ဗီတာမင် B12 ဟာ ကိုယ်ခန္ဓာကနေ မရှိမဖြစ် လိုအပ်တဲ့ဗီတာမင်ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်ဘဲ တိရစ္ဆာန်အသားများ စားသုံးရာကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ အာရုံကြောဆဲလ်တွေ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ဖို့၊ ဒီအန်အေဖွဲ့စည်းနိုင်ဖို့ အထောက်အကူပြုပါတယ်။