အရက်ကို စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။
ထွက်မှာ သေချာပြီလား။
အရက်ကို စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။
စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း ပါဝင်နေသလို စိတ်ခံစားမှု တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် သောက်ပြီးစမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။
စွမ်းအားဖြည့် အချိုရည်ဆိုတာက သောက်စရာ တစ်မျိုးပါ။ ကဖင်း ပမာဏ များစွာ ပါဝင်နေသလို taurine၊ guarana၊ သကြားနဲ့ ဗီတာမင် B တို့ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
စွမ်းအားဖြည့်အချိုရည်တွေမှာ ကဖင်းပမာဏက ၄၀ mg ကနေ ၂၄၀ mg အထိ ပါဝင်နေပါတယ်။ ဒါကြောင့် သောက်ပြီး အချိန် အနည်းငယ်အကြာမှ တက်ကြွလန်းဆန်းတယ်လို့ ခံစားရပြီး ရေရှည်မှာ နှလုံးခုန်မမှန်တာ၊ စိတ်ဖိစီးတာ၊ အလွန်အမင်း စိတ်ရှုပ်ထွေးတာ၊ သွေးတိုးတာ၊ သွေးပျစ်တာတွေကို ခံစားရနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ စွမ်းအားဖြည့် အချိုရည်တွေ သောက်သုံးတာက ရုတ်တရက် နှလုံးရပ်တာကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့ လို့ ပြောရတာက ဒီအချက်တွေကြောင့်ပါ။
ဒါတွေအပြင် အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောသောက်မိတဲ့အခါ
အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေရောသောက်တာက အရသာ ကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တာကြောင့် မသောက်တာက အကောင်းဆုံးပါ။ ခန္ဓာကိုယ်မှာ ကဖင်းဓာတ် လွန်ကဲရင်ကို ထိခိုက်မှုက ပြင်းထန်တာကြောင့် အယ်လ်ကိုဟောနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ထိခိုက်မှုက ပြင်းထန်နိုင်တာကြောင့် သတိထားဖို့ လိုပါမယ်။ အယ်လ်ကိုဟောကို စွမ်းအားဖြည့် အချိုရည်တင် မဟုတ်ပါဘူး။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့လည်း ရောမသောက်သင့်ပါဘူး။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Alcohol and Caffeine https://www.cdc.gov/alcohol/fact-sheets/caffeine-and-alcohol.htm#:~:text=When%20alcohol%20is%20mixed%20with,risk%20of%20alcohol%2Dattributable%20harms. Accessed Date 30 March 2022
The Dangers Of Mixing Alcohol and Energy Drinks https://vertavahealth.com/blog/mixing-alcohol-energy-drinks/ Accessed Date 30 March 2022
Why You Shouldn’t Mix Energy Drinks and Alcohol https://health.clevelandclinic.org/energy-drinks-and-alcohol-a-bad-combination/ Accessed Date 30 March 2022