Naproxen – NSAID အုပ်စုထဲက နောက်ထပ်ဆေးတစ်မျိုးဖြစ်ပြီး တူညီတဲ့ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့ရနိုင် ပါတယ်။
Acetaminophen – အအေးမိတာကို ကုသတဲ့အခါမှာသုံးစွဲလေ့ရှိပြီး သူ့ချည်းလည်းညွှန်းလေ့ရှိပါတယ်။ အက်စပရင်လို အစာအိမ်ကို ပြဿနာမပေးပေမဲ့ ဆေးပမာဏများသွားရင် အသည်းကိုထိခိုက်နိုင်ပါတယ်။ နောက်ပြီး ဒီဆေးက အရက်နဲ့ မတည့်ပါဘူး။
ဆရာဝန်ညွှန်ကြားတဲ့ အနာသက်သာဆေးတွေမှာ အားအကောင်းဆုံး၊ အစွမ်းထက်ဆုံးကတော့ opioid အုပ်စုဝင်ဆေးတွေပါပဲ။ နာကျင်တဲ့ခံစားမှုကို ဦးနှောက်ဆီပို့ဆောင်ပေးမဲ့ အာရုံကြောတွေကိုပိတ်ဆို့ပေးပြီး နာကျင်မှုသက်သာစေပါတယ်။ ထိရောက်မှုကောင်းတာကြောင့် ခွဲစိတ်မှုခံယူထားတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာ ဆိုးဆိုးဝါးဝါးရသူတွေ၊ ကင်ဆာရောဂါလို နာတာရှည်ဝေဒနာခံစားနေရသူတွေမှာ များသောအာဖြင့် ပေးလေ့ရှိပါ တယ်။ Codeine, Hydrocodone, Hydromorphone, Meperidine, Morphine, Oxycodone လို opioid ဆေးတွေက အသုံးများပါတယ်။ Fentanyl ဆိုတဲ့ opioid ကတော့ အရမ်းအားကောင်းတဲ့အနာသက်သာဆေး ဖြစ်ပြီး တခြားဆေးတွေထက် ပျမ်းမျှ အဆ ၁၀၀ လောက် ပိုစွမ်းပါတယ်။ ဒါ့ကြောင့်မို့ ရောဂါပြင်းပြင်းထန်ထန်ခံစားရပြီး အသက်ဆုံးရှုံးခါနီးအချိန်မျိုးမှာ နာကျင်မှုသက်သာအောင်ပေးပါတယ်။