အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

ရာသီဥတုဖောက်ပြန်မှုဟာ ကမ္ဘာကြီးကိုပဲ ထိခိုက်နိုင်တာမဟုတ်ပါဘူး။ လူသားတွေအပေါ်ကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေဟာ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ နဲ့ ကမ္ဘာ့နေရာဒေသတွေအပေါ် မူတည်ပြီး ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးဟာလည်း နည်းအမျိုးမျိုး နဲ့ ထိခိုက်လာပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပိုလို့တောင်ထိခိုက်မှုများနိုင်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ ဂရုပြုသင့်ပါပြီ။ ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား (၁)      ရိုးရိုးရှင်းရှင်း ဥပမာတစ်ခုကိုပဲစဉ်းစားကြည့်ကြပါစို့။ အပူချိန်လွန်ကဲလာတဲ့အခါ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်လာပါတယ်။ လျှပ်စစ်မီးပြတ်တောက်ခြင်းဟာ ဆေးရုံတွေအတွက် အတော်လေး အထိနာတဲ့ ကိစ္စကြီးတစ်ရပ်ပါ။ လျှပ်စစ်မီးပြတ်တောက်နေစဉ်မှာ ခွဲစိတ်မှုတွေ၊ လူနာသယ်ယူမှုတွေ၊ လူနာတွေကိုစမ်းသပ်စစ်ဆေးမှုတွေ (ဥပမာ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း) စတာတွေကို ပြုလုပ်နိုင်ဖို့ ဘယ်လိုမှမလွယ်ကူလှပါဘူး။ လူနာတွေအတွက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

လေလေးနည်းနည်း တိုက်တာနဲ့၊ မိုးလေး ညို့တာနဲ့ အနွေးထည် ပြေးဝတ်ရတဲ့ ဒုက္ခကို အအေးဒဏ် မခံနိုင်သူတွေပဲ သိပါတယ်။ ကုန်ကုန်ပြောရရင် အဲယားကွန်း အအေးကိုတောင် မခံနိုင်လို့ ပိတ်ပစ်ရတာ၊ ရှောင်ပြေးရတာ၊ အဝတ်အစားအထပ်ထပ် ဝတ်ထားရတာမျိုးတွေတောင် ရှိပါတယ်။ တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း တွေက ဘာတွေ ဖြစ်မလဲ။ တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု တခြားသူတွေနဲ့ မတူဘဲ ကိုယ့်မှာမှ ဒီလို ဘာကြောင့် ဖြစ်နေရတာလဲ သိချင်နေမှာပေါ့။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်ခြေတွေ အမျိုးမျိုး ရှိပါတယ်။ တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း တွေက (၁) သွေးအားနည်းခြင်း ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတဲ့ အခါ လူက ပင်ပန်းလွယ်တယ်၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ

ဓာတ်လိုက်စရာမရှိဘဲ သတ္တုပြားတွေ၊ စက်လှေခါး လက်ကိုင်တန်းတွေ၊ သတ္ထုတန်းတွေ၊ မော်တော်ယာဉ်၊  ကိုယ်ထည်တွေ၊ ရေကူးကန် လက်ကိုင်တန်းတွေ၊ လက်ကိုင်ဘုတွေကို ကိုင်တွယ်ရင်း ဓာတ်လိုက်သလို ကျဉ်ခနဲ ခံစားဖူးပါသလား။ ဒါဆိုရင် အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ ဆိုတာကိုရော သိပြီးပြီလား! တကယ်လို့ အဲ့ဒီလို ကြုံခဲ့မယ်ဆိုရင် ဒီလိုဖြစ်စေတဲ့ အဓိက လက်သည်ဟာ တည်ငြိမ်လျှပ်စစ်ရဲ့ သက်ရောက်မှုကြောင့် (Effects of Static Electricity) ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ ဆိုတော့ Static Shock ကြောင့်ပါ။ Static Shock ဟာ Electric Shock အမျိုးအစားတွေထဲက အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Static Shock […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးဗဟုသုတ ပြည့်ဝနေစေချင်ပါသလား။ ပထမဆုံးအနေနဲ့ သင်ကိုယ်တိုင်က ကျန်းမာရေးဗဟုသုတနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါလိမ့်မယ်။ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် ဒါမှမဟုတ်  အခြေခံကျန်းမာရေးတက္ကသိုလ်စတဲ့ ဆေးပညာနဲ့ နှီးနွယ် တဲ့ တက္ကသိုလ်တစ်ခုခုကနေ ပညာသင်ကြားခဲ့ဖူးသူ တစ်ယောက် ဖြစ်စရာမလိုအပ်ပါဘူး။ အထက်ပါ တက္ကသိုလ်တွေကနေ ပညာသင်ကြားခဲ့ဖူးသူ တစ်ယောက်မဟုတ်ပါဘဲနဲ့ မှန်ကန်တဲ့ကျန်းမာရေး အသိပညာတွေနဲ့ ကြွယ်ဝနေသူတစ်ယောက် ဖြစ်နိုင်ပါသေးတယ်။ ဒီတော့ ကျန်းမာရေး အသိပညာကို ပြည်သူလူထုတစ်ယောက်အနေနဲ့ ပြည့်ဝအောင် ဘယ်လို လုပ်နိုင်မလဲ။ (၁)     Hello ဆရာဝန် ဝက်ဘ်ဆိုက်လိုမျိုး ကျန်းမာရေးဆောင်းပါးတွေ တင်ပေးနေတဲ့ လူမှုကွန်ယက် စာမျက်နှာတွေကို ရွေးချယ်ဖတ်ရှုပါ။  Hello ဆရာဝန် တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ယုံကြည်ရနိုင်ပြီး မှန်ကန်တဲ့ ဗဟုသုတတွေ တင်ပေးနေတဲ့ ဘယ်လိုစာမျက်နှာမဆို ဖတ်ရှုနိုင်ပါတယ်။ ဖတ်ရှုခြင်းအားဖြင့် ကျန်းမာရေးပြဿနာ အမျိုးအစားအများကြီးကို သိရှိနားလည်နိုင်သွားမှာပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်တွင်းအပင်လေး တွေရဲ့ ကောင်းကျိုးများ

