အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Liraglutide ကို သုံးပြီး ဝိတ်ချလို့ရ မရ

လတ်တလောမှာ ဝိတ်ချဖို့ ထိုးဆေးရှိပြီဆိုပြီး ခေတ်စားနေတဲ့အတွက် ဒီလိုဆေးမျိုး တကယ်ရှိသလား။ ဒါဆို ဝိတ်ကျဖို့ အစားတွေလျှော့၊ လေ့ကျင့်ခန်းတွေ မလုပ်ဘဲ ချလို့ရတော့မှာလားဆိုပြီး သိချင်လာကြပါတယ်။ ဒီလိုမျိုး ဆေးထိုးပြီး ဝိတ်ချလို့ရတယ်ဆိုပြီး နာမည်ကြီးလာတာကတော့ Liraglutide ဆိုတာပဲ ဖြစ်ပါတယ်။ Liraglutide ဆိုတာ Liraglutide ဆိုတာက ဆေးနာမည်ဖြစ်ပြီး သူ့မှာ နာမည်ကြီး brand name Saxendaနဲ့ Victozaဆိုပြီး ရှိပါတယ်။ အရေပြားအောက် အဆီပြင်ထဲကို ထိုးရတဲ့ ထိုးဆေးအမျိုးအစား ဖြစ်ပါတယ်။ Victozaကတော့ မြန်မာနိုင်ငံမှာ အမျိုးအစား ၂ဆီးချိုသမားတွေအတွက် ဆရာဝန်တွေက လိုအပ်ရင် ညွှန်လေ့ရှိပါတယ်။ သူ့ကို ဝိတ်ကျစေဖို့သက်သက်တော့ မသုံးကြပါဘူး။ Saxendaကတော့ သူများနိုင်ငံမှာ ဝိတ်ချတဲ့နေရာမှာ သုံးဖို့ FDA ခွင့်ပြုချက်ရထားပါတယ်။ မြန်မာနိုင်ငံမှာတော့ တရားဝင်တင်သွင်းခွင့် ရှိမရှိ၊ FDA ခွင့်ပြုချက် ရမရ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

နေ့စဉ်နဲ့ အမျှ ဆူညံသံတွေကြားမှာ လှုပ်ရှားသွားလာနေရတာက တကယ်တော့ စိတ်ပင်ပန်းစေပါတယ်။ အထူးသဖြင့် လူနေထူထပ်တဲ့ မြို့ပြတွေမှာပေါ့။ ကားသံတွေ၊ လူသံတွေနဲ့ တစ်နေ့ တစ်နေ့ ဖိစီးလို့ နေပါတယ်။ ဆူညံသံတွေကို နေ့စဉ်ကြားနေရလို့သာ ယဉ်ပါးသလို ဖြစ်နေပေမယ့် တကယ်တော့ ဆူညံသံတွေက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ယနေ့ခေတ်လူသားတွေက တိတ်ဆိတ်ခြင်း ကို ရှာဖွေလာကြပါပြီ။ ဆူညံသံတွေကို နောက်ပိုင်းမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုရယ်လို့တောင် ယူဆလာကြပြီး Noise pollution လို့တောင် သတ်မှတ်လာကြပါပြီ။ ဆူညံသံတွေက ရေရှည်မှာ စိတ်ရော ကိုယ်ပါ ပင်ပန်းစေတာကြောင့် ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တာကလည်း ကိုယ့်ကိုယ်ကို အနားပေးရာ ရောက်ပါတယ်။ တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆူညံနေတဲ့ ပတ်ဝန်းကျင်ကနေ ခဏလောက်ခွာပြီး တိတ်တိတ်ဆိတ်နေလိုက်တာက အောက်ပါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

အသားလှအောင်၊ အသားအရေ တင်းရင်းအောင်၊ အရေးအကြောင်း ကင်းအောင်၊ အသားအရေလေး glow အောင်၊ ကြွက်သားတက်အောင်၊ အရိုးအဆစ်နဲ့ အရွတ်တွေ ကျန်းမာအောင်ဆိုပြီး အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် သောက်နေကြတဲ့ ကော်လာဂျင် က ကောင်းကျိုးတွေပဲ ရှိတာလား။ ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား လို့ သိချင်နေတဲ့သူတွေများ ရှိလား ...... ဒါဆိုရင်တော့ သိချင်နေတဲ့ အဖြေလေးကို သိရဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။ ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား...... ကော်လာဂျင်က ကောင်းကျိုးတွေ များတယ်ဆိုပေမယ့် အခုလို ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်ပါတယ်။ လေပွစေနိုင်တယ် အချို့သောသူတွေမှာ ကော်လာဂျင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခေါင်းခဏခဏ ကိုက်တတ်တာ ဘာကြောင့်လဲ

