အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

ယနေ့အချိန်ကာလမှာ ဆေးရုံ ဆေးခန်းတိုင်းလိုလိုဟာ အွန်လိုင်းကနေ ဆေးကုသခြင်းစနစ်ဖြစ်တဲ့ Telemedicine နည်းစနစ်ကို စတင်ပြောင်းလဲလာကြပါတယ်။ဒီလို Covid-19 ကာလမှာ လူတိုင်း အိမ်မှာနေ သင့်ပြီး social distancing နည်းစဉ်တွေကို လိုက်နာဖို့ ညွန်ကြားထားတာမို့ ဒီ Telemedicine နည်းပညာက ဆရာဝန်တွေအတွက်ကော နေမကောင်းတဲ့လူနာတွေအတွက်ပါ အဆင်ပြေလှပါတယ်။ လူတွေအများကြီးကြား တန်းစီမစောင့်ရခြင်း၊တက္ကစီဖိုးချွေတာနိုင်ခြင်း၊ဆေးခန်းပြဖို့အတွက် အလုပ်ကနေခွင့်ယူရန်မလိုအပ်ခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးကိုလည်း ရရှိနိုင်ပါသေးတယ်။ အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ ဒီတော့ Telemedicine နည်းဖြင့် ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ထားကြသူတွေအနေနှင့် အောက်ပါ နည်းလမ်းလေးတွေကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ပိုမိုချောမွေ့စွာ ကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။ (၁) နည်းပညာကြောင့် သင့်ဆေးကုသချိန်ကို မပျက်စီးပါစေနှင့် ဆေးမကုသခင်မှာ သင့်အနေနှင့် လိုအပ်တဲ့software သို့မဟုတ် applicationကို ဒေါင်းလုပ်ဆွဲထားပါ။ သင့်အသုံးပြုမယ့် ဖုန်း၊တက်ဘလက်၊ကွန်ပျူတာနှင့်ပတ်သက်ပြီး errorတစ်ခုခုရှိနေပါက တတ်ကျွမ်းသောသူနှင့် မေးမြန်းပြီး ပြင်ထားပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ယောကျ်ားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ

ယောကျ်ားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ ....... လူသားတွေမှာ ရုပ်ခန္ဓာသဘောအရ ကျားနဲ့ မ ဆိုပြီး လိင်အမျိုးအစား နှစ်မျိုးရှိပါတယ်။ အာဒံနဲ့ ဧဝကစတယ်ပဲပြောပြော ဗြဟ္မာကြီး ၄ ဦးက ဖန်တီးတယ်ပဲဆိုဆို မျောက်တွေကပဲ ဆင်းသက်လာ ဆင်းသက်လာ၊ လူတွေမှာ လိင်အမျိုးအစား ၂ မျိုး ကွဲပြားနေတာတော့ အမှန်ပါ။ ဒီလို ကွဲပြားနေတဲ့အလျှောက် မသိမသာအားဖြင့်တော့ သိသိသာသာပါ မတူညီတဲ့ လိင်အုပ်စု အချင်းချင်း ပြိုင်ဆိုင်မှုတွေ တလွဲမာနလေးတွေ ရှိလာပါတယ်။ သမိုင်း တစ်လျှောက်လုံးပါပဲ။ သမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမျိုးသမီးတွေက ဦးဆောင်ခဲ့တဲ့ ခေတ်တွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားတွေက ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။ ခုခေတ်ကတော့ လိင်တန်းတူညီမျှရေးလို့ အော်နေကြတဲ့ခေတ်ဆိုပေမယ့် အမျိုးသားတွေ ကြီးစိုးနေဆဲကာလထဲမှာပါနေပါတယ်။ ခေတ်တွေ ဘယ်လောက်ကြာကြာ ဘယ်သူတွေက ဘယ်အချိန်တွေမှာ ဦးဆောင်ခဲ့ဦးဆောင်ခဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခြေထောက်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