ခုတလော အပြင်လည်း သိပ်မထွက်ဖြစ်ဘူး၊ အလုပ်လုပ်တာတောင်  Work from homeဆိုတော့ နည်းနည်းတော့ ပျင်းဖို့ကောင်းမှာပါ။ ပတ်ဝန်းကျင်နဲ့လည်း အရင်လို ထိတွေ့မှု မရှိဘူးလေ။ ဒီလိုကာလမှာ ဝါသနာအသစ်လေး တစ်ခုလောက် အကြံပြုချင်ပါတယ်။ ဒါကတော့ indoor  plant အိမ်တွင်းအပင်လေး တွေ စိုက်တာပါ။ အပင်စိုက်တယ်ဆိုတာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးသလိုပါပဲ။ ပုံမှန် ဂရုစိုက်ရတာပါ။ ခုခေတ်မှာ အရင်လို မြေနေရာ ကျယ်ကျယ်ရှိမှ အပင်စိုက်လို့ရတာ မဟုတ်ပါဘူး။ တိုက်ခန်းနဲ့ နေတဲ့သူတွေဆိုရင်လည်း အိုးသေးသေးလေးတွေနဲ့ တစ်နိုင်တစ်ပိုင် စိုက်လို့ရနေပါပြီ။ ကရိကထလည်း မများ၊ မျက်စိပတာဒလည်း ဖြစ်တဲ့ အိမ်တွင်းအပင်လေးတွေက ကိုယ့်ကို ကျန်းမာရေးအရ ဘာကောင်းကျိုးလေးတွေ ပေးနေလဲဆိုတာ ကြည့်ကြည့်ရအောင်။ အိမ်တွင်းအပင်လေး တွေရဲ့ ကျန်းမာရေးကောင်းကျိုး    ဓာတ်မတည့်မှုတွေကို သက်သာစေတယ်။ ပညာရှင်တွေက အပင်လေးတွေရှိနေတဲ့အခန်းက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မုတ်သုံရာသီ မှာ ဘာရောဂါတွေ အဖြစ်များဆုံးလဲ၊ ဘယ်လိုကာကွယ်ကြမလဲ

Most common diseases in the monsoon season and how can you prevent the (general population, infectious diseases) မုတ်သုံရာသီမှာ ဘာရောဂါတွေ အဖြစ်များဆုံးလဲ၊ ဘယ်လိုကာကွယ်ကြမလဲ မုတ်သုံရာသီ လို့ ခေါ်ကြတဲ့ မိုးရာသီကို ရောက်လာခဲ့ပြီနော်။ နွေအပူကို ကြိတ်မှိတ်သည်းခံရင်း မုတ်သုံလေနဲ့အတူ ရောက်လာမယ့် မိုးရေစက်တွေကို မျှော်နေခဲ့ကြတာပေါ့။ ဒါပေမယ့် တစ်ခါတလေ မိုးလေးတဖွဲဖွဲ နဲ့အတူ မဖိတ်ခေါ်ဘဲ ပါလာတတ်တဲ့ ရောဂါပိုးတွေကိုတော့ မေ့မထားသင့်ပါဘူး။ မိုးရာသီဆို ဒီရောဂါတွေ ကူးစက် ဖြစ်ပွားမှု အများဆုံးပါပဲ - အအေးမိ ၊ တုပ်ကွေး မိုးလေး အေးပြီဆို ဟပ်ချိုး၊ အဟွတ် ဇာတ်လမ်းတွေ၊ တုပ်ကွေးကွေးရတဲ့ ကိစ္စတွေ တွေ့ရပါတော့မယ်။ ဒီရာသီမှာ အအေးမိ၊ […]


အခြေခံကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ခန္ဓာကိုယ်မှာ ပြင်ပက ရောဂါတစ်ခုခု သို့မဟုတ် အဆိပ်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုခု ဝင်လာပြီဆို ခုခံအားက တိုက်ထုတ်ပေးရပါတယ်။ ဒီလို တိုက်ထုတ်တဲ့ နေရာမှာ ရောဂါပိုး ဝင်ဝင်လာချင်း တိုက်ထုတ်ပေးတဲ့  မွေးရာပါ ရှေ့တန်းခုခံအားရယ်၊ ရောဂါပိုး ပထမအကြိမ်ဝင်တဲ့ချိန်မှာ ပိုးကို မှတ်သားထားပြီး နောက်တစ်ကြိမ်ဝင်လာတဲ့အခါ ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ်ပြီး တိုက်ခိုက်နိုင်တဲ့ တန်ပြန်ခုခံအား ဆိုပြီး (၂) မျိုး ရှိပါတယ်။ ခုပြောမှာက ရှေ့တန်းက ခုခံအားတွေ အကြောင်းပါ။ သူတို့ဘယ်လို အလုပ်လုပ်သလဲ။ ဒီခုခံအား စနစ် ကောင်းမွန်အောင် ဘာလုပ်လို့ရလဲ ဆိုတာ ပြောပြပေးပါ့မယ်။ ရှေ့တန်း ခုခံအား များ ရှေ့တန်းခုခံအား ဆိုတာ အလွယ်ပြောရရင်  ခန္ဓာကိုယ်ရဲ့ အပြင်ဆုံးမှာ ရှိတဲ့ဟာနဲ့ ရောဂါ အရင်ဆုံးဝင်နိုင်တဲ့ အပေါက်တွေမှာ ရှေ့တန်း ခုခံအားတွေရှိပါတယ်။ ဘာတွေပါလဲဆိုတော့ (၁) အရေပြား အရေပြားဟာ ခန္ဓာကိုယ်ရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ

သွေးလှူပြီး သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ခြင်းဟာ အလွန်တရာမှ မွန်မြတ်တဲ့အလုပ် ပါ။ ‘သင့်သွေးဖြင့် အသက်ကယ်ပါ’ ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ကြားဖူးကြမှာပါ။ ဒါပေမဲ့ သွေးလှူ တော့မယ်ဆိုရင်တော့ မိမိကိုယ်ကို ပြန်ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ အောက်ဖော်ပြပါ အချက်တွေက သင်သွေးလှူရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်နော်။ သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ သွေးလှူတော့မယ်ဆိုရင် ရေများများသောက် ထားသင့်ပါတယ်။ သင်ကိုယ်တိုင်ရေဓာတ် ပြည့်ဝနေဖို့အရေးကြီးပါတယ်။ အနည်းဆုံးတော့ သွေးမလှူခင် သုံးနာရီလောက်မှာ ဖန်ခွက်နဲ့ ရေ(၃) ခွက်လောက် သောက်ထားပေးသင့်ပါတယ်။ သွေးလှူဖို့ စောင့်ဆိုင်းနေချိန်မှာလည်း ရေ(၅၀၀)မီလီလီတာ (500mL) (ရေသန့်ဘူးကြီးတစ်ဝက်) လောက် သောက်ပေးပါ။ ရေများများသောက်ထားလေလေ သွေးလှူအပြီး မူးဝေခြင်းကို ခံစားရဖို့ ရာခိုင်နှုန်းနည်းလေလေပါပဲ။ ပုံမှန်အတိုင်း အစားစားထားပါ။ ဗိုက်ထဲမှာ အစာမရှိဘဲ သွေးလှူခြင်းဟာမကောင်းပါဘူးနော်။  သွေးမလှူခင်မှာ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာအဖြစ် အရသာရှိတဲ့ အစားအစာတွေကို […]