ခေါင်းကိုက်တာက သာမန် အချိန်မှာ ပြောတော့သာ ခပ်ပေါ့ပေါ့နော်။ ခေါင်းတကယ် ကိုက်နေချိန်မှာ ခေါင်းကိုက် တယ်လို့ ပြောရတာက အတော်လေး ခံစားရခက်တဲ့ ကိစ္စပါ။ ခေါင်းကိုက်တာက နေ့စဉ် ဘဝမှာ အချိန်မရွေး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ ဒါပေမယ့် နေ့တိုင်း ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ တကယ်လို့ ခေါင်းကိုက်တာကို နေ့စဉ် လိုလို ခံစားနေရပြီဆိုရင် တစ်ခုခု မှားယွင်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာကြောင့် ခေါင်းခဏခဏ ကိုက်ရတာလဲဆိုတာကို အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ ခေါင်းကိုက်တယ် ဆိုတာ ခေါင်းကိုက်တယ်ဆိုတာက ခေါင်းထဲမှာနေရတာ သက်သောင့်သက်သာမရှိတဲ့အနေအထားမျိုးပါ။ ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့ အခြေအနေ တစ်ရပ်ပေါ့။ ခေါင်းတဝိုက်က ကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ လှုပ်ရှားလွန်းတာကြောင့် ဖြစ်နိုင်သလို ခေါင်းထဲမှာရှိတဲ့ နာကျင်မှုကိုအာရုံခံတဲ့ အစိတ်အပိုင်းတွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကိုက်အခဲပျောက်ဆေး အကြောင်း တစေ့တစောင်း

နေ့စဉ်နဲ့အမျှ ကြုံတွေ့ရနိုင်တာကတော့ ကိုက်ခဲနာကျင်မှုတွေပါ။ ကိုက်ခဲနာကျင်မှုတွေက သက်သောင့်သက်သာမဖြစ်ဘဲ နေ့စဉ်အလုပ်တွေကို ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ မြန်မြန်သက်သာလေ ကောင်းလေလေပါပဲ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး တွေကို ကြည့်လိုက်ရင် အများကြီး ရှိနေတာပါ။ အကိုက်အခဲပျောက်ဆေး အမျိုးအစားများ အကိုက်အခဲပျောက်ဆေးတွေကို အဓိက ၂မျိုး ခွဲထားပါတယ်။ အလွယ်ပြောရရင် ဘိန်းပါတာနဲ့ မပါတာပါ။ Opioidနဲ့ Non-opioid analgesicsဆိုပြီး ခေါ်ကြပါတယ်။ ဘိန်းမပါတဲ့ အကိုက်အခဲပျောက်ဆေးတွေမှာမှ ၂မျိုးထပ်ခွဲထားပါတယ်။ ပါရာစီတမောရယ် NSAIDsလို့ ခေါ်တဲ့ nonsteroidal anti-inflammatory drugs (ဥပမာ- အက်စပရင်၊ ibuprofen, diclofenac, celecoxib) တို့ပါ။ သူကကျတော့ အရောင်ပါ ကျစေပါတယ်။ ၂မျိုးလုံးကတော့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ WHO ရဲ့ နာကျင်မှု ကုထုံးအရ သာမန်နာကျင်မှုတွေကနေ ပြင်းထန်ကိုက်ခဲမှုတွေအထိ သုံးလို့ရပါတယ်။ နောက်တစ်မျိုးက ဘိန်းကို အခြေခံပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်မှာ ကော်လာဂျင်နည်း နေတာလား

ကော်လာဂျင် ဆိုတဲ့ စကားလုံးတွေက အခုနောက်ပိုင်း လူအတော်များများ အထူးသဖြင့် လေဒီလေးတွေနဲ့ ပိုပြီး ရင်းနှီးလာတဲ့ စကားလုံးလေးပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်က ဘယ်လို အခန်းကဏ္ဍတွေကို လုပ်ဆောင်ပေးနေလဲဆိုတာနဲ့ ကော်လာဂျင်နည်း ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊အရိုး၊ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။ ကော်လာဂျင်က ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်နေတာလဲ ..... ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပိန်လွန်း ရင် ဒီကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ဆိုတာမျိုးက တက်လွန်းလည်း မကောင်း၊ ကျလွန်းလည်း မကောင်းပါဘူး။ အစွန်းနှစ်ဖက် လွတ်ပြီး မိမိခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိတာကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အများစုက ဝတာမကောင်းဘူး။ ပိန်တာကောင်းတယ်ဆိုပေမယ့် ပိန်လွန်း ရင်လည်း ဒီလိုကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ပိန်လွန်း တယ်ဆိုတာ ဝတယ် ပိန်တယ်ဆိုတာကို အတိအကျတိုင်းနိုင်တဲ့ ကိရိယာရယ်လို့ မရှိပါဘူး။ ခုခေတ်မှာတော့ BMI လို့ခေါ်တဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်တဲ့ ပုံသေနည်းတစ်ခုရှိပေမယ့် ဒါကလည်း အတိအကျမှန်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြမ်းဖျင်း ပိန်သလား၊ အဝလွန်နေသလားဆိုတာကိုတော့ ပြောနိုင်ပါတယ်။ BMI တွက်ကြည့်လိုက်လို့ ၁၈.၅အောက်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတယ်လို့ ပြောနိုင်ပါတယ်။ လူပုံစံကလည်း ပါးပါးလျပ်လျပ်နဲ့ အရိုးပေါ်အရေတင်လေး ဖြစ်နေတယ်ဆိုရင်တော့ ပိုသေချာတာပေါ့။ ဘာကြောင့် ပိန်လွန်း ရတာလဲ။ ပိန်တာကလည်း ဝတာလိုပဲ အကြောင်းရင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗီတာမင် Sea