သွယ်လျလှပတဲ့ ခြေချောင်းလှလှလေးတွေ၊ ခြေထောက်လှလှလေးတွေ ပိုင်ဆိုင်ထားတာကို လူတိုင်း သဘောကျတတ်ပါတယ်။ လူတွေအမြင်မှာ လှပနေတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်ထားမှတော့ လူတိုင်း ကျေနပ်ကြတာမဆန်းဘူးလေ။ ဒါပေမယ့် ခြေချောင်းလေးတွေ လှပနေတယ်ဆိုတာဟာ လှတပတအနေအထားတစ်ခုတည်းတင်မဟုတ်ပါဘူး။ သင့်ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်နေတယ်ဆိုတဲ့ သတင်းစကားတစ်ခုဖြစ်ပါတယ်။ တကယ်လို့များ သင့်ရဲ့ခြေထောက်ဟာ ကျန်းမာသန်စွမ်းမှုမရှိဘူး၊ အနာတွေ၊ ဝေဒနာတွေ အမျိုးမျိုးကြုံဆုံနေရမယ်ဆိုရင် သင့်ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ တစ်စုံတစ်ရာရှိနေပြီဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ခြေထောက်မှာ တစ်စုံတရာဖြစ်နေပြီဆိုရင် ကိုယ့်ခြေထောက်လေးတွေက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပြီး ဒါမှလည်း ဘယ်လို ကုသရမယ်ဆိုတာကို သိနားလည်မှာ ဖြစ်ပါတယ်။ သင့်ခြေထောက်လေးတွေက သင့် ကျန်းမာရေး အခြေအနေကို ဘယ်လိုပြောပြနေသလဲ ကြည့်ရအောင် ခြေမွေးတွေ ပါးလာတာ ယောက်ျားတွေက မိန်းမတွေထက် ခြေမွေးထူတာ သဘာဝပါပဲ။ ဒါပေမယ့် အမျိုးသမီးတော်တော်များများမှာလည်း ခြေမွေးရေးရေးလေးတွေ ရှိတတ်ကြပါတယ်။ […]


အခြေခံကျန်းမာရေး

အသက် ၃၀ မတိုင်ခင်မှာ ရပ်တန့်ပစ်လိုက်သင့်တဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူမှားတွေ

တကယ်လို့များ လူတစ်ယောက်ရဲ့ ပျမ်းမျှအသက်ကို ၆၀ နှစ်လို့ တွေးကြည့်ပါစို့။ ဒီလိုဆို အသက် ၃၀ ဆိုတာဟာ ဘဝရဲ့ လမ်းတစ်ဝက်ခရီးဖြစ်ပါတယ်။ လူ့ခန္တာကိုယ်ကြီးရဲ့ စွမ်းဆောင်ရည်တွေကို Graph တစ်ခုလို့မြင်ယောင်ကြည့်ပါ။ အသက် ၃၀ ဟာ အကောင်းဆုံးအမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Graph ရဲ့ ထိပ်ဖျားပိုင်းနေရာဖြစ်ပါတယ်။ ဒီတော့ ဒီကာလကိုရောက်လာပြီဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးကို ဂရုတစိုက် ပြုစုစောင့်ရှောင့်ဖို့ ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ဖို့ လိုအပ်လာနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ငယ်ရွယ်စဉ်မှာလို အရာရာကို မဆင်မခြင် ပေတေနေလို့ မရတော့ပါဘူး။ ဖြတ်သန်းလာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ အမှားအယွင်းတွေ၊ ဂရုမစိုက်မှုတွေရှိထားခဲ့သည်ဖြစ်ပါစေ၊ ဒီ ၃၀ ဆိုတဲ့ အသက်အရွယ်ကနေစတင်ပြီး ရပ်တန့်လိုက်ဖို့ လိုအပ်ပြီလို့ သိထားဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် အသက် ၃၀ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တိရစ္ဆာန် ချစ်တတ်သူတို့ မမေ့လျော့သင့်တဲ့ အချက်လေးတွေ