အခြေခံကျန်းမာရေး

အရက်ဖြတ်လိုက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားလာရနိုင်သလဲ

(၁)    မတော်တဆမှုတွေကို ရှောင်တိမ်းနိုင်မယ် ပြင်းပြင်းထန်ထန်ထိခိုက်နာကျင်မှုတွေရဲ့ တစ်ဝက်လောက်ဟာ အရက်သောက်ခြင်းကြောင့် ဖြစ်ရတာပါ။ မီးလောင်ခြင်း၊ ရေနစ်ခြင်းနဲ့ လူသတ်မှုတွေကြောင့် သေဆုံးမှု တစ်ဝက်လောက်ဟာလည်း အရက်သောက်ခြင်းကြောင့်ပါပဲ။ အမြင့်ကနေပြုတ်ကျခြင်း၊ ယာဉ်မတော်တဆမှုတွေနဲ့ မိမိကိုယ်ကို သတ်သေခြင်းတွေလည်း အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အရက်ကို ဖြည်းဖြည်းချင်း လျှော့ချသောက်သုံးခြင်းဟာ ဒီလိုထိခိုက်မှုတွေနဲ့ အနာတရဖြစ်ခြင်းတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ (၂)    နှလုံး ကျန်းမာလာမယ် ဝိုင်အနီနဲ့ အရက်အနည်းငယ်သောက်သုံးခြင်းဟာ သင့်နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင် ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းငယ်နဲ့ တစ်ခါတစ်ရံ သောက်သုံးသူတွေအတွက်ကိုပဲ ဆိုလိုပါတယ်။ လွန်လွန်ကျွံကျွံသောက်သုံးမှုမျိုးကို မဆိုလိုပါဘူး။ အရက်ဖြတ်လိုက်ခြင်းအားဖြင့် သွေးပေါင်ချိန်မှန်လာမယ်၊ မကောင်းတဲ့အဆီ (TG) တွေကျလာမယ်၊ နှလုံးရောဂါဖြစ်ပွားမှုတွေ လျော့ကျလာမှာပါ။ (၃)    အသည်း ပြန်လည် ကောင်းမွန်လာမယ် လူ့ခန္ဓာကိုယ်မှာ အသည်းဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့နေရာပါ။ အရက်ဟာ အသည်းဆဲလ်တွေကို အဆိပ်ဖြစ်စေပါတယ်။ အရက်အလွန်အကျွံသောက်သုံးရင်တော့ ကြာလာတဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Prebiotic နဲ့ Probiotic ဘာကွာလဲ

သားသမီး ဆိုတာ ရတနာလေးတွေလို့ ပြောရင် မေမေတို့ အပြည့်အဝထောက်ခံကြမှာပဲ။ မိဘတွေဆိုတာ ကိုယ့်ကလေးတွေ ကျန်းမာနေမှ၊ သူများနဲ့ယှဉ်ရင် အားပြည့် ဖွံ့ဖြိုးနေမှ၊ ထွားနေမှ ၊ ဉာဏ်ကောင်း ထက်မြက်နေမှာ ပျော်ရွှင်နိုင်တာမလား။ ဒီကလေးတွေရဲ့ အနာဂတ်သာလျှင် ကိုယ့်ရဲ့ဘဝကြီး၊ ကိုယ့်ရဲ့ကမ္ဘာကြီး ပေါ့လေ။ ကလေးတွေကို ဒီလိုပြည့်စုံစေဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရမျိုးစုံကို ရရှိနိုင်မှ ဖြစ်မှာကိုလည်း သိထားပြီးသား မဟုတ်လား။ ဒါပေမယ့် အဲဒီအာဟာရတွေကို မေမေတို့ ဘယ်လောက်ကျွေးကျွေး ကလေးရဲ့အစာခြေစနစ်(အစာအိမ်နဲ့အူလမ်းကြောင်း)က မကျန်းမာရင် ဘယ်လိုမှ မစုပ်ယူနိုင်၊ အသုံးမချနိုင်ပါဘူးနော်။ အစာခြေစနစ်အတွက် အရေးကြီးတဲ့ Prebiotic နဲ့ Probiotic Prebiotic ဆိုတာ စားချလိုက်တဲ့အခါ ချေဖျက်လို့မရတဲ့ အမျှင်ဓာတ်တစ်မျိုး ဖြစ်ပြီး အကျိုးပြုဘက်တီးရီးယား တွေကို အားဖြည့်ပေးတဲ့အတွက် အစာခြေစနစ် ကျန်းမာရေး အတွက် တကယ်ကို ကောင်းပါတယ်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း