မြန်မာနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကကမ္ဘာ့ကပ်ရောဂါ အဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ COVID_19 ဖြစ်ပွားနေတာ တစ်လကျော်လာခဲ့ပါပြီ။ အခုထိ ကာကွယ်ဆေး ရေရေရာရာ မရှိသေးသလို ကုသနည်း တိတိကျကျလည်း မပေါ်ထွက်သေးပါဘူး။ အခုထိ လက်ခံထားတာက ဒီ ကိုဗစ်ကို အကောင်းဆုံး တိုက်ခိုက်နိုင်မယ့် တစ်ခုတည်းသောအရာက လူတွေကို သဘာဝတရားက လက်ဆောင်ပေးထားတဲ့ ကိုယ်ခံအား ဆိုတာပါ။