ချစ်တတ်သူတွေ အတွက်တော့ အိမ်မွေး တိရစ္ဆာန် လေးတွေကို ကိုယ့်ရဲ့ သားသမီးလေးတွေ၊ မိသားစုဝင်လေး တွေလို သဘောထားကြတာပါပဲ။ အိမ်မှာ အမြဲတစေ ရင်းရင်းနှီးနှီး ချစ်ခင်နေကြတာပေါ့။ ဒါပေမယ့် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက်ရော၊ တိလေးတွေရဲ့ ကျန်းမာရေးအတွက်ရော သတိထားသင့်တဲ့ အချက်လေးတွေကို မမေ့ဖို့တော့လိုပါတယ်။ စည်းကမ်းတကျ ချစ်တတ်မယ်ဆို သူရောကိုယ်ရော အသက်ရှည်ရှည် အတူနေသွားနိုင်တာပေါ့နော်။ ဘာတွေ သတိထားရမလဲ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး… လက်ဆေးပါ ခွေးလေး၊ ကြောင်လေးတွေနဲ့ ကစားပြီးရင်၊ ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ လက်ချောင်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် အစာမစားခင်မှာ မမေ့ဖို့ ပိုဂရုစိုက်ပါ။ မျက်နှာကို လျှာနဲ့ အလျက်မခံပါနဲ့ ခွေးလေးတွေက သင့်မျက်နှာ သို့မဟုတ် ကလေးရဲ့မျက်နှာကို လျှာနဲ့အလျက်မခံပါနဲ့။ လူကို လျက်ပြီး မနှုတ်ဆက်ခင် ဘယ်အရာတွေကို လျက်ခဲ့သေးလဲ ကိုယ်မသိနိုင်ဘူးလေ။ မျက်နှာကိုလျက်လိုက်တယ်ဆိုလည်း သိပ်တော့ စိုးရိမ်မနေပါနဲ့။ ရောဂါပိုးတွေ သန့်စင် […]


အခြေခံကျန်းမာရေး

ရေချိုး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ

ရေချိုး ခန်း အဆိုတော် လုပ်ရတာ ဝါသနာ ပါသူများ ရှိကြပါသလား။ ရေချိုးရင်း သီချင်းတွေ ဟဲလိုက်ခြင်းဟာ အိမ်သားများနှင့် အတူနေအခန်းဖော်များအတွက်တော့ နားညည်းစရာ ကောင်းမှာဖြစ်ပေမယ့် သင့်အတွက်တော့ ကျန်းမာရေး ကောင်းကျိုးတွေ ရှိစေတယ် ဆိုတာ သိပါသလား။ ဒီ ကျန်းမာရေး ကောင်းကျိုးတွေက ဘာတွေလဲ ဆိုတာ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။ ရေချိုး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ အကြောင်း ကြည့်လိုက်ရအောင်နော်။ ရေချိုး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ ရေချိုး နေစဉ် သီချင်းဆိုခြင်းက စိတ်ဖိစီးမှုများ ပြေပျောက်စေခြင်း ရေချိုးရင်း သီချင်းတွေ အော်ဆိုလိုက်ခြင်းဟာ အလုပ်ကပေးသော စိတ်ဖိစီးမှုတွေကို သက်သာစေတယ် ဆိုတာ ဆိုနေကျသူတွေ သိကြမှာပါပဲ။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် သင်သီချင်း ဆိုလိုက်တဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မူးပြီး မှားတာလား? မှားပြီး မူးတာလား?