ခေါင်းစဉ်ကို ကြည့်ပြီး ဗီတာမင်ဆို ဗီတာမင် A၊ C၊ E တို့လိုမျိုးပဲ ကြားမိပါတယ်။ ဗီတာမင် Sea ရယ်လို့ မကြားမိပါဘူးဆိုပြီး ထူးဆန်းနေပြီလား။ ဒါဆိုရင်တော့ ဗီတာမင် Sea ဆိုတာက ဘာလဲဆိုတာကနေစလို့ ပြောပြမယ်နော်။ ဘာလဲ ဗီတာမင် Sea ........ ဗီတာမင် Sea ဆိုတာက ပင်လယ်ပြင်ကြီးကြောင့် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို တင်စားထားတာပါ။ ပင်လယ်ရေထံ ဆော့ရင်း၊ ရေကူးရင်းကနေ ရရှိမယ့် ကျန်းမာရေးကောင်းကျိုးတွေကို ဆိုလိုတာပါ။ ပင်လယ်ရေဆိုရင် ငန်နေတာပဲ။ အသားတွေလည်း မည်းစေတယ်လို့ပဲ အများက မှတ်ယူထားကြတာပါ။ တကယ်ကတော့ ပင်လယ်ရေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကုသပေးနိုင်စွမ်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဘယ်လို ကုသပေးနိုင်စွမ်းတွေများ ပိုင်ဆိုင်ထားလဲဆိုတာကို သိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပင်လယ်ရေမှာ ဘာတွေပါ ....... ပင်လယ်ရေမှာ ဘာတွေပါလဲဆိုတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကြက်သွန်ခွံတွေကို သိမ်းထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါ။ ဒီလို ဟင်းအနှစ်ရဖို့၊ အညှီပျောက်ဖို့ဆိုပြီး ဟင်းချက်တဲ့အခါ ထည့်ချက်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းတွေကိုတင် အရသာတိုးစေတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို အတော်များများ သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေရဲ့ အတွင်းသားကတင် အသုံးဝင်တာ မဟုတ်ဘဲ။ အပြင်ခွံလေးတွေကပါ ဘယ်လို အသုံးတည့်လဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ကြက်သွန်ခွံတွေမှာ ဘာတွေပါ။ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ အပြင်ခွံတွေမှာ အခုလိုမျိုး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဗီတာမင် A ဗီတာမင် C ဗီတာမင် E ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖလေဗာနွိုက် quercetin တို့ ပါဝင်နေပါတယ်။ ကြက်သွန်နီခွံက အရောင်ကျစေနိုင်သလို။ ကြက်သွန်ဖြူခွံက ကိုယ်ခံအားကောင်းစေပြီး၊ အရေပြားကိုကျန်းမာစေပါတယ်။ ဒါတွေအပြင် ဘယ်လိုတွေ အသုံးတည့်လဲဆိုတာကို အတူတူ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင်

ထိုင်းမှိုင်း နေရင် အလုပ်တွေ လုပ်ရတာ ပုံမှန်ထက် ပိုကြာနေသလို အချို့သော အရာတွေကို အလွယ်တကူ နားမလည်တာမျိုး ခံစားရနိုင်ပါတယ်။ အိပ်ချင်နေတာ လိုလို ခေါင်းထဲ နောက်ကျိကျိ ဖြစ်နေတာ လိုလို တစ်ခုခု လိုနေသလို ဘာရယ်လို့ ရေရေရာရာ မသိရတဲ့ ခံစားရမှုကြီးက အတော်လေး နေရထိုင်ရ မသက်မသာ ဖြစ်စေတာပါ။ဒီလို ဖြစ်နေတဲ့အခါ ထိုင်းမှိုင်းမှုတွေကို အဝေးကို မောင်းထုတ်ချင်ပေမယ့် ဘယ်လို လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ထိုင်းမှိုင်းမှုတွေကို မောင်းထုတ်လိုက်ကြရအောင် လား။ ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင် လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ ထိုင်းမှိုင်းမှုကြီးကို ဒီနည်းလမ်းလေးတွေ သုံးပြီး မောင်းထုတ်လိုက်ရအောင်လား ........ ရေချိုး လိုက်ပါ ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားနေရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ရေချိုးလိုက်ပါ။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း