အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ

အစားစားပြီးချိန်မှာ အခုပြောမယ့် အပြုအမူတွေကို အလေ့အကျင့် တစ်ခုလို လုပ်မိနေလား၊ ဒါဆိုရင်တော့ အခုပဲ ပြင်လိုက်ပါလို့ ပြောပါရစေနော်။ အကြောင်းကတော့ အမှတ်တမဲ့ လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။ အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ အစားစားပြီးရင် ဒီအလေ့အထတွေကို လုပ်မိနေလား............... ဒါဆိုရင်တော့ ပြင်ဆင်ဖို့ လိုနေပါပြီ။ အိပ်တာ အားလပ်ရက် နေ့လယ်နေ့ခင်းတွေမှာ ထမင်းစားပြီးတာနဲ့ တစ်ရေးလောက်ဆိုပြီး အိပ်မိနေတယ်ဆိုရင် မအိပ်ပါနဲ့။ ညဘက်တွေမှာလည်း ညစာကိုနောက်ကျမှစားပြီး အိပ်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက အစာခြေစနစ်ကို ဝန်ပိစေပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ဒီလို အိပ်လိုက်တဲ့အခါ အစာခြေအက်ဆစ်တွေက အစာအိမ်ထဲကနေတဆင့် အစာပြွန်ထဲကို ရောက်ရှိလာပြီး ရင်ပူတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါ။ ဆေးလိပ်သောက်တာ အစားတစ်ခုခု စားပြီးရင် ခံတွင်းချဉ်လို့ ဆိုပြီး ဆေးလိပ်လေး တစ်လိပ်လောက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းဆိုတာ ဘာလဲ။ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းဆိုတာ lymph nodes လို့ခေါ်တဲ့ ပြန်ရည်အိတ် သို့ ပြန်ရည်ကျိတ်လေးတွေထဲကို ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။ ပြန်ရည်ကျိတ်ရောင်တာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ တစ်နေရာတည်းက ပြန်ရည်ကျိတ်များရောင်ခြင်း ။ ။ ဒါကတော့ အဖြစ်များဆုံးပုံစံဖြစ်ပါတယ်။ ဒီလိုမျိုးတစ်နေရာတည်းရောင်ရမ်းခြင်းမျိုးမှာ ရောဂါပိုးဝင်တဲ့နေရာတစ်ဝိုက်က ပြန်ရည်ကြောအကျိတ်တစ်ခု သို့ နှစ်ခုလောက်ရောင်တာဖြစ်ပါတယ်။ ဥပမာ အာသီးရောင်တာမျိုးဆိုရင် လည်ပင်းနားက အကျိတ်တစ်ချို့ ရောင်တာမျိုးဖြစ်ပါတယ်။ နေရာစုံက ပြန်ရည်ကျိတ်များရောင်ခြင်း ။ ။ ဒီလိုပုံစံကတော့ ပြန်ရည်ကျိတ်အုပ်စုတစ်ခု သို့ တစ်ခုထက်ပိုတဲ့ ပြန်ရည်ကျိတ်အုပ်စုတွေ ရောင်ရမ်းတာမျိုးဖြစ်ပြီး သွေးလည်ပတ်မှုကနေ ရောဂါပြန့်နှံ့တာမျိုး သို့မဟုတ် ခန္ဓါကိုယ်တစ်ခုလုံးကို သက်ရောက်စေတဲ့အခြားရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ပြန်ရည်ကျိတ်ရောင်ခြင်းက ဘယ်လောက်ထိအဖြစ်များလဲ။ ဒါဟာ ဖြစ်လေ့ြ့ဖစ်ထရှိတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ရောဂါလက္ခဏာများပြန်ရည်ကျိတ်ရောင်ရမ်းခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပြန်ရည်ကျိတ်အပေါ်ကအရေပြား […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်သည့် monoclonal gammopathy ရောဂါ (MGUS)

အဓိပ္ပါယ်ဖွင့်ဆိုချက်နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဆိုတာ ဘာလဲ။ သွေးထဲမှာ M ပရိုတင်း သို့မဟုတ် monoclonal ပရိုတင်းလို့ခေါ်တဲ့ မူမမှန်အသားဓါတ်တစ်မျိုး ရှိနေခြင်းကို နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ရောဂါလို့ ခေါ်ပါတယ်။ ၎င်း M ပရိုတင်းကို ရိုးတွင်းခြင်ဆီထဲက သွေးဖြူဥဆဲလ် (သွေးရည်ကြည်ဆဲလ်) တွေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ များသောအားဖြင့် MGUS က ဘာပြဿနာမှ ပေးလေ့မရှိပေမယ့် တခါတရံမှာတော့ နှစ်နဲ့ချီကြာလာရင် သွေးကင်ဆာအပါအဝင် အခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် MGUS ရှိသူတွေအနေနဲ့ နောက်ဆက်တွဲပြဿနာဖြစ်လာရင် စောစောကုသမှု ခံယူနိုင်အောင် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ ရောဂါအခြေအနေ ပိုဆိုးမလာရင်တော့ ကုသမှုခံယူစရာ မလိုပါဘူး။ နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစားအသောက်တွေထဲမှာပါတဲ့ သကြားဓာတ်ကို ဘယ်လိုစစ်ဆေးမလဲ

မိဘ‌တွေ တော်တော်များများ လုပ်မိနိုင်တဲ့ အမှားတစ်ခု ရှိနေပါတယ်။ ဒါကတော့ ကလေးကို စကားတစ်ခုခုနားထောင်တိုင်း ကလေးကြိုက်တဲ့ သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်လိုမျိုး အချိုစာတွေကို ဆုချတတ်ကြတာပါ။ တကယ်ကတော့ ကလေးကို ဒီလို အချိုစာတွေ ဆုချမှုက ကလေးကိုဘေးဖြစ်စေအောင်ကိုယ်တိုင်လုပ်မိနေတာပါ။ ဒီလိုပြောရတဲ့အကြောင်းက သကြားက အရမ်းများလေလေ ကလေးကို ထိခိုက်နိုင်ခြေက များလာလေလေဖြစ်တာကြောင့်ပါ။ ဒါဆို အစားအသောက်တွေထဲမှာပါတဲ့ သကြားဓာတ်ကို ဘယ်လိုစစ်ဆေးမလဲ ဆိုပြီး စဉ်းစားနေတာလား။ သကြားစားတိုင်းကောင်းရဲ့လား............ သကြားက စားတိုင်းမကောင်းတာက အရွယ်သုံးပါးစလုံးမှာပါ။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတွေမှာတော့ ထိခိုက်နိုင်ခြေက ပိုများတာပေါ့။ သကြားကိုအများကြီးစားမိတဲ့အခါ ကလေးမှာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ထိခိုက်မှုတွေအနေနဲ့ကတော့ ကလေးက သကြားကိုစွဲလမ်းမှုခံစားရမယ် အဝလွန်မယ် အာဟာရချို့တဲ့မယ် သွားပိုးစားမယ် ဆီးချိုရောဂါခံစားရမယ် ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်မယ် ပုံမှန်ထက် တက်ကြွလွန်နေမယ် သွေးတိုးရောဂါခံစားရမယ် နှလုံးရောဂါခံစားရမယ် စတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း