ငယ်ငယ်က မြန်မာဗီဒီယိုဇာတ်ကားတွေ ကြည့်ကြလေ့ကြည့်ထရှိတဲ့သူတွေဆိုသိနိုင်မယ့် ကိစ္စတစ်ခုရှိတယ်။ ဇာတ်လမ်းထဲမှာ မင်းသားက အမူးလွန်ပြီး မင်းသမီးရဲ့ဘဝကို အတင်းကာရော ဆွတ်ချူယူလိုက်မိတယ်ပေါ့။ မနက်မိုးလင်းတော့မှ ပြောမယ်၊ “မူးပြီး မှားမိပါတယ်၊ တာဝန်ယူပါမယ်” ဘာညာပေါ့။ ဒါဆို မူးပြီး မှားတာလား? မှားပြီး မူးတာလား? ဒီလို ဇာတ်ကွက်မျိုးကို မြန်မာဇာတ်ကားအချို့မှာ မြင်ဖူးကြမယ်ထင်ပါတယ်။ တကယ်တမ်း အရွယ်တစ်ခုရောက်လာတဲ့ လူငယ်တိုင်း သိချင်ကြတဲ့အချက်က အရက်ကို မူးနေအောင်သောက်ထားတဲ့ လူတစ်ယောက်ဟာ မိန်းမတစ်ယောက်နဲ့ စိတ်ဆန္ဒပြင်းပြင်း လိင်မှုကိစ္စလုပ်နိုင်ပါ့မလားပေါ့။ မူးပြီး မှားတာလား? မှားပြီး မူးတာလား? အလွန်တရာ အရက်မူးနေတဲ့လူတစ်ယောက်ဟာ လမ်းတောင်ကောင်းကောင်းလျှောက်နိုင်ချင်မှ လျှောက်နိုင်မှာလေနော်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးတွေဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အချက်အလက်တွေကို အခြေခံပြီး သိပ္ပံနည်းကျလေ့လာကြည့်ရအောင်လားဗျာ။ အရက်၊ လိင်နဲ့ မေးခွန်းပေါင်းများစွာ ခေတ်ဟောင်းစာပေကြီးတွေကနေစလို့ ၂၁ ရာစု ပေါ့ဂီတတွေအထိ အရက်ဟာ အချစ်စိတ်ကို နှိုးဆွနိုင်တယ်၊ ဆက်စပ်တယ်ဆိုတဲ့ ညွှန်းဆိုမှုတွေ […]


အခြေခံကျန်းမာရေး

လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ

လူတော်တော်များများမှာ စိတ်ဖိစီးတဲ့အချိန် ဒါမှမဟုတ် အကြံကုန်ဂဠုန်ဆားချက်ကြရင် ခဲတံကိုက်တာတို့၊ ဆေးလိပ်သောက်တာတို့၊ နှုတ်ခမ်းကိုက်တာတို့ကို သတိမမူမိဘဲ ပြုလုပ်မိလေ့ရှိကြပါတယ်။ တစ်‌ယောက်နဲ့ တစ်ယောက် အလေ့အကျင့် မတူကြပေမဲ့ တော်တော်များများကတော့ လက်သည်းကိုက်တတ် ကြပါတယ်။ ဒီအကျင့်ကတော့ ပုံမှန်အတိုင်းဆို ဘာမှထွေထွေထူးထူးမဟုတ်ပေမဲ့ တကယ်တမ်းကြတော့ လူတွေရဲ့ကျန်းမာရေးအတွက် များစွာစိုးရိမ်စရာကောင်းပါတယ်။ လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ ပိုး၀င်ခြင်း/ လက်စွယ်ငုပ်ခြင်း ပထမဆုံးကတော့ ကိုယ့်မှာရှိတဲ့ပိုး ကိုယ်ပြန်ကူးစက်ခြင်းပဲဖြစ်ပါတယ်။ လက်သည်းကို ကိုက်တဲ့အခါ လည်သည်းအောက်မှာရှိတဲ့ အသားနုလေးနဲ့ ပါးစပ်ထဲမှာရှိတဲ့ မြောက်များစွာသောပိုးတွေ ထိတွေ့တဲ့အခါ ‌ရောင်ရမ်းတာတို့ ပြည်တည်နာတို့ ဖြစ်ပေါ်စေပါတယ်။ အဲ့ဒါကို တစ်နည်းအားဖြင့် လက်စွယ်ငုပ်တယ် လို့လည်းခေါ်ကြပါတယ်။ လက်စွယ်ငုပ်တာက များသောအားဖြင့် လက်သည်းအောက်ခြေမှာရှိတဲ့ နူးညံ့တဲ့ ‌အရေပြားနေရာလေးကို ပိုး၀င်ခြင်းကြောင့်ဖြစ်ပါတယ်။ ဖျားနာခြင်း လူတွေရဲ့ လက်က အညစ်ကြေးပေါင်းစုံကိုင်တွယ်ပြီး ပိုးပေါင်းစုံနဲ့ ထိတွေ့နေရပါတယ်။ ၎င်းပိုးတွေက လက်သည်းအောက်မှာ ခိုအောင်းနေတတ်ကြပါတယ်။ ပါးစပ်ထဲက ပိုးက […]


အခြေခံကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ကြိုက်နှစ်သက်တဲ့အရသာတွေ အမြဲတမ်းပြောင်းလဲနေတတ်တယ်ဆိုတာ

