ရေဓာတ်မပြည့်ဝ တဲ့အခါ ခန္ဓာကိုယ်မှာ ဘာဖြစ်လာမယ်ထင်လဲ….. တစ်နေ့တာမှာ ကျန်းမာနေစေဖို့ မဖြစ်မနေလုပ်ရမှာက အနည်းဆုံး ရေ ၈ ခွက်သောက်ဖို့ပါ။ ရေအစား အရည်တွေဖြစ်တဲ့ အချိုရည်တွေ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ နဲ့ ဘီယာလိုမျိုး အရည်တွေကတော့ ရေအစားထိုးသောက်ဖို့ မသင့်တော်ပါဘူး။ ရေငတ်ပြေစေနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကိုတော့ မဖြည့်ပေးနိုင်ပါဘူး။