သွေးနီဥဆဲလ်တွေဟာ သေးငယ်ပြီး လုံးဝန်းပေမယ့် ဗီတာမင် B12 ချို့တဲ့ချိန်မှာတော့ ကြီးမားပြီး ဘဲဥပုံ ဖြစ်သွားပါတယ်။ သွေးနီဥဆဲလ်တွေ အရွယ်အစားကြီးပြီး ပုံပျက်သွားတာကြောင့် ရိုးတွင်းခြင်ဆီထဲကနေ သွေးထဲကို ကောင်းကောင်းမရောက်နိုင်ရင် သွေးအားနည်းခြင်း ဖြစ်စေနိုင်ပါတယ်။ […]


အခြေခံကျန်းမာရေး

ဗီတာမင် B12 ဟာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေသလား

ဗီတာမင် B12 ဟာ ဗီတာမင်ဘီအုပ်စုဝင်ဖြစ်ပြီး လူအများစုဟာ အစားအစာများကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ သင့် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်အရေးပါပေမယ့် များပြားသွားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် B12 ဟာ ရေမှာပျော်ဝင်နိုင်ပြီး အူလမ်းကြောင်းတလျှောက်ကနေ စုပ်ယူနိုင်ပါတယ်။ စုပ်ယူပြီးချိန်မှာ ဒီအန်အေနဲ့ သွေးနီဥဆဲလ်တွေပြုလုပ်ဖို့ အသုံးပြုပါတယ်။ အသုံးမပြုတော့တဲ့ ဗီတာမင် B12 ကို အသည်းထဲမှာ သိုလှောင်ထားပါတယ်။ ဗီတာမင် B12 ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ အစားအစာအနေနဲ့၊ သောက်ဆေးအနေနဲ့ ရရှိတဲ့ ဗီတာမင် B12 ဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းအတွက် ကုသတဲ့ ထိုးဆေးတွေကတော့ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ - ဝမ်းပျက်ခြင်း - ယားယံခြင်း - အရေပြားပေါ်အကွက်ထခြင်း - ခေါင်းကိုက်ခြင်း - မူးဝေခြင်း - […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ

မျှဝေစားလို့မရတဲ့ထဲမှာ အချစ်အပြင် တစ်ကိုယ်ရည်သုံး ပစ္စည်းတွေလည်း ပါပါတယ်။ တစ်ကိုယ်ရည်သုံးလို့ပြောတဲ့အတွက် ကိုယ်ကလွဲပြီး ဘယ်သူကိုမှ ပေးမသုံးပါနဲ့။ မိသားစုဝင်ပဲ ဖြစ်ဖြစ်၊ ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းပဲ ဖြစ်ဖြစ် အလိုလိုက်ပြီး မျှမသုံးသင့်ပါဘူး။ ဒီနေရာမှာတော့ sharing is caringမဟုတ်ပါဘူး။ မျှပြီး မသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေက ဘာတွေလဲ။ မျှသုံးမိရင် ဘယ်လို ကျန်းမာရေး ဆိုးကျိုးတွေ ရနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ ကတော့ ကိုယ်တိုက် ဆပ်ပြာခဲ ကိုယ်တိုက် ဆပ်ပြာခဲက မျှသုံးလို့ မရမှန်း ခုမှသိရတော့ နည်းနည်းတော့ အံ့သြသွားပါတယ်။ ဟုတ်တယ်လေ ကိုယ်တွေက တစ်အိမ်လုံး ရေချိုးရင် ဒီဆပ်ပြာပဲ သုံးတာကိုး။ ဖေဖေ တစ်တုံး၊ မေမေ တစ်တုံးမှ ခွဲမထားတာ။ တကယ်က […]


အခြေခံကျန်းမာရေး

အနာသက်သာဆေးတွေ သောက်မိနေရင်

နာကျင်မှုကို လျှော့ချပေးနိုင်တဲ့ ဆေးမျိုးစုံက ဆေးကုသရာမှာ အသုံးဝင်တဲ့အတွက်ကြောင့် ဆရာဝန်တွေရော လူနာတွေပါ အကြိုက်တွေ့တဲ့ဆေးတွေပါ။ ဒါပေမဲ့လည်း တခြားဆေးတွေလိုပဲ အနာသက်သာဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆိုးကျိုးအများစုက သိပ်မသိသာပေမဲ့ တချို့ကတော့ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်ပါတယ်။ နောက်ပြီး အနာသက်သာဆေးအများစုကို လူအတော်များများက ဆရာဝန် ညွှန်ကြားချက်မယူဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်သုံးတာတွေ များလာတဲ့အတွက် အနာသက်သာဆေးတွေကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြချင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ လွယ်လွယ်ကူကူဝယ်သောက်လို့ရတဲ့ အနာသက်သာဆေးတွေထဲမှာ aspirin, ibuprofen, naproxen, acetaminophen တို့လိုဆေးတွေက ထိပ်ဆုံးက ပါပါတယ်။ Aspirin (အက်စပရင်) - လူတိုင်းကြားဖူးမယ်ထင်ပါတယ်။ စတီးရွိုက်အုပ်စုထဲမပါတဲ့ ရောင်ရမ်း သက်သာဆေး(NSAID) တစ်ခုဖြစ်ပြီး ထိရောက်မှုရှိပေမဲ့ သတိနဲ့သုံးသင့်တဲ့ဆေးတစ်ခုပါ။ ဒီဆေးကို အချိန်ကြာကြာစွဲသောက်ရင် အစာအိမ်တွင်း သွေးယိုစိမ့်မှုဖြစ်လာစေပြီး အစာမကြေတာကနေ အစာအိမ်အနာပေါက်တာအထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေရောင်ခြည် ကြောင့် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်လဲ။

