အဓိကက ရှူးဖိနပ်တွေပေါ့။ လေဝင်လေထွက်မကောင်းတဲ့အတွက် အထဲမှာ ဘက်တီးရီးယားတွေ၊ ခြေသည်းမှာ စွဲနိုင်တဲ့ မှိုတွေ အများကြီး ခိုအောင်းနေမှာပါ။ သွားစရာရှိလို့ ဆိုဒ်လည်းတူလို့ ငှားစီးသွားမယ်ဆို ရောဂါပိုးတွေ ပါလာနိုင်တာ သတိပြုပါ။
ဒီတိုင်းကြည့်ရင်သာ မမြင်ရတာ တကယ်တော့ လက်သည်း ခြေသည်းရဲ့ အောက်မှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုတွေ အများကြီး ခိုအောင်းနေပါတယ်။ ညှပ်ရင်းနဲ့ မတော်တဆသွေးထွက်သွားရင် သွေးကတစ်ဆင့် ကူးနိုင်တဲ့ ရောဂါပိုးတွေလည်း ကပ်နေနိုင်ပါတယ်။ မျှပြီး သုံးမယ်ဆိုရင် ကြွက်နို့လို ဗိုင်းရပ်စ်အပြင် တခြားသော ရောဂါပိုးတွေ ကူးနိုင်ပါတယ်။
ချေးတွန်းကျောက်တွေ၊ ချေးတွန်းဖော့တွေလည်း ဒီတိုင်းပါပဲ။ အရေပြားကို တိုက်တဲ့အတွက် အဲ့ဒီက ပိုးတွေ ကပ်သွားမယ်။ ပြီးတော့ စိုစွတ်နေတဲ့အတွက် ပိုပွားလာမယ်။ ဒါကို ကိုယ်က ယူသုံးမိရင် ကိုယ့်ဆီကို ပိုးတွေ ရောက်လာမှာပေါ့။ ဒါကြောင့် ကိုယ်ပစ္စည်း ကိုယ်သုံးပါ။ ကိုယ့်ပစ္စည်းနဲ့ကိုယ်တောင် ပုံမှန်လဲပေးဖို့ လိုပါတယ်။
နားကပ်နဲ့ နောက်က အချွန်လေးနဲ့ ထိုးထိုးမိတဲ့အခါ ပွန်းပဲ့တာ၊ သွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။ မျက်စိနဲ့ မြင်ချင်မှ မြင်ရမှာပါ။ ဒါပေမယ့် သွေးက ကူးစက်နိုင်တဲ့ ပိုးတွေတော့ ကပ်နေမှာပဲ။ ဒါကြောင့် ဘယ်လောက်ရင်းနှီး ရင်းနှီး နားကပ်တော့ ငှားမဝတ်ပါနဲ့။ ဒါမှမဟုတ် အရက်ပြန်နဲ့ သေချာပိုးသတ်ပြီးမှ ဝတ်ပါ။
မိတ်ကပ်တွေ၊ mascaraတွေ မိတ်ကပ်brushတွေ စလို့ ခေါင်းဖီးတဲ့ ဘီးအထိ အကုန်ပါပါတယ်။ အလှပြင် ပစ္စည်းတွေက အရေပြားနဲ့ ထိတွေ့ထားတာမို့လို့ ဘက်တီးရီးယားပိုးတွေ ကပ်နေနိုင်ပါတယ်။ မျှသုံးမိရင် ပိုးဝင်တာ၊ ဝက်ခြံပေါက်တာတွေ ဖြစ်နိုင်ပါတယ်။
ဘီးတွေကလည်း ဒီလိုပါပဲ။ မျှသုံးမိရင် သန်းတွယ်တာ၊ ဗောက်ထတာ၊ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်တစ်ယောက်တည်း သုံးရင်တောင် ဖုန်တွေ၊ ချေးတွေ မရှိအောင် ပုံမှန်ဆေးကြောနေရမှာပါ။
မျှပြီး မသုံးသင့်တဲ့ တစ်ကိုယ်ရည် ပစ္စည်းတွေကို သိပြီးပြီဆိုရင် ကိုယ်ကလည်း သူများဆီက ယူမသုံးပါနဲ့။ သူများလာငှားရင်လည်း ယဉ်ယဉ်ကျေးကျေးပြောပြီး ငြင်းပယ်ပါ။ သူသုံးပြီးမှ ကိုယ့်ပြန်သုံးမိရင် ကိုယ့်ဆီကို ပိုးတွေ ရောက်လာမှာပေါ့။ ဒါကြောင့် တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို သီးသန့်သုံးဖို့ အကြံပေးလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။