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ကြိုက်နှစ်သက်တဲ့ အစားအစာတွေ မတူကြတာသဘာဝပါပဲ။ အနောက်တိုင်းလူမျိုး‌တွေဟာ အဆီအဆိမ့် အစားများပြီး အရှေ့တိုင်းလူမျိုးတွေဟာ ချဉ်ငံစပ် အရသာတွေကို ပိုခံတွင်းတွေ့တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီမှာမှ လူတစ်ယောက်ထဲမှာတောင် အချိန် ရာသီဥတုတို့အပေါ် မူတည်ပြီး ခံတွင်းတွေ့တဲ့စားစရာ‌တွေ အလိုက်သင့်‌ပြောင်းလဲ‌နေတတ်ပါ‌ေသးတယ်။ ဥပမာ - ချမ်းအေးတဲ့အချိန်မှာဆို ပူပူစပ်စပ်လေးတွေကို ပိုခံတွင်းတွေ့ကြတာမျိုးပေါ့။ ဒီမှာပြောပြပေးသွားမှာကတော့ အချိန် ရာသီဥတုတွေကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ‌သော်လည်း‌ကောင်း ဟော်မုန်းပြောင်းလဲမှုကြောင့်သော်လည်းကောင်း ကြိုက်နှစ်သက်တဲ့ အရသာ ရုတ်တရက် ပြောင်းလဲသွားတတ်တယ်ဆိုတာပါပဲ။ သွေးကတောင့်တတယ်တို့ ၊ချဉ်ခြင်းတက်တယ်တို့လည်း ကျွန်မတို့ ပြောလေ့ရှိကြပါတယ်။ ရုတ်တရက် အဲ့ဒီအရသာကိုမှ စားချင်လာတယ်ဆို‌တာမျိုးပေါ့။ ဒီဆောင်းပါးမှာတော့ လက်လှမ်းမီသလောက် လေ့လာချက်တွေရဲ့ ဖော်ပြချက်တွေကို မှီငြမ်းပြီး အဓိက ချို၊ ချဉ်၊ ငန်၊ ခါး၊ ဖန် ဆိုတဲ့ […]


အခြေခံကျန်းမာရေး

နေရောင်ခြည်၏ အကျိုးကျေးဇူးများ

နေရောင်ခြည်နှင့် ဆီရိုတိုနင် နေရောင်ခြည်ဟာ အရေပြားကို ထိခိုက်စေတယ်လို့ အကြိမ်ကြိမ် ကြားဖူးခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာမဆို အကျိုးအပြစ်ရှိသလို နေရောင်ခြည်ကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ နေရာင်ခြည်ရော အမှောင်ထုပါ ဦးနှောက်ကနေ ဟော်မုန်းတွေကို ထွက်လာဖို့ နှိုးဆွပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ချိန်မှာ ဦးနှောက်ကနေ ဆီရိုတိုနင်ဟော်မုန်းကို ထွက်လာစေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်အခြေအနေကို တည်ငြိမ်ကောင်းမွန်စေပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ ညဖက်အမှောင်မှာတော့ ဦးနှောက်ကနေ မယ်လတိုနင်ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒီဟော်မုန်းဟာ သင့်ကို အိပ်ပျော်စေပါတယ်။ နေရောင်ကောင်းကောင်းမရရင် ဆီရိုတိုနင်ဟော်မုန်း ကျဆင်းနိုင်ပါတယ်။ ဆီရိုတိုနင်ကျလာခြင်းဟာ ရာသီဥတုပေါ် မူတည်ပြီးဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ထိုင်းမှိုင်းပြီး နေရောင်မမြင်ရတဲ့ ရာသီတွေမှာ ဖြစ်တတ်ပါတယ်။ တကယ်တော့ နေရောင်ခြည်ဟာ စိတ်ကိုမြှင့်တင်ပေးနိုင်ရုံတင် မကပါဘူး။ အတော်တသင့်ပြင်းအားပဲရှိတဲ့ နေရောင်ခြည်ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ နေရောင်ခြည်ထိတွေ့မှုလျော့နည်းခြင်းဟာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း