နေရောင်ခြည် ဟာ အဘက်ဘက်က လူသားတွေကို အများကြီးအကျိုးပြုနေတဲ့ သဘာဝက ဖန်တီးထားတဲ့ အရာလေးပါ။ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဒီ ထုတ်လုပ်ဖို့နဲ့ serotonin လို့ခေါ်တဲ့ စိတ်ခံစားချက်နဲ့ အာရုံစူးစိုက်မှုအတွက် ကောင်းမွန်တဲ့ ဟော်မုန်းလေးတွေကိုထုတ်ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အခြား အဘက်ဘက်ကလည်း နေရောင်ခြည်တွေဟာ မရှိမဖြစ် အရေးပါပါတယ်။ ဒါပေမယ့် နေရောင်ခြည်မှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်၊ အပူရောင်ခြည်တွေကြောင့် မကြာခဏထိတွေ့ရသူတွေ၊ အချိန်အကြာကြီးထိတွေ့ရတဲ့ သူတွေအတွက် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်လာစေပါတယ်။ ကျန်းမာရေးဆိုးကျိုးတွေ အနေနဲ့ short term effect (ခဏတာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုး) နဲ့ long term effect (နေရောင်နဲ့ ထိတွေ့တာ များလာ၊ ကြာလာတဲ့အခါ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ) ဆိုပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ် မပြည့်ဝခြင်းက ကိုယ်ခံအားအပေါ် ဘယ်လို သက်ရောက်နေလဲ

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကကမ္ဘာ့ကပ်ရောဂါ  အဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ COVID_19 ဖြစ်ပွားနေတာ တစ်လကျော်လာခဲ့ပါပြီ။ အခုထိ ကာကွယ်ဆေး ရေရေရာရာ မရှိသေးသလို ကုသနည်း တိတိကျကျလည်း မပေါ်ထွက်သေးပါဘူး။ အခုထိ လက်ခံထားတာက ဒီ ကိုဗစ်ကို အကောင်းဆုံး တိုက်ခိုက်နိုင်မယ့် တစ်ခုတည်းသောအရာက လူတွေကို သဘာဝတရားက လက်ဆောင်ပေးထားတဲ့ ကိုယ်ခံအား ဆိုတာပါ။ အခုလို ရောဂါ ကူးစက်နှုန်းမြန်ဆန်နေတဲ့ ကာလမှာ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်တာက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ရာ ရောက်ပါမယ်။ ဒီလို ကိုယ်ခံအားကောင်းစေဖို့ဆိုတဲ့ နေရာမှာ အာဟာရပြည့်ဝမှု အပြင် ရေဓာတ်ပြည့်ဝစေဖို့လည်း လိုအပ်ပါမယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ကျန်းမာနေမှာပါ။ ကိုယ်ခံအားက ဘာလုပ်ပေးလဲ........ ကိုယ်ခံအားဆိုတာက ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ ခန္ဓာကိုယ်ကို ရောဂါတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။

ဆေးရုံတွေ၊ သွေးလှူဘဏ်တွေမှာ လိုအပ်နေတဲ့ သူတွေကို ကယ်တင်ဖို့အတွက် သွေးတွေ အများကြီးကို နေ့စဉ် နေ့တိုင်း လိုအပ်နေပါတယ်။ ဒါ့ကြောင့်လည်း သွေးလှူခြင်း ဟာ လူ့အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ အရမ်းမွန်မြတ်တဲ့ လုပ်ငန်းလေးတစ်ခုလို့ ပြောကြပါတယ်။ ဒီဆောင်းပါးလေးမှာ ကိုယ်လှူလိုက်တဲ့သွေးက ဘယ်လို လူတွေကို အကျိုးပြုနိုင်တယ်၊ ကိုယ့်အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာလေးကို မျှဝေပေးသွားပါမယ်။ သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။ သင့်သွေးနဲ့ ဘယ်လို လူတွေကို ကယ်တင်နိုင်လဲ။ ၁။ သွေးရောဂါရှိသောသူများ။ ဥပမာ - sickle cell disease လို့ခေါ်တဲ့ သွေးဆဲလ်လေးတွေ ပုံမမှန်ဖြစ်နေတဲ့ ရောဂါ၊ thalassemia သွေးရောဂါနဲ့ အခြားသွေးဆဲလ်တွေနဲ့ ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေဟာ ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ဆက်ရှင်နေဖို့ အတွက်ပုံမှန် သွေးသွင်းနေကြရပါတယ်။ ၂။ သွေးအားနည်းရောဂါရှိသူများ၊ ကင်ဆာကုထုံး ခံယူနေရသူများ၊ အစာအိမ်လမ်းကြောင်